မြန်မာချစ်သူမိသားစု
တစ်နေ့လုံး လန်းလန်းဆန်းဆန်း နေနိုင်ဖို့ မနက်အိပ်ရာထမှာ ကျန်းမာရေး လေ့ကျင့်ခန်းတွေ
လုပ်ပေးတာဟာ သင့်အတွက် အကောင်းဆုံးမဟုတ်လား။ ခုချိန်က စပြီး ကျွန်တော်နှင့်အတူတူ
လေ့ကျင့်ခန်းတွေ လုပ်ကြရအောင်နော်။
ရယ်ဒီ....ဝမ်း....တူး....သရီး
ကဲ လေ့ကျင့်ခန်း ပြီးပြီးဆိုတော့ ကျွန်တော်တို့ စိတ်တွေ လန်းဆန်းသွားပြီး။ ရှိုးထုတ်ပြီး
အပြင်သွားကြမယ်။ သူငယ်ချင်းတို့တွေရော လိုက်ခဲ့မှာလား။
ကြင်နာသနားတတ်တဲ့ စိတ်ဟာ သင့်ခန္ဓာမှာ ရှိသင့်ဆုံးအရာပါ။ မည်သည့် သတ္တဝါအပေါ်မဆို
စာနာပါ။ အားငယ်သူကို သနားကြင်နာခြင်းဖြစ် အားပေး နှစ်သိမ့်ပေးပါ။
သင်ရရှိထားသည့် အခြေအနေမှသည် အကောင်းဆုံးဖြစ်အောင်ကြိုးစားပါ။ သင့်ရဲ့ ကြိုးစားမ
ှုတိုင်းသည် သင့်အတွက် အောင်မြင်မှု လမ်းစဖြစ်သည်။ မရရှိသေးတဲ့ အခြေအနေတွေအတွက်
စိတ်ပျက်အားငယ်ခြင်းကို သိမ်းဆည်းပြီး သင့်ဘဝအတွက် အကောင်းဆုံးဖြစ်အောင်ကြိုးစားသွား
ပါ။ မဖြစ်နိုင်ဘူးဆိုတဲ့ အရာဆိုတာ မရှိပါဘူး။ ဖြစ်နိုင်ဖို့ ကြိုးစားအားထုတ်ရန် ခိုင်မာသော
စိတ်ဓာတ်နှင့် ခွန်အားသာ လိုပါသည်။ တစ်နေ့ ကျွန်တော် အမြင့်ကို မပျံနိုင်ဘူးလို့ သင်
ပြောနိုင်ပါသလား။
စည်းလုံးခြင်းသည် အင်အားတဲ့။ မည်သည့် အချိန်အခါမဆို ဥမကွဲ ၊ သိုက်မမြဲ ညီညွတ်နေရန်
လိုပါသည်။ သို့ပါမှ မည်သို့သော အခက်အခဲတွေ ကြုံတွေ့ရပါစေ တူတူရင်ဆိုင်ဖြေရှင်းသွား
နိုင်သည်။ တစ်ဦးကို တစ်ဦး အားပေးကူညီခြင်းဖြစ် ခွန်အားသတ္တိတွေ ရရှိလာနိုင်သည်။
မည်သည့် အချိန်အခါမှ လက်တွဲဖြုတ်ရန် မတွေးပါနှင့်။ တစ်ဦးတည်း ကောင်းစားရေးကို
မတွေးပါနှင့်။ ရှိအတူ၊မရှိအတူ ၊ကြုံလာသမျှ တူတူရင်ဆိုင် ကျော်ဖြတ်သွားကြမယ်နော်။
သင့်ဘဝ တိုးတက်ဖို့ရန် လေ့လာနိုင်စွမ်း ၊ကြိုးစားအားထုတ်မှု များစွာလိုပါသည်။ ထိုအရာများ၏
အခြေခံများကို စာအုပ်စာပေများကို ဖတ်ရှု့ရင်းဖြစ် မှတ်သားနိုင်ကြပါသည်။ မျက်လုံးအစုံသည်
သင့်အတွက် လောကကြီးကို မြင်နိုင်စွမ်းရှိသကဲ့သို့ စာအုပ်စာပေသည် သင့်၏ အတွေးအခေါ်
ကို လမ်းဖွင့်ပေးသည်။ စာအုပ်ဖတ်ခြင်းမှ ရရှိလာသော အသိအလိမ္မာသည် သင့်ဘဝအား
လမ်းပြပေးသည့် ဥာဏ်မျက်လုံးပင်ဖြစ်သည်။ ထို့ကြောင့် စာဖတ်ရန် မပျင်းရိပါနှင့်။
