မြန်မာချစ်သူမိသားစု
အဖေ့သမီးအတွက်

သမီးအတွက်..ဖခင်ရဲ့ ဥပမာကောင်းလေးတစ်ခု...
ဖခင်ဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီးပြောတာကနေ စကြရအောင်….
ဖခင်။ ။ အဖေသမီးကိုတစ်ခုပြမယ်.အရေးကြီးတယ်နော်.. ပြီးတော့ ဖခင်ဖြစ်သူက တစ်စုံတစ်ခုကို အင်္ကျီအိပ်ထဲ
ကနှိက်ပြီး လက်ထဲဆုပ်ကိုင်ထားလိုက်ပါတယ်။ ဘာလဲဆိုတာသိချင်လားလို့သမီးဖြစ်သူကို မေးတယ်။ သမီးဖြစ်သူက
ခေါင်းညှိက်တဲ့အခါမှာတော့ ဒါဆို သမီး ထိုင်ထ ၁ခေါက်လုပ်.. သမီးဖြစ်သူက ထိုင်ထ လုပ်လဲပြီးရော ဖခင်ဖြစ်သူက
၃ ခေါက်လုပ်မှ ပြမယ်လို့ဆိုပြန်တယ်။ သမီးဖြစ်သူလုပ်လဲပြီးရော ၅ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။ သမီးဖြစ်သူ
ကလဲ၅ခေါက် လုပ်ပြန်ပါတယ်။ ပြီးတော့ ဖခင်ဖြစ်သူက ၁၀ ခေါက်အထိ ဆိုလာပြန်တယ်။ ထိုအခါ သမီးဖြစ်သူက ၁၀
ခေါက်လုပ်ပြီးတော့..အဖေရယ် သမီးကိုဘာလဲဆိုတာသိအောင်ပြပါတော့လို့ဆိုတယ်။ အဲ့ဒီတော့မှ ဖခင်ဖြစ်သူကလက်
ထဲမှာ ဆုပ်ကိုင်ထားတာလေးကို ဖွင့်ပြလိုက်တော့ အကြွေတစ်မတ်စေ့ ဖြစ်နေတယ်။
အဲ့ဒီအကြွေစေ့လေးကိုပဲ လက်ထဲမှာနောက်တစ်ခေါက် ပြန်ဆုပ်ကိုင်လိုက်ပြီးတော့ သမီးဖြစ်သူကို ထိုင်ထ ၁၀ခေါက်
လုပ်ရင်ပြမယ်လို့ပြောတယ်။ သမီးဖြစ်သူက မတွေ့ချင်ပါဘူး.. သမီးတွေ့ပြီးပြီပဲဟာလို့ ပြန်ပြောလိုက်တယ်။ ထိုအခါ
ဖခင်ဖြစ်သူက ၁ ခေါက်ပဲလုပ်ပါ သမီးရယ်.. အဖေပြပါ့မယ်လို့ ဆိုသတဲ့။ ၁ခေါက်လဲ မလုပ်နိုင်ဘူး..တွေ့ပြီးမြင်ပြီး
သားပဲဟာလို့ သမီးကပြန်ပြောသတဲ့။ ဒါဆို အလကားပဲပြမယ်သမီးရယ်..ကြည့်မလားလို့ဖခင်ကပြန်မေးတယ်။
အလကားလဲ မတွေ့ချင်ပါဘူး တွေ့ပြီးမြင်ပြီးသွားရင် ဘာတန်ဖိုးရှိတော့တာမှတ်လို့… ဆိုပြီး
သမီးဖြစ်သူကပြန်ပြောတယ်။
အဲ့ဒီတော့မှ ဖခင်ဖြစ်သူက.. ဒီဥပမာလေးလိုပဲ သမီးရယ်....
မတွေ့ခင်မမြင်ခင်က တန်ဖိုးကြီးမားပြီးလိုသလို ခိုင်းလို့ရတဲ့ ဒီမတ်စေ့လေးဟာ တွေ့မြင်သွားပြီးတဲ့နောက်မှာ တန်ဖိုး
မရှိတော့ဘူး မဟုတ်လား… "ဒီလိုပဲသမီးရေ..ထိန်းသိမ်းစောင့်ရှောက်ထားသင့်တဲ့ အရာတွေကိုလဲ အချိန်မတန်ခင်မှာ
တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကို ပေးမမြင် ပေးမတွေ့သင့်ဘူး.." သမီးတို့ရဲ့ အပျိုစင်ဘ၀ကိုလဲ ဒီမတ်စေ့လေးလိုပဲ
အချိန်မတန်ခင် တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကိုပေးမမြင် ပေးမတွေ့သင့်ဘူး။ ကဲ.ဒါဆို.. သူငယ်ချင်းတို့ရဲ့ မတ်စေ့
လေးကရော တန်ဖိုးရှိသေးရဲ့လား
* တန်းဖိုးသိမှ တန်ဖိုးရှိတယ်...တန်ဖိုးရှိမှ တန်ဖိုးထားတတ်မယ်။ * တန်ဖိုးရှိတဲ့ လူတော် လူကောင်း သူတော်ကောင်း
တွေဖြစ်ကြပါစေ....အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး ကောင်းကျိုး လိုအင်ဆန္ဒတွေ
ပြည့်ဝကြပါစေ.....
♥♪♥ ...အခုခေတ်မြန်မာမိန်းကလေးတွေကို ဦးတည်ပြီး ပြောတာထင်တယ်နော် ...
အမျိုးကောင်းသမီးများ ပေါ်ထွန်းလာရေးအတွက် ရည်ရွယ်ပါတယ် ........ ..
ဝန်ခံချက် - ဖေ့ဘွတ်မှကူးယူထားသည်
မှတ်ချက်လေး တစ်ခုဟာစာရေးသူအတွက် အားဆေးဖြစ်ပါတယ်
Comment by စိုးစိုး on January 1, 2013 at 12:45pm thank you

