♥ မြန်မာချစ်သူမိသားစု ♥

မြန်မာချစ်သူမိသားစု

ဥပဒေစိုးမိုးသော ငရဲပြည် (သို့မဟုတ်) ယမမင်း၏ ကယ်ဆယ်ရေး

by ဗုဒ္ဓဘာသာ / အတွေးအမြင် on Wednesday, August 22, 2012 at 7:09pm
 
 

စာမိတ်ဆက်

စာရေးသူက ဘာရယ်မဟုတ် ရောက်တက်ရာရာ အွန်လိုင်းကနေ တရားဟောလေ့ရှိတယ်၊ ဟောသူ တစ်၊ နာသူတစ်နဲ့

တရားပွဲက စည်စည်ကားကားပဲ။ တရားနာသူ တစ်ကလဲ ဘာဟောဟော နာမည့်သူ၊ တရားနာ အလွန်ဝါသနာပါသူ၊

တရားနာရရင် ပြီးတာပဲ ဘာတရားပဲ နာရနာရ၊ စာရေးသူလဲ အသံကွဲ အသံဗြဲနဲ့ဆိုတော့ ကိုယ့်အသံကို ကိုယ်ပြန်ကြား

ရမှာ ကြောက်လွန်း ရှက်လွန်းလို့ နားကျပ်နဲ့ ပိတ် ဟောရတာ။ ဘာပဲ ဖြစ်ဖြစ် သူ့ကို ဟောနေရလို့ပဲ စာပြန်ကြည့်ဖြစ်

သည်၊ အတွေးမျိုးမျိုးဝင်သည်။ ဒီနေ့တော့ ဒေ၀ဒူတသုတ်ကို ဟောခဲ့သည်။ ငယ်ငယ်ကထိုသုတ်ကို သာမန်မျှ နားလည်

ခဲ့သည်။ တကယ်တော့ အလွန်စိတ်ဝင်စားဖွယ်ကောင်းသည့် သုတ်တစ်သုတ်ဖြစ်သည်။ ထိုသုတ်ကို ဟောရင်းကနေ

အတွေးတစ်ခုဝင်လာတာက စာအဖြစ်ဖန်တီးလိုက်ရင် ကောင်းမှာပဲဆိုပြီး ရေးဖြစ်သွားတာ။

 

 

 

တကယ်တော့ ထိုသုတ္တန်က ငရဲပြည်ရှိ အမှုထမ်းတွေရဲ့ လုပ်ထုံးလုပ်နည်း၊ တရားစီရင်ရေး ဥပဒေ တစ်ခု ဖြစ်သည်၊

နိုင်ငံရေးစကားလုံးကို ငှါးသုံးရရင် ငရဲပြည်၏ ဥပဒေစိုးမိုးသည့် စနစ်တစ်ခုဖြစ်နေတာကို တွေးမိသည်။ ထို ငရဲပြည်၏

ဥပဒေဘက်တော်သားသည် သို့မဟုတ် တရားစီရင်ရေး အကြီးဆုံးသည် အများစု ကြားဖူးသည့် ယမမင်းဖြစ်သည်။

 

(အင်တာနက်မှ ဒေါင်းထားတဲ့ ငရဲခန်းပုံလေးပါ)

 

 

ယမမင်း King of Hell နှင့် စစ်ကြောရေး

ယမမင်းဆိုတာ ဝေမာနိကပြိတ္တာတစ်မျိုးပဲ တစ်ခါတရံ နတ်စည်းစိမ်ခံစားခွင့်ရှိတယ်၊ တခါတရံမှာတော့ သူ့အကုသိုလ်

ကို ခံစားရတယ်၊ သူ၏ အကုသိုလ်ကံသက်တမ်းရှိသရွေ့ ယမမင်း (ဝေမာနိကပြိတ္တာ) ဘ၀မှာ နေရမှာဖြစ်သည်။

ကုသိုလ်တစ်လှည့် အကုသိုလ်တစ်လှည့် ခံစားနေရတဲ့ ပြိတ္တာတစ်မျိုးက ငရဲပြည်ရဲ့ ခုံရုံး (စစ်ကြောရေး) မှာ ဥပဒေ

အရာရှိလာဖြစ်နေတယ်။ စစ်ကြောရေးရုံးက ၃ ဌာရှိသည်။ ထိုဌာန သုံးခုမှာ စစ်ကြောရေးမှူး ဥပဒေအရာရှိဖြစ်တဲ့

ယမမင်းက မေးမြန်း စစ်ဆေးသည်။ သူက တကယ်တော့ ကယ်တင်ရှင်လို့ ပြောလို့ရပါတယ်၊ ကုသိုလ်ကောင်းပြုစဉ်က

သူ့ကို သတိတရ အမှတ်ရပြီး အမျှဝေခဲ့တဲ့ သူတွေကို ကယ်တင်ပါတယ်။ ဒါ့ကြောင့် ကောင်းမှုပြုတိုင်း သူ့ကို အမျှဝေဖို့

မမေ့သင့်။ ဥပဒေဆိုတာ တကယ်အပြစ်ရှိသူကို အပြစ်ပေး၊ အပြစ်မရှိသူတွေကို အပြစ်ရှိသည်ဟု သံသယထဲကနေ

ကယ်တင်ပေးခြင်းပဲ ဖြစ်သည်ဟု ဆိုနိုင်သည်။ ဆိုလိုတာက ဥပဒေက အပြစ်မဲ့သူတွေကို အကာအကွယ်ပေးခြင်းဖြစ်

နေသည်ကို စစ်ကြောရေးသုံးဌာနမှ ဥပဒေအရာရှိ ယမမင်း၏ စစ်ဆေး ဆုံးဖြတ်ချက်က ထင်ရှားစေပါသည်။

 

 

 

တကယ်တော့ ထိုစစ်ကြောရေး ၃ ဌာနက သွားတွေကျိုးအောင် နဖူးကွဲ ဒူးတွေပြဲအောင် နည်းမျိုးစုံနဲ့ ညှင်းပန်းနိပ်စက်

ရိုက်နှိပ်ပြီး စစ်ဆေးတဲ့ နေရာမျိုးမဟုတ်၊ အကြောင်းအားလျော်စွာ ကံမကောင်းအကြောင်းမလှ ခြေချော် လက်ချော်ပြီး

ငရဲပြည်ကို ရောက်လာသူတွေကို ပြန်ကယ်တင်ရန် အခွင့်ရေးပေးသည့် ဌာနကြီးများ ဖြစ်သည်။ ကယ်တင်ရေး

စစ်ကြောရေးရုံးများလို့ ပြောရင် ပိုမှန်မည်။ အပြစ်မရှိသူတွေကို ကယ်တင်သည့် ဌာနဖြစ်သည်။ ကိုယ်ပြုခဲ့တဲ့ ကုသိုလ်

မှုံမှုံလေးကိုပင် သတိရအောင် နည်းမျိုးစုံ သုံးပြီး စစ်ဆေးတဲ့ ဌာနဖြစ်သည်။ မိမိကိုယ်တိုင် လုပ်ခဲ့သည့် ကောင်းတာ

လေးတွေကို ထောက်ပြသည့် ဌာဖြစ်သည်။ အပြစ်မရှိသည်ကို နည်းမျိုးစုံး အပြစ်ရှိလာအောင်၊ အပြစ်ရှိသူကိုတော့

နည်းမျိုးစုံနဲ့ အကာအကွယ်ပေးသည့် ဌာန မဟုတ်။

 

 

 

 

စစ်ကြောရေး ၃ ဌာန

ငရဲပြည်ကို ရောက်လာသူတွေဆိုတာ အမှန်တကယ်ပဲ အပြစ်ကျူးလွန်သူတွေပဲ ရောက်လာကြတာ ဖြစ်သည်။ ငရဲပြည်

ကို ရောက်လာသူကို ငရဲပြည် တံခါးစောင့် (နိရယပါလ)က လက်မောင်းဆွဲခေါ်လာပြီး ငရဲဥပဒေမှာ အာဏာအရှိဆုံး

ဖြစ်တဲ့ ယမမင်းထံ အပ်တယ်၊ ‘‘ အရှင်မင်းကြီး ဒီပုဂ္ဂိုလ်ကတော့ အမေကို စော်ကားသူ၊ အမေအတွက် ဘာမှ ကောင်း