သင်သည် စာအုပ်များနှင့် မွေ့လျော်သူသာ ဖြစ်ပါစေ။ စာအုပ်များနှင့် အိပ်ပျော်သူ မဖြစ်ပါစေနှင့်။
လေ့လာအားထုတ်ရန် ပျက်ကွက်ခဲ့သော အချိန်တွေအတွက် တစ်နေ့ သင် အခက်ကြုံလာနိုင်
သည်။
သင် ပိုင်ဆိုင်သည့် အချိန်တွေကို ပျင်းရိခြင်းဖြစ် မကုန်ဆုံးပါစေနှင့်။ ပျင်းရိခြင်းသည် သင့်ဘဝ
အောင်မြင်မှု လမ်းစကို ပိတ်ထားသည့် တံခါး တစ်ချပ်ပင်ဖြစ်သည်။ သင် ယနေ့ပျင်းရိနေလျှင်
မနက်ဖြန်မှာ သင့်ရဲ့ ဘဝတက်လမ်း ပိတ်ဆို့သွားနိုင်သည်။ ထို့ကြောင့် မည်သည့်အခါမှ
ပျင်းရိ၊ ငိုင်တွေ မနေပါနှင့်။
အရွယ်မရောက်သေးသည့် ရင်သွေးငယ်များကို ပြုစုပျိုးထောင်ပေးနိုင်ရန် ကြိုးစားပါ။ ယနေ့
လူငယ် နောင်ဝယ်လူကြီး ။ ယနေ့ ကလေးငယ်များသည် နောင်တချိန်တွင် လမ်းပြပေးနိုင်
သည့် ကြယ်ကလေးများ ဖြစ်လာနိုင်သည်။ မေတ္တာငတ်မွတ်နေသော အရွယ်မရောက်သူများ
ကို သနားကြင်နာမှုများပေးပြီး လက်တွဲခေါ်ယူပါ။ တစ်နေ့ သူသည် သင့်လက်ကို တွဲကိုင်ပြီး
သင့်အား လမ်းပြပေးလာပါမည်။ အရွယ်မရောက်သေးသူများအား စောက်ရှောက်ရန် သင်၏
ရင်ခွင်တံခါးကို ဖွင့်လိုက်ပါ။
“စိတ်ညစ်လို့ အရက်သောက်တယ်။ အသဲကွဲလို့ အရက်သောက်တယ် ” ဆိုသည့် စကားသည်
လူပျော့၊လူညံ့များ၏ နှုတ်မှ ထွက်လာသော ဆင်ခြေ အကြောင်းပြချက် ဖြစ်သည်။ အရက်
သောက်ခြင်းဖြစ် သင်၏ စိတ်ညစ်ထွေမှုကို ကုစားနိုင်ခြင်း ရှိမည်မဟုတ်ပါ။ စိတ်ဆိုး ၊စိတ်ညစ်မှ
ကင်းဝေးစေရန် အကောင်းဆုံးသည် ကြိုးစားရုန်းထွက်မှုပင်ဖြစ်သည်။ ထိုကြောင့် သင်ရဲ့
စိတ်ညစ်တိုင်း အရက်သောက်တတ်သည့် မခိုင်လုံသည့် အကြောင်းပြချက်ကို စွန့်လွတ်လိုက
်ပါ။
သင်၏ စိတ်ဖိစည်းမှုများကို ဖြေဖျောက်နိုင်ရန် အကောင်းဆုံး နည်းလမ်းမှာ ဂီတကို နား
ဆင်ခြင်းပင်ဖြစ်သည်။ ဂီတသည် စိတ်နှလုံးကို ကြည်လင် ၊လန်းဆန်းစေသည်။ ခက်ထန်
သော စိတ်အား နူးညံ့စေသည့် စွမ်းပကားရှိသည်။ သင်၏ စိတ်ဖိစီးမှုများအတွက် ဂီတကို
နားဆင်ရင်း သီချင်းဆိုပါ။
လွပ်လွပ် လတ်လတ် ကခုန်လိုက်ပါ။
သင့်ဘဝအမောတွေ ပြေပျောက်သွားပါလိမ့်မည်။
ဘဝဆိုတာ ရုန်းကန်ခြင်းတဲ့။ သင် လျှောက်လှမ်းရသည့် သင့်ဘဝမှာ ရေစုန်နဲ့လဲ ကြုံချင်
ကြုံရမည်။ ရေဆန်လို ခက်ခက်ခဲခဲ ရုန်းကန်ချင် ရုန်းကန်ရလိမ့်မယ်။ ဘယ်လိုအခြေအနေ
တွေ နဲ့ပဲ ကြုