မြန်မာချစ်သူမိသားစု
Valentineday နေ့နီးလာပြီဆိုတော့ကြားရတဲ့သတင်းတွေကနားမခံသာချင်စရာ။တည်းခိုခန်းတွေလူပြည့်
တော့မယ်တဲ့။ မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့ တော့ ခေတ်မမီဘူးပဲပြောပြော ဒီလိုသတင်းကိုကြား
ရရင် တော်တော်လေးကို စိတ်ကသိကအောက်ဖြစ်မိပါတယ်။ ဒါကြောင့်ဒီပို့စ်လေးကိုပြန်တင်လိုက်တာပါ။
မသွားလာ မကျူးလွန်ထိုက်သော မိန်းမ နှစ်ဆယ် ရှိသည်။ အဲဒီထဲကမှ ရှစ်ဦးကိုဖော်ပြပါမည်။
၁။ မိခင်အုပ်ထိန်းသော မိန်းမ
၂။ ဖခင်အုပ်ထိန်းသော မိန်းမ
၃။ မိဘနှစ်ပါးလုံး အုပ်ထိန်းသော မိန်းမ
၎။ မောင်ကြီး မောင်ငယ် အုပ်ထိန်းသော မိန်းမ
၅။ အစ်မ ညီမ အုပ်ထိန်းသော မိန်းမ
၆။ ဆွေမျိုးသားချင်း အုပ်ထိန်းသောမိန်းမ
၇။ အမျိုးအနွယ် အုပ်ထိန်းသော မိန်းမ
၈။ တရားကျင့်ဖော် အုပ်ထိန်သောမိန်းမ
ဤရှစ်ယောက်သော မိန်းမတို့ကား အပျိုများသာဖြစ်သည်။
သူတို့၏ ကာမကို ပိုင်ဆိုင်သူမရှိ၊ စောင့်ရှောက်သူသာရှိသည်။ ထို့ကြောင့် ယောကျာ်းတစ်ပါးတို့နှင့် ကျူးလွန်
ပျော်ပါးလျှင် ထိုအမျိုးသမီး ရှစ်ယောက်တို့မှာ ကာမေသုမိစ္ဆာစာရမဖြစ်၊ ကျူးလွန်သော ယောကျာ်းမှာသာ ကာ
မေသုမိစ္ဆာစာရဖြစ်၏။ သို့သော် ထိုအပျိုမရှစ်ယောက်တို့သည် ငါတို့မှာ ကာမေသုမိစ္ဆာစာရ မဖြစ်ဟုဆိုပြီး အ
ညှာလွယ်ကြမည်ဆိုလျှင်လောကအလယ် အရှက်တကွဲ အကျိုးနည်းဖြစ်ပြီး လင်ကောင်းသားကောင်း ရတော့
မည်မဟုတ်ပေ။ အကြောင်းကားယောကျာ်းတို့၏ သဘာဝသည် အညှာလွယ်သောမိန်းမများကို တခြားယောကျာ်း
လည်း ဒီလိုပဲ လိုက်လျောနေမှာ ဟုယူဆပြီး အထင်အမြင်သေးကာ အပျော်သာကြံတတ်သောကြောင့်တည်း။
သမီးပျိုတို့အတွက်
တစ်သက်တာနီတိ လူတို့သည် သောက်ရေအိုးစင်ကရေကို သောက်ရုံသာသောက်ကြ၏။ ဘယ်တော့မှ
ခြေမဆေး။ခြေဆေးရေအိုးကရေကိုလည်း ခြေဆေးရုံသာ ဆေးကြ၏။ ဘယ်တော့မှ မသောက်ကြ။ ထို့
အတူ ယောကျာ်းအများစုတို့သည် ကိုယ်ကျင့်သီလနှင့် ပြည့်စုံ၍ဣနြေ္ဒရှိသော မိန်းကလေးကို ရာသက်
ပန် အတည်သာကြံ၏။ အပျော်မကြံ။အညာလွယ်၍ ကိုယ်ကျင့်သီ မရှိသော မိန်းမကို သာယာမှုရှာရုံ အ
ပျော်သာကြံ၍ ရာသက်ပန် အတည်မကြံကြပေ။
အထက်ပါစာတွေကို ထောက်ရှုပြီး ယနေ့ခေတ်လူငယ်တွေသတိထားစရာအချက်တွေကို ပြောပြချင်ပါ
တယ်။ယောကျာ်းလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် မိမိချစ်သူနဲ့ တရားဝင်လက်မထက်ခင် ကျူးလွန်
မိကြမယ်ဆိုရင်နှစ်ယောက်လုံးဒုက္ခရောက်နိုင်ပါတယ်။
မိန်းကလေးများအနေနဲ့ ကိုယ့်ချစ်သူနဲ့ မနက်ဖြန်လက်ထက်ပွဲဆိုရင် ဒီနေ့မှာတောင် အတူမနေသင့်
ပါဘူး။ဒီလိုပြောလို့ခေတ်နောက်ကျလိုက်တာ လို့တချို့ထင်ချင်ထင်မယ်။ ဒီကိစ္စဟာခေတ်မှီ တဲ့အလုပ်
မဟုတ်ပါဘူး။သေသေချာချာတွေးကြည့်ပါ။ ဘာကောင်းကျိုးမှမရှိလို့ ပြောနေရတာပါ။ ငါသူနဲ့မနက်ဖြန်
လက်ထက်မှာပဲ ဒီနေ့သူ့ဆန္ဒကို လိုက်လျောလိုက်မယ်လို့မတွေးပါနဲ့။ မနက်ဖြန်ဆိုတာ ဘာမှမသေချာ
သေးတဲ့အရာပါ။ ကိုယ့်ချစ်သူကကိုယ့်ကို သစ္စာရှိတယ် တာဝန်ယူမှာသေချာတယ်ဆိုရင်တောင် မနက်ဖြန်
လက်မထက်မီ သူသေသွားပါပြီတဲ့ဘယ်လိုလုပ်မလဲ။
ကိုယ့်ကိုလိမ်ထားတဲ့သူဆိုရင်လည်း ရုပ်ရှင်တွေထဲကလို မယားကြီးလိုက်လာပါပြီတဲ့ အလိုလိုနေရင်းမယားငယ်
လည်းဖြစ် ကာမေသုမိစ္ဆာစာရကံလည်းထိုက်ပြီး အပါယ်ဘုံပါသွားနေရပါမယ်။ ယောကျာ်းလေးတစ်ယောက်က
မိန်းကလေးတစ်ယောက်ကို လက်ထက်ခွင့်တောင်းတာဟာ အဲဒီမိန်းကလေးနဲ့တစ်ဘ၀အတူလက်တွဲသွားချင်
တာအပြင် မိန်းကလေးရဲ့ကာမကို အပိုင်ရချင်တာလည်းတ၀က်ပါ ပါတယ်။ ကဲစဉ်းစားကြည့်ရအောင်ကိုယ့်ချစ်
သူမို့လိုက်လျောထားတဲ့ မိန်းကလေးနဲ့ မိမိရဲ့ ဣနြေ္ဒကို ထိန်းသိမ်းပြီး ကာမကိုမလိုက်လျောတဲ့ မိန်းကလေး
ဘယ်မိန်းကလေးကို သူ့ချစ်သူက အမြန်လက်ထက်ချင်မလဲ…။
မင်္ဂလာဦးညဆိုတာရိုမက်တစ်ဆန်ပြီးရင်ခုန်စရာကောင်းပါတယ်။ မိမိချစ်သူရဲ့ ကာမကိုအမြန်ပိုင်ဆိုင်ချင်တာ
ယောက်ျားလေးတွေရဲ့ဆန္ဒပါ။ လက်မထက်ခင်ကတည်းက ရပြီးသားဆိုရင် မင်္ဂလာဦးညဆိုတာ ဘာမှရိုမက်
တစ်မဆန်တဲ့ ရင်ခုန်စရာမကောင်းတဲ့ညတစ်ညပဲဖြစ်သွားပါလိမ့်မယ်။ ကိုယ်လိုချင်တဲ့အရာ တစ်ဝက်ရနေမှ
တော့လိုချင်တဲ့စိတ်ဟာလည်း တစ်ဝက်လျော့နေမယ်ဆိုတာ အသိသာကြီးပါ။ ကိုယ်လိုချင်တိုင်း လိုက်လျော
နေတဲ့မိန်းကလေးကို လက်ထက်တာလက်မထက်တာ သူတို့အတွက်အရေးမကြီးတော့ပါဘူး။ အညှာလွယ်
တယ်ဆိုတာတန်ဖိုးရှိတဲ့မိန်းမတွေရဲ့ အလုပ်မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှ သူများကလည်းကိုယ့်