ကျိုးမပေးတဲ့သူ၊ အဖေကို စော်ကားသူ အဖေ့အတွက် ကောင်းကျိုးမရှိတဲ့သူ၊ ကြီးသူကို လေးစားရကောင်းမှန်းမသိသူ၊

ရဟန်းစတဲ့ သူတော်စင်တွေကို စော်ကားသူဖြစ်တယ်၊ သူ့ကို အပြစ်ပေးပါ’’ ဟု ပြောပြီး အပ်နှင်းသည်။ ဥပဒေအရာရှိ

တဲ့ ဖြစ်တဲ့ ငရဲသနင်း ယမမင်းကြီးက အောက်ပါ စစ်ကြောရေးမှာ မေးခွန်းသုံခုနှင့်မေးသည်။ သူ့ရဲ့ မေးခွန်းလေးတွေက

ရိုးရိုးရှင်းရှင်းလေးတွေပဲ ဖြစ်သည်။

 

 

 

 

၁။ ပထမဆုံး စစ်ကြောရေးရုံး

အပြစ်ရှိသူဟု ယူဆရသော ပုဂ္ဂိုလ်တစ်ယောက်ကို တံခါးစောင့် (နိရယပါလ)က ဥပဒေအရာရှိ ယမမင်းထံ ခေါ်

ဆောင်လာသောအခါ- သင်လား အပြစ်ကျုးလွန်သူ? မောင့်ရင့်ကိုမေးမယ်၊ အသက် ၈၀၊ အသက် ၉၀၊ အသက် ၁၀၀၊

အသက် ၁၀၀ ကျော်ရှိ ဆံပင်တွေဖြူ သွားတွေကျိုး၊ နားတွေထိုင်း၊ အသားအရေတွေ တွန့်၊ မိမိခန္ဓာကိုယ်ကို မိမိ

မသယ်နိုင်တဲ့ အိုမင်းမစွမ်းဖြစ်နေတဲ့ သူတစ်ယောက်ကို တွေ့ဖူးလာ? အရှင်¡ တွေ့ဖူးတာပေါ့၊ ကျွန်ုပ်ပတ်ဝန်းကျင်မှာ

ခဏခဏ တွေ့ဖူးနေပါတယ်၊ အေး- ဒါဆို ကောင်းပြီ၊ အဲဒီလို သူအိုကြီးကို မြင်တော့ မင်းစိတ်ထဲမှာ ဘာတွေ တွေးမိ

လဲ? ဥပမာ- ငါလည်းပဲ နောင်တစ်ချိန် ဒီလို အိုမင်းမစွမ်း ဖြစ်ရမှာပါလားလို့ တွေးခဲ့မိပြီး အပြစ်ဖြစ်မည့် အရာများကို

ရှောင် သူတပါးကောင်းကျိုး မိမိကောင်းကျိုးဖြစ်တဲ့ ကောင်းမှုတွေ ပြုမည်လို့ စိတ်ကူးဖြစ်ခဲ့ဖူးလား? အရှင်မင်းကြီး-

ကျွန်ုပ် အဲဒီအတွေးမျိုး မရှိခဲ့ဖူးပါဘူး၊ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေခဲ့မိပါတယ်။

 

 

 

ပထမဆုံးမေးခွန်းမှာ ရာဇ၀တ်သား ရှူံးနိမ့်သွားပြီ။ အေးကွာ-ငါကတော့ မင်းကို ဒီငရဲပြည်ကို မလာစေချင်ဘူး၊ မင်းကို

ဒီကနေ လွတ်ရာလွတ်ကြောင်း ဖြစ်ပါစေတော့ဆိုပြီး ကောင်းတဲ့အမှုလေးတွေကို အမှတ်စေလို၍ ဒီမေးခွန်းလေးတွေ

ကို မေးတာပါ။ အေးကွာ မင်းထိုက်နဲ့ မင်းကံပဲ ခံပေတော့။ ဒါပေမဲ့ ဥပဒေအရာရှိက မလျှော့သေးဘူး။ နောက်ထက်

မေးခွန်းတစ်ခု မေးပြန်တယ်၊ ကြည့်စမ်း အပြစ်ရှိသူဟု ယူဆသူကို ဘယ်လောက် ကရုဏာထားလဲ၊ “ကြီးသော အမှု

