မြန်မာချစ်သူမိသားစု
ကောင်မလေးနဲ့ ကောင်လေးတစ်ယောက် စတင်တွေ့ဆုံခဲ့ကြတယ်..။
သူတို့နှစ်ယောက် ခင်မင်သွားပြီး မကြာမီမှာ ကောင်လေးက ကောင်မလေးကိုပြောတယ်။
"ကောင်မလေးရေ GF ဆိုတာ ဘာလဲသိလား" တဲ့..
ကောင်မလေးက ခဏကြောင်သွားတယ်... ပြီးတော့ .... "မသိဘူးလေ အဲတာဘာလဲ" လို့
ပြန်မေးလိုက်တယ်...ကောင်လေးက ပြုံးပြီးဖြေလိုက်တယ်...
"GF ဆိုတာ Good Friend" ပါတဲ့...။
နောက်ကြာတော့ သူတို့နှစ်ယောက်ချစ်သူဖြစ်သွားတယ်..။
အဲအခါမှာ ကောင်လေးက ကောင်မလေးကို ထပ်မေးတယ်..။
"GF ဆိုတာ ဘာလဲ ခုသိပြီလား" တဲ့..
ကောင်မလေးက နားမလည်ဟန်နဲ့ ခေါင်းခါပြတယ်..
ကောင်လေးက ကောင်မလေးကိုရင်ခွင်ထည့်ပြီး...
"GF ဆိုတာ Girlfriend" ပါတဲ့...။
အဲဒီနောက် လက်ထပ်ကာနီးမှာ ကောင်လေးက ထပ်မေးတယ်...
"GF ဆိုတာ သိပြီလား ချစ်သူ" တဲ့..
ကောင်မလေးက ရယ်ရယ်မောမောနဲ့ "Girlfriend" လေလို့ဖြေတယ်...
ကောင်လေးက ကောင်မလေးလက်ကို ကြင်ကြင်နာနာဆုပ်ကိုင်ရင်း ပြန်ပြောတယ်...
"မဟုတ်ဘူး GF ဆိုတာ ကိုယ့်အတွက်မင်းဟာ “Great Future" ပါတဲ့...။
အဲဒီလိုနဲ့ လက်ထပ်ပြီးလို့ ကလေးတွေရလာတော့..ယောင်္ကျားဖြစ်သူက မိန်းမကို မေးတယ်...
"မိန်းမရေ GF ဆိုတာ ဘာလဲကွယ်"
မိန်းမက "ဒီတခါ ဘာဖြစ်သွားပြီလဲ ယောင်္ကျားရေ" လို့ ပြန်မေးလိုက်တယ်..
ယောင်္ကျားက ကလေးလေးကို ချီရင်း မိန်းမပခုံးလေးကို ဖက်လို့
"GF ဆိုတာ Gleeful Family” ပါလို့ ဖြေလိုက်တယ်...။
အဲဒီနောက် သားသမီးတွေလည်း အိမ်ထောင်ကျ သူတို့နှစ်ယောက်လည်း အိုမင်းလာကြတာပေါ့....
အဲဒီအခါမှာ အဘိုးကြီးက အဘွားကြီးကို မေးတယ်..
"အဘွားကြီးရေ GF ဆိုတာ ဘာအဓိပ္ပာယ်လဲကွယ်" လို့မေးလိုက်တယ်...
အဘွားကြီးက အဘိုးကြီးပခုံးပေါ်မှီရင်း
"ပြောပါအုံး အဘိုးကြီးရယ်" လို့ အသံတိုးတိုးလေးနဲ့ ပြန်ပြောတယ်...
အဘိုးကြီးက အဘွားကြီး နဖူးလေးကို ကြင်ကြင်နာနာ နမ်းရင်း
"အဘွားကြီးက အဘိုးကြီးအတွက် “Girl Forever ပေါ့ကွယ်" လို့ ဖြေလိုက်ပါတော့တယ် ....

မှတ်ချက်လေး တစ်ခုဟာစာရေးသူအတွက် အားဆေးဖြစ်ပါတယ်
မိုက်တယ်ကွာ
Comment by kay thwe aye on September 25, 2012 at 4:29pm အဲ့လိုဆိုကောင်းမှာပဲနော်
Comment by khinthitthitoo on September 25, 2012 at 9:50am အင်း အဲဒီလိုမျိုး ချစ်သူတစ်ယောက်ရမယ်ဆိုရင် ဒီဘ၀သေပျော်ပါပြီ
Comment by အေးသီတာ on September 24, 2012 at 4:39pm အ၇မ်းကောင်းပါတယ်
Comment by warwarcho on September 24, 2012 at 1:43pm အရမ်းကောင်းပါတယ်.....

Comment by suai on September 23, 2012 at 4:45am I am so happy


Comment by မိုးလေး on September 18, 2012 at 5:15pm မိုက်တယ်
Comment by ပန်းသီး on September 16, 2012 at 6:24pm
Comment by nan mokhan on September 16, 2012 at 5:52pm THANKS
Comment by ထွဏ်းထွဏ်းထိုက် on September 16, 2012 at 5:47am ကျနော်လဲအဲလိုပြောဖို့ (GF)လေးရှာလိုက်အုံးမယ် .............p)
© 2013 ရဲဂျာမှ မြန်မာချစ်သူမိသားစုကို တည်ထောင်ခဲ့ပါသည်
Powered by
You need to be a member of ♥ မြန်မာချစ်သူမိသားစု ♥ to add comments!
Join ♥ မြန်မာချစ်သူမိသားစု ♥