ကိုယ်တန်ဖိုးထားမှာပါ။
ယောကျာ်းလေးတွေရဲ့ သဘာဝ ချစ်သူဘ၀မှာ လိုချင်တာကိုတောင်းဆိုမှာပါ လိုက်လျောလို့ရတာရှိသလို
လိုက်လျောလို့မရတာလည်းရှိပါတယ်။ ခုခေတ်မှာ အတွဲတွေ ချစ်သူများနေ့လိုနေ့မျိုးတွေမှာ တည်းခိုခန်း
တွေမှာအပြည့်ပဲတဲ့။ မြန်မာလူမျိုး ဗုဒ္ဓဘာသာတိုင်းပြည်မှာ ဒါဟာ အင်မတန်ရှက်စရာကောင်းတဲ့သတင်းပါ။
စကားနည်းနည်းရိုင်းသွားရင်လည်းခွင့်လွှတ်ပါ။ ချစ်သူကတောင်းဆိုတိုင်းလိုက်လျောတဲ့ မိန်းကလေးများ
ကိုယ့်တန်ဖိုးဟာ ဘယ်လောက်ထိကျသွားသလဲစဉ်းစားကြည့်ပါ။ လုပ်စားနေတဲ့ ကြေးစားတွေကမှ ပိုက်
ဆံရပါဦးမယ်။ကိုယ်က အလကားပေးလိုက်ရတာပါ။ ဒါပေးမှအချစ်ခိုင်မြဲမယ်ဆိုတဲ့ ယောကျာ်းမျိုးဟာကိုယ့်
ကိုယ်တကယ်ချစ်တယ်လို့ထင်ပါလား။ ဒါပေးမှ သူ့ကိုချစ်တာယုံမယ် ဆိုရင် ဒါမပေးရင် အချစ်တော့ဘူး
မယုံဘူးဆိုတဲ့ အချစ်ဟာအချစ်စစ်လို့ထင်ပါသလား။ ပေးလိုက်ပါပြီတဲ့ အဲဒီလူနဲ့ယူဖြစ်ရင်တော့ တော်သေး
တာပေါ့။ မယူဖြစ်ရင်ဘယ်လိုလုပ်မှာလဲ ။ ဘာမှမဖြစ်သလိုပဲ ဘယ်သူသိတာမှတ်လို့နောက်တစ်ယောက်တွဲ
လိုက်မှာပေါ့လို့ စဉ်းစားချင်စဉ်းစားပါလိမ့်မယ်။ ဘယ်သူမှမသိပေမယ့် ကိုယ်သိပါတယ်။ ငါဟာ မစင်ကြယ်
တဲ့သူ ငါအပျိုမဟုတ်တော့ဘူးလို့ကိုယ့်ကိုယ်ကိုသိနေပါတယ်။ အဲဒါဟာ ဘုရားဟောထဲက ဘေးကြီးလေးပါး
ထဲမှာ ပါနေပါတယ်။ အတ္တာနုဝါဒဘေး=မိမိကိုယ်ကိုယ်စွပ်စွဲကဲ့ရဲ့ခြင်းပါ။ အဲဒီဘေးဖြစ်ပြီဆိုရင် ဒုဂ္ဂတိဘေးလို့
ခေါ်တဲ့ အပါယ်လေးပါးသို့ကျရောက်ရပါသတဲ့။
ယောကျာ်းလေးများကိုလည်းပြောချင်ပါတယ်။မိန်းကလေးကလိုက်လျောလို့နှစ်ဦးသဘောတူကြည်ဖြူတယ်
ဆိုပြီး ဘာအပြစ်မှမရှိဘူးလို့မထင်ပါနဲ့။အပေါ်မှာဖော်ပြထားတဲ့ မကျူးလွန်ထိုက်တဲ့မိန်းမရှစ်ယောက်ဟာအ
ပျိုတွေပါ။ မိမိချစ်သူလည်းအပါအ၀င်ပါ။ကာမေသုမိစ္ဆာစာရကံကိုဖောက်ပျက်နေပါတယ်။ မိန်းကလေးမှာ ဒီကံ
မထိုက်ပေမယ့်။ကိုယ့်မှာဒီကံထိုက်နေတယ်ဆိုတာသတိရပါ။ သူများမယားပြစ်မှားမှ ဒီကံထိုက်တယ်လို့အသိ
များတဲ့ ယောကျာ်းလေးများသတိထားစရာပါ။ကိုယ့်ချစ်သူကို တန်ဖိုးထားစေချင်ပါတယ်။