ငယ်စေ၊ ငယ်သော အမှု ပပျောက်စေ”ဆိုတာ ဥပဒေစိုးမိုးသော ငရဲပြည်မှာပဲ ရှိနေသလောလား။ ကဲကွာ- ဒါဆိုရင်

နောက်တစ်ခု ထက်မေးမယ်။

 

 

 

 

 

၂။ ဒုတိယ စစ်ကြောရေးရုံး

မင်းပတ်ဝန်းကျင်မှာ ရောဂါတွေနဲ့ ဒုက္ခခံစားနေရသူ၊ ပျင်းထန်သော ဝေဒနာကြောင် မိမိရဲ့ မစင်တွေနဲ့ လိမ်းကြံပြီး

အိပ်ယာထဲ ဘုန်းဘုန်းလဲနေသူ၊ တပါးသူ အကူအညီနဲ့ တုန်တုန်ရီရီနဲ့ အိပ်ယာမှ ထနိုင်သူကို မင်း မြင်ဖူးလား?

အရှင်မင်းကြီး- မြင်ဖူးတာပေါ့၊ ဒီလို သူနာတွေ ကျွန်ုပ်ပတ်ဝန်းကျင်မှာ နေ့စဉ်နဲ့အမျှ တွေ့မြင်နေရပါတယ်။ အေးကွာ

ကောင်းပြီ။ ဒါဆို မင်း--အဲဒီလို ရောဂါ ပြင်းပြင်ထန်ထန် ခံစားနေရတဲ့သူကို မြင်တော့ “ငါလည်း နောင်တချိန် ဒီလို

ဖြစ်ရမှာပါလား၊ မေ့လျှော့နေလို့ မဖြစ်ဘူး၊ ကောင်းရာကောင်းကြောင်း အလုပ်ကလေးတွေကို လုပ်မှ ဖြစ်မယ်” လို

တွေးခဲ့ဖူးသလား? အရှင်မင်းကြီး၊ ကျွန်ုပ် ဒီလိုလဲ မတွေးခဲ့မိဘူး၊ မလုပ်ခဲ့မိဘူး။ ရာဇ၀တ်သား ဒုတိယအကြိမ် ရှုံးပြန်

ပြီ။ အေးကွာ ငါကတော့ မင်းကို ကယ်ချင်လွန်းလို့ ဒုတိယအကြိမ် မေးမြန်းခဲ့တာ။ မင်းက ပေါ့ပေါ့ဆဆနဲ့ ဘ၀ကို

ဖြတ်သမ်းခဲ့တာကိုးးး။ အေးလေးကွာ- မင်းလုပ်ခဲ့တဲ့ ကံ မင်းပဲ ခံပေတော့။

 

 


ဒီလို ငရဲပြည်မှာ ရောက်လာတယ်၊ ငရဲပြည်ကပေးတဲ့ အပြစ်တွေကို ခံရမည်ဆိုတာ မင်းကိုယ်တိုင်ပဲ လုပ်ခဲ့တာ၊ မင်း

မိဘတွေက လုပ်တာမဟုတ်၊ မင်းဆွေမျိုးတွေက လုပ်တာမဟုတ်၊ ဘယ်တန်ခိုးရှင်ကမှ လုပ်တာ မဟုတ်၊ မင်းအမှုနဲ့

မင်းခံပေတော့။ ဒါပေမဲ့ ဥပဒေအရာရှိ ယမမင်းက သနားနေပုံရတယ်။ အေးကွာ-ငါ မင်းကို နောက်ဆုံး မေးခွန်းတစ်ခု

ထက်မေးပါ့မယ်၊ ဒါဟာ မင်းအတွက် နောက်ဆုံး အခွင့်ရေးပဲ။

 

 

 

 

၂။ တတိယ စစ်ကြောရေးရုံး

မောင်မင်း--လောကမှာ သေပြီး တစ်ရက်လွန်၊ နှစ်ရက်လွန်၊ သုံးရက်လွန် ဖူးဖူးယောင်ပုတ် အလောင်းကောင်