Comment by winter on October 2, 2012 at 7:04pm ကျေးဇူးတင်ပါတယ်....မှတ်ထားပါ့မယ်
Comment by ပါရမီ(မေတ္တာလေလှိုင်း) on October 2, 2012 at 11:54am ကောင်းတယ် အားပေးတယ်
Comment by khinthitthitoo on October 2, 2012 at 10:48am မှတ်ထားပါ့မယ် ကျေးဇူးတင်ပါတယ်ရှင့်
Comment by အေးသီတာ on October 1, 2012 at 10:20pm ဥပမာလေးကောင်းတယ်
Comment by Pyartho on October 1, 2012 at 5:02pm အရမ်းကိုကောင်းပါတယ် ။
Comment by ဖြိုးလေး on October 1, 2012 at 4:49pm
Comment by hsuhtet on October 1, 2012 at 10:28am ဟုတ်ကဲ့....ကျေးဇူးတင်ပါတယ်နော်.....
Comment by naymonepyae on September 30, 2012 at 2:36pm
Comment by sann winn on September 29, 2012 at 9:21pm ဒီစာလေးကိုဖတ်ရတာကျေးဇူးတင်ပါတယ်။မိဘတွေနဲ့မိန်းကလေးတွေအတွက် မှတ်သားသိသင့်စရာပါပဲ။ဒီလိုမပြောတတ်မဆုံးမတတ်ခဲ့လို့ဘ၀ပျက်သွားခဲ့တာကိုယ်တွေ့ပါပဲ။မိန်းကလေးများအထူးသတိထားကြဖို့ပြောချင်ပါတယ်။


© 2013 ရဲဂျာမှ မြန်မာချစ်သူမိသားစုကို တည်ထောင်ခဲ့ပါသည်
Powered by
You need to be a member of ♥ မြန်မာချစ်သူမိသားစု ♥ to add comments!
Join ♥ မြန်မာချစ်သူမိသားစု ♥