အနောက်နိုင်ငံတွေမှာလည်း ဒီလိုပဲ ဒါမှခေတ်မှီတာလို့ဆင်ခြေပေးကောင်းပေးပါလိမ့်မယ်။ သိထားဖို့က
အနောက်နိုင်ငံတွေဟာ ကာမေသုမိစ္ဆာစာရ ကံကို သိတဲ့သူအင်မတန်နဲပါတယ်။ ကာမေသုမိစ္ဆာစာရ ကံ
ဖောက်ပျက်ရင်ဘာဖြစ်မလဲ
၁။ လူမုန်းများမည်။
၂။ ရန်သူများမည်။
၃။ ပစ္စည်းလာဘ်လာဘ ရှားပါးမည်။
၎။ ဆင်းရဲမွဲတေမည်။
၅။ မိန်းမ မဟုတ် ယောက်ျားမဟုတ်ဖြစ်ရမည်။
၆။ လူဖြစ်လျှင် ယုတ်ညံ့သောအမျိုး၌ ဖြစ်ရသည်။
၇။ အရုပ်ဆိုး အကျည်းတန် ဖြစ်ရသည်။
၈။ အရှက်တကွဲ အကျိုးနည်း ဖြစ်ရသည်။
၉။ ယောကျာ်းလက္ခဏာ မိန်းမလက္ခဏာနှင့်မျက်စေ့၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ဟူသော
ဣနြေ္ဒခြောက်ပါးချို့ယွင်းတတ်သည်။
၁၀။ စိုးရိမ်သောကဖြစ်နေရတတ်သည်။
၁၁။ ချစ်သောသူနှင့် ကွေကွင်းရတတ်သည်။
ကာမေသုမိစ္ဆာစာရမှ ရှောင်ကြဉ်မည်ဆိုလျှင်ကား
- ချစ်သူပေါများမည်။
- ပစ္စည်းလေးပါး လာဘ်လာဘ ပေါများမည်။
- စည်းစိမ်ဥစ္စာ ချမ်းသာမည်။
- မြင့်မြတ်သော ယောက်ျားသာဖြစ်ရမည်။
- အမျိုးမြတ်သာ ဖြစ်ရမည်။
- ရုပ်ရည်ချောမောလှပမည်။
- လက္ခဏာ ဣနြေ္ဒ ပြည့်စုံရမည်။
- စိတ်အေးချမ်းသာစွာ နေရမည်။
- ချစ်သောသူနှင့် ပေါင်းသင်းရမည် ဟူသော ဆိုးကျိုးနှင့်ဆန့်ကျင်ဘက်ကောင်းကျိုးများကို ပြန်လည်ခံစားရမည်။
ခုခေတ်လူငယ်တွေဟာ sex နဲ့ပါတ်သက်ပြီး အင်မတန် စိတ်ဝင်စားကြတယ်။ လက်တည့်စမ်းချင်ကြတယ်။
နိုင်ငံခြားကားတွေကြည့်ပြီး အတုယူချင်နေကြတယ်။ ဒါပေမယ့် ကိုယ်နေထိုင်တဲ့ တိုင်းပြည် ကိုယ်ကိုးကွယ်
တဲ့ဘာသာဟာ ဘာလဲဆိုတာကို လည်းမမေ့သင့်ပါဘူး။ ရိုင်းရိုင်းပြောရရင် ဒီ လိင်စိတ်တွေ ဟာ တိရိစ္ဆာန်
စိတ်တွေပါ။ခုခေတ်ကရင်လည်း sexy dance , ၀တ်ရင်လည်း sexy ကျမှ၊ sexy sexy နဲ့ အကောင်းမှတ်
နေကြတယ်။
ဒီစိတ်တွေများလာတာဟာ လူတွေ တိရိစ္ဆာန်စိတ်တွေများနေတယ်ဆိုတာ ကိုဖော်ပြနေတာပါ။ ကြာရင်တိ
ရိစ္ဆာန်ထက်တောင် ပိုဆိုးသွားနိုင်ပါတယ်။ ခွေးတွေက တော်သလင်းလမှာပဲမြူးကြတာပါ။ ခုခေတ်လူငယ်
တွေ အချိန်ပြည့် ဒါတွေပဲစိတ်ဝင်စား နေရင်တော့ ကိုယ့်ဘ၀ဟာ လူစင်စစ်က ခွေးထက်နိမ့်တဲ့ဘ၀ရောက်
ရမှာပါ။ ရိုင်းသွားရင်ခွင့်လွှတ်ပါ။မြန်မာလူမျိုးတွေဟာ တစ်ခါတစ်လေ ရိုင်းရိုင်းပြောမှနားလည်ကြလို့ပါ။