(သူသေကောင်) ကို မြင်းဖူးသလား? မင်းကြီး-ကျွန်ုပ်ပတ်ဝန်းကျင်မှာ မြင်နေကျ ဖြစ်ပါတယ်၊ ကျွန်ုပ် မြင်ဖူးတာပေါ့။

အေး-ဒီလိုဆိုရင်-သူသေကောင်းကြီးကို မြင်ပြီးတော့ “ငါလည်း များမကြာမီမှာ ဒီလိုပဲ မြို့စွန် ရွာဖျား တောချုံမှာ စွန့်ပစ်ခံ

ရမည့်သူသေကောင်ဖြစ်ရမှာပါလား”လို့ တွေးပြီးကောင်းတာလုပ် ကောင်းတာပြောကောင်းတာ ကြံဖူးသလား? မင်းကြီး

ကျွန်ုပ် မေ့လျှော့နေခဲ့ပါတယ်။ ကိုယ့်ကိုယ်ကို သေရမည်ကို မေ့နေပြီး ကောင်မှုကံတွေ မပြုမိခဲ့။ အေးကွာ-ငါကတော့

မင်းကို ဒီဆင်းရဲတွင်းက လွတ်မြောက်ရေးအတွက် သုံးကြိမ်တိုင်တိုင် နည်းမျိုးစုံနဲ့ ကျိုးစားပေးခဲ့ပြီးပြီ၊ ငါ့တာဝန်

ငါကျေအောင် ထမ်းဆောင်ခဲ့ပြီးပြီ။ ကျန်တာ မင်းအပြစ်နဲ့ မင်းခံပေတော့။ ဒီလိုနဲ့ပဲ ရာဇ၀တ်သား ဘာကောင်းတာမှာ

မလုပ်မိခဲ့၊ မကောင်းတာတွေနဲ့ပဲ ပျော်မွေ့ခဲ့လို့ ငရဲမှာ ခံပေးဦးတော့။

 

 

 

ယမမင်းကြီး တရားသူကြီးက မေးမြန်းစစ်ဆေးအပြီးမှာတော့ တကယ် အပြစ်ရှိကြောင်း ထင်ရှားသည်၊ မည်သည့်

ကောင်းကံကိုမျှ မပြုလုပ်ခဲ့ မကောင်းကံတွေကို ပြုလုပ်ခဲ့သော ရာဇ၀တ်သားကို ငါးမျိုးသော ညှင်းပန်းနိပ်စက်မှုတို့ဖြင့်

အပြစ်ပေးရန် ဆုံးဖြတ်လိုက်သည်။ မီးပြင်းပြင်းတိုက်ထားသည့် သံချွန်ဖြင့် ရင်ဘက်၊ လက်နှစ်ဖက်၊ ခြေနှစ်ဖတ်ဟု

သော ငါးနေရာကို ထိုးဆွ ညှင်းပန်းခြင်းကို ခံရလေတော့သည်။

 

 

 

 

ယမမင်းလွတ်ပေးသူများ သို့မဟုတ် ငရဲပြည်မှ လွတ်လာသူများ

အကယ်၍သာ တရားသူကြီး ယမမင်းကြီးက စစ်ဆေးမေးမြန်းလို့ တစ်စုံတရာ ကုသိုလ်ကောင်းမှု (လူသားအကျိုးပြု)

တစ်ခုခုကို သတိရသွားလျှင် အေးကွာ-မင်းလဲ အပြစ်ရှိတဲ့သူတွေနဲ့ ရောနောပြီး ပါလာတာဆိုတော့ မင်းမှာလဲ ကောင်း

မှုကံလေးတွေ ပြုခဲ့တာဆိုတော့ မင်းကို ဒီငရဲပြည်ကနေ လွတ်လိုက်သည်။ “ကြီးသော အမှု ငယ်စေ၊ ငယ်သော အမှု

ပပျောက်စေ”ဆိုတဲ့ သဘောပင်ဖြစ်သည်။ သို့သော်လည်း မှတ်သားစရာတစ်ခုကတော့ တကယ်အပြစ်ကြီးကြီးမားမား

များစွာ ပြုခဲ့သူကိုတော့ ယမမင်းက မကယ်နိုင်ပါဘူး။ ငရဲပြည်ရဲ့ ဥပဒေအရကလဲ မစစ်ဆေးဘဲ ငရဲခန်းထဲ တိုက်ရိုက်

