မြန်မာချစ်သူမိသားစု
ဝါရှင်တန်နိုင်ငံတွင် နိုင်ငံလုံးဆိုင်ရာ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲကျင်းပရာ တောင် ကာရိုလိုင်းနားပြည်နယ်မှ လက်ရွေးစင်
တစ်ဦးဖြစ်သူ ရိုစလီအယ်လီယက်အား avowal (၀န်ခံခြင်း ၊ အတိအလင်းဖွင့်ဟပြောဆိုခြင်း) ဆိုသည့်စာလုံးကိုပေါင်း
ခိုင်းသည်။ ရိုစလီတောင်ပိုင်း သံဝဲ၀ဲ နှင့်ပြောလိုက်သည့် စာလုံးပေါင်းကို ဒိုင်လူကြီးများမသဲကွဲကြပေ။ ( l ) ရှေ့ကစကား
လုံးကို (a) နှင့် ပေါင်းသွားလား (e) နှင့် ပေါင်းသွားလား မဝေခွဲနိုင်ကြပေ။ အသံသွင်းတိတ်ခွေကိုဖွင့်၍ အကြိမ်ကြိမ်နား
ထောင်သော်လည်း ဘယ်လိုမှဆုံးဖြတ်၍် မရနိုင်ဖြစ်နေလေသည်။
နောက်ဆုံး၌ အမှန်ကိုသိနိုင်သည့် တစ်ဦးတည်းသောသူဖြစ်သည့် ရိုစလီကိုသာ မေးရန်ဆုံးဖြတ်ရလေသည်။
ထိုအခါရိုစလီသည် သူစာလုံးပေါင်းမှားသွားကြောင်း (e) ဟု ပြောလိုက်မိကြောင်းရိုးသားစွာဖြေလိုက်လေသည်။
ပရိတ်သတ်အားလုံးတို့သည် သူမ၏ ဖြောင့်မတ်တည်ကြည်မှုကို လေးစားသောအားဖြင့် မတ်တပ်ရပ်ကာ လက်ခုပ်သြ
ဘာပေးကြလေသည်။ ထိုနေ့ပြိုင်ပွဲတွင် ရိုစလီဆုမရခဲ့ပါ။ သို့သော်သူမသည် အောင်မြင်သူဖြစ်ခဲ့ပါသည်။
ဝန်ခံချက်။ ။ ဆရာဖေမြင့်၏ နှလုံးသားအာဟာရစာအုပ်မှကောက်နှုတ်ဖော်ပြပါသည်။
မှတ်ချက်လေး တစ်ခုဟာစာရေးသူအတွက် အားဆေးဖြစ်ပါတယ်
Comment by လူကဲလေး :p on September 23, 2012 at 6:49pm 




Comment by CΔnƉℓɛ on September 23, 2012 at 3:09pm 


© 2013 ရဲဂျာမှ မြန်မာချစ်သူမိသားစုကို တည်ထောင်ခဲ့ပါသည်
Powered by
You need to be a member of ♥ မြန်မာချစ်သူမိသားစု ♥ to add comments!
Join ♥ မြန်မာချစ်သူမိသားစု ♥