ဒါကြောင့်ယောကျာ်းလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် မိမိရဲ့ သန့်စင်တဲ့ အပျို လူပျိုဘ၀ကို ထိန်းသိမ်းပြီး
နေထိုင်ကြပါလို့တိုက်တွန်းချင်ပါတယ်။အရမ်းကြိုက်တဲ့စာသားလေးတစ်ခုကိုလည်းညီမငယ်တွေအတွက်မှတ်
သားဖွယ်ရေးပေးလိုက်ပါတယ်။ယောကျာ်းလေးတွေကိုအိုင်တွေ့တိုင်းခြေဆေးတယ်လို့ပြောကြတယ်။တကယ်
တော့" သောက်ရေအိုးစင်ထဲကရေကို ဘယ်သူမှခြေမဆေးရဲပါဘူး။ကိုယ်ကအိုင်ဖြစ်နေရင်သာ ခြေဆေးခံရမှာ
ပါ။" ဒါကြောင့် ကိုယ့်ဘ၀ကိုယ် သောက်ရေအိုးစင်ထဲကရေဖြစ်ဖို့ ထိန်းထိန်းသိမ်းသိမ်းနေကြပါလို့ စေတနာနဲ့
သတိပေးလိုက်ပါတယ်။
Valentine Day နေ့မှာကိုယ့်ချစ်သူနဲ့အတူ ဖြူစင်တဲ့ချစ်ခြင်းတွေနဲ့ ပျော်ရွှင်ကြပါစေ။
စေတနာနဲ့ရေးတာမို့ အမှားပါသွားရင်လည်း ခွင့်လွှတ်ကြပါ။
မိုး
မှတ်ချက်လေး တစ်ခုဟာစာရေးသူအတွက် အားဆေးဖြစ်ပါတယ်
Comment by smilesmile on February 13, 2013 at 10:34am (y) thanks
Comment by myatmon on February 12, 2013 at 6:08pm 
Comment by Ko Ye on February 12, 2013 at 1:38pm တော်တော်ကို ကောင်းပါတယ် အထူးသဖြင်. မြန်မာ အမျိုးသမီးတွေ ဖတ်ဖြစ် ရင် ပိုကောင်းမှာပဲနော် ကျွန်တော် လဲ ကြိုက်ပါတယ်
Comment by မေဖြိုးအိ on February 12, 2013 at 1:25pm so thank
အရမ်းကောင်းပါတယ်။ 


Comment by အာကာ on February 12, 2013 at 1:07pm တော်တော်ကို ကောင်းပါတယ် အထူးသဖြင်. မြန်မာ အမျိုးသမီးတွေ ဖတ်ဖြစ် ရင် ပိုကောင်းမှာပဲနော် ကျွန်တော် လဲ ကြိုက်ပါတယ်
Comment by နေလင်းထွန်း on February 12, 2013 at 10:55am 




Comment by layeiwai2010@gmail.com on February 12, 2013 at 10:48am 
Comment by zawwinnaing on February 12, 2013 at 10:31am
Comment by နေမျိုးအောင် on February 11, 2013 at 8:44pm
Comment by နေမျိုးအောင် on February 11, 2013 at 8:44pm
© 2013 ရဲဂျာမှ မြန်မာချစ်သူမိသားစုကို တည်ထောင်ခဲ့ပါသည်
Powered by
You need to be a member of ♥ မြန်မာချစ်သူမိသားစု ♥ to add comments!
Join ♥ မြန်မာချစ်သူမိသားစု ♥