ပို့ပါတယ်။ မကောင်းမှု အနည်းငယ်ကိုသာ ပြုခဲ့တဲ့သူကိုပဲ ယမမင်း၏ ကယ်တင်ခွင့် စစ်ဆေးခွင့် ရရှိသည်၊ ထို့ကြောင့်

ကောင်းမှုများများပြုနိုင်စေ၊ မကောင်းမှုများ နဲနိုင်သမျှနဲစေ။

 

 

 

အပြစ်များစွာ ပြုခဲ့တဲ့သူကတော့ ခိုးထုပ်ခိုးထည် ပစ္စည်းနဲ့ လက်ပူးလက်ကျ မိခံရတဲ့ သူခိုးလိုဖြစ်သည်။ အဲလိုပုဂ္ဂိုလ်မျိုး

ကို စစ်ဆေးစရာမလိုဘဲ တိုက်ရိုက် ပုဒ်မတပ်ပြီး အပြစ်ပေးခြင်းဖြစ်သည်။ အကယ်၍ သံသယနဲ့ ဖမ်းခံရသူကတော့ စစ်

ဆေးရုံးသို့ ရောက်ရမည်။ ယမမမင်းလို ဥပဒေဘက်တော်သားနဲ့ တွေ့ရင် ထိုအပြစ်ကလွတ်မည်။ နို့မို့ဆို မလွယ်ကူ။

ငရဲပြည်မှာ လာဘ်မစား၊ လက်ဆောင်ပေးလို့မရ။ အပြစ်နဲ့ညီမျှသော ထပ်တူ ခံရသည်။ သို့သော်လည်း ယမမင်းကို

ပေးနိုင်သည့် အကောင်းဆုံး လက်ဆောင်ကတော့ ကောင်းမှုလုပ်ပြီး အမျှဝေးပေးရုံမျှသာ ဖြစ်သည်။

 

 

 

တခါက ၀န်ကြီးတစ်ယောက် ပန်းအိုးဖြင့် ဗုဒ္ဓမြတ်စွာ၏စေတီတော်ကြီးအား ပူဇော်ပြီး ယမမင်းကြီးအား သူ၏ကုသိုလ်

တွေကို အမျှဝေခဲ့ဖူးသည်။ ထိုဝန်ကြီး ငရဲပြည်ကို ရောက်လာပေမဲ့ တရားသူကြီးယမမင်းက ထိုစစ်ဆေးနည်းသုံးမျိုး

တို့ဖြင့် ထိုဝန်ကြီး၏ ကုသိုလ်ကို အမှတ်ရစေခဲ့သည်။ သင် စေတီတော်ကြီးအား ပန်းတို့ဖြင့်ပူဇော်ပြီး ငါ့ကို အမျှပေးဝေ

ခဲ့ဖူးတယ်မဟုတ်လားဟု မေး၍ သတိရစေခဲ့သည်။ အဲဒီလိုအားဖြင့် ထိုဝန်ကြီး ငရဲပြည် အစစ်ဆေးခံရုံသာ ခံခဲ့ရပြီး

နတ်ပြည်သို့ ရောက်သွားသည်။ ထို့ကြောင့် ယနေ့ခေတ် ဆရာတော်ကြီးများက ကုသိုလ်ကောင်းမှုပြုသူတွေအတွက်

ကောင်းမှုပါရမီများ ရေစက်သွန်းချ အမျှဝေပေးသည့်အခါ “လူတို့သနင်း အစိုးရမင်း၊ နတ်တို့သနင်း သကြားမင်း၊ ငရဲ

သနင်း ယမမင်း” ဟူ၍ ယမမင်းကြီးကို ထည့်၍ အမျှပေးဝေခဲ့သည်။ ယမမင်းကို အမျှဝေခဲ့လျှင် ငရဲပြည်ကို ရောက်

သွားခဲ့ရင်တော့ ယမမင်းကြီးက အဲဒီနည်းနဲ့ ပြန်ကျေးဇူးပြုသည်၊ လူတို့သနင်း အစိုးရမင်းကို အမျှပေးသူအတွက်

ထောင်ဒဏ် အချုပ်ဒဏ် လျှော့ရက်ကလေးများ ရကောင်းပါရဲ့။

 

 

 

တချို့က ပထမအကြိမ် စစ်ဆေးလိုက်တာနဲ့ ကိုယ်ပြုခဲ့တဲ့ ကောင်းမှုကို အမှတ်ရသည်၊ တချို့က ဒုတိယအကြိမ်မှ

သတိရသည်၊ တချို့ကတော့ နောက်ဆုံး တတိယအကြိမ်မှပဲ အမှတ်ရသည်။ တရားသူကြီးယမမင်း၏ အဆင့်သုံးဆင့်

စစ်ဆေးခန်းသည် ငရဲပြည် ရောက်လာသူတွေအတွက် အလွန်မျှတသော တရားစီရင်ခန်းဖြစ်သည်။ တချို့ကျပြန်တော့ ထိုသုံးမျိုးလုံးတို့ဖြင့် မစစ်ဆေးမီ ကိုယ့်ဘာသာ ကိုယ့်ရဲ့ ကောင်းမှုကို အမှတ်ရသွားသည်လည်းရှိသေးသည်။ တခါက

ဒီဃဇယန္တဒမိဠ ဆိုတဲ့ အမျိုးသားတစ်ယောက် ငရဲပြည်ရောက်လာပြီးမှ မိမိရဲ့ ကောင်းကံလေးတွေကို အမှတ်ရခဲ့လို့

နတ်ပြည် ရောက်ခဲ့ရသည်။ ဒမိဠသည် သုမဂိရိကျောင်းတော်ကြီးအတွင်းက အာကာသစေတီတော်ကြီး နီးမြန်းသော

အ၀တ်ဖြင့် ပူဇော်ခဲ့ဖူးသည်။ သူသည် ငရဲပြည် ရောက်လာသည့်အခါ ငရဲခန်းထဲက မီးအသံ ညှင်းဆဲအသံတွေ ကြား

သောအခါ သူလှူခဲ့သော ကောင်းမှုကို အမှတ်ရပြီး ငရဲပြည်က ပေးတဲ့ အပြစ်ဒဏ် မခံရတဲ့အပြင် နတ်ပြည်က နတ်

စည်းစိမ်များ ခံစားခွင့်ရသွားခဲ့သည်။ ကောင်းမှုအမျိုးစုံး ပြုတတ်ဖို့လိုသည်၊ အကယ်၍များ မတော်တဆ ငရဲပြည်

ရောက်သွားပါက ကောင်းမှုများစွား ပြုခဲ့ဖူးသူက တမျိုးမဟုတ် တမျိုးဖြင့် မိမိ၏ကုသိုလ်ကို မိမိ ကိုယ်တိုင်ပဲ

အမှတ်ရတတ်သည်။

 

 

 

 

ယမမင်းနဲ့ မေးခွန်းတစ်ခု

စာရေးသူ ဒီတရားဟောလို့အပြီးမှာပဲ တိုက်တိုက်ဆိုင်ဆိုင် မေးခွန်းတစ်ခု စာရေးသူကို မေးထားဖူးသည်။ စာရေးသ

ူနဲ့ဖေ့ဘုတ်မှာ တွေ့ရင်း သူက ဒီလိုလေးမေးထားတယ်။

 

 


“တပည့်တော်က ဘုန်းဘုန်းကို သိချင်တာလေး မေးချင်လို့ပါ ဖြေလို့အားရင် ဖြေပေးပါလားဘုရား။ ဟိုလေ လူတွေ

ကကြတော့ သံသရာမှာ ကျင်လည်နေရတယ်နော်ဘုရား၊ သေမင်းတို့ ယမမင်းတို့ ငရဲထိန်းတို့ကကော သံသရာမှာ

မကျင်လည်ရဘူးလား?”

 

 

 

သေမင်းဆိုတာကို ပုဂ္ဂိုလ်သတ္တ၀ါ ဟု ထင်တတ်ကြသည်။ သတ္တ၀ါမဟုတ် သေခြင်းသဘောတရားကိုဆိုသည်။

တကယ်တော့ သေမင်းဆိုတာ မင်းကို တပ်ပြီး သေမင်း (King of Death) ဟုတင်စားပြောကြတာပါ၊ သူ့ကို ဘယ်သူ

မှ မလွန်ဆန်နိုင်လို့ မင်း- King ဟု တင်စားပြောခြင်းပဲဖြစ်သည်။ သေမင်းဆိုတာ သံသရာရှိသရွေ့ သတ္တ၀ါရှိနေသရွေ့

ကမ္ဘာကြီး ရှိနေသ၍ ရှိနေအုန်းမှာဖြစ်သည်။ လူမင်းအောက်မှာ လက်အောက်ငယ်သားတွေ ပြည်သူတွေရှိသည်၊ ယမ

မင်းအောက်မှာ ငရဲသားတွေ ရှိသသည်။ သိကြာမင်းအောက်မှာ နတ်သား နတ်သမီးတွေရှိတယ်၊ ဒါပေမဲ့ သေမင်း

ဆိုတာ အဲဒီလိုမျိုး ပြောတာမဟုတ်ဘူး။ ဒါပေမဲ့ သေမင်းအောက်မှာ သတ္တ၀ါတွေ ရှိသည်လို့ ပြောရမှာပေါ့။

 

 

 

ယမမင်းတို့ ငရဲသားတို့ဆိုတာ သူတို့ရဲ့ အကုသိုလ်ကြောင့် ဒီလိုဘ၀ကို ရောက်ကြရတာဖြစ်သဖြင့် သူတို့လဲ သတ္တ၀ါ

တမျိုးဖြစ်ရကား သံသရာ ကျင်လည်ရမည်။ သူတို့အကုသိုလ်ကံအကြွေး ဆပ်ပြီးရင်တော့ ဒီဘ၀က လွတ်မည်။

ယမမင်းနဲ့ ပတ်သက်ပြီး အထက်မှာ ပြဆိုပြီးဖြစ်သည်။

 

 

 

 

ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား

မူရင်း = ဥပဒေစိုးမိုးသော ငရဲပြည် (သို့မဟုတ်) ယမမင်း၏ ကယ်ဆယ်ရေး

 


လေးစားစွာဖြင့် .... မောင်မြင့်

Posted by စိတ်ကူးပျော်ရာ အချိန် 9/22/2012 09:19:00 AM

ကြည့်သူဦးရေ: 405

Tags: ရသဆောင်းပါး

မှတ်ချက်လေး တစ်ခုဟာစာရေးသူအတွက် အားဆေးဖြစ်ပါတယ်

You need to be a member of ♥ မြန်မာချစ်သူမိသားစု ♥ to add comments!

Join ♥ မြန်မာချစ်သူမိသားစု ♥

Comment by မိုး on October 1, 2012 at 12:34pm

မှတ်သားစရာလေးပါ ကျေးဇူးတင်ပါတယ်။

Comment by lwinpyin on September 28, 2012 at 1:40am
ကျေးဇူတင်ပါတယ်
Comment by yinminei on September 26, 2012 at 6:27pm

ကျေးဇူးတင်ပါတယ်

Comment by phyuthwemyint on September 24, 2012 at 5:08pm

ကျေးဇူးတင်ပါတယ်ရှင်။

Comment by thin thin on September 24, 2012 at 2:10pm
ကျေးဇူးပါ
Comment by ထင်လင်းသာ on September 23, 2012 at 11:53pm

thanks

Comment by aung thein soe on September 23, 2012 at 9:04pm

မှတ်သားဖို့ကောင်းပါတယ်

Comment by soemoetain on September 23, 2012 at 7:33pm

ဖတ်မှတ်သွားပါတယ်.....နောင်များလည်းဖတ်ချင်ပါသေးတယ် ကျေးဇူးပါ........

Comment by လူကဲလေး :p on September 23, 2012 at 6:47pm

ဟုတ်ကဲ့ဗဟုသုတလေးအတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ...

Comment by myamyawin on September 23, 2012 at 4:25pm
မှတ်သားသွားပါတယ် ကျေးဇူးပါ။

About

© 2013   ရဲဂျာမှ မြန်မာချစ်သူမိသားစုကို တည်ထောင်ခဲ့ပါသည်   Powered by

Badges  |  Report an Issue  |  Terms of Service

Offline

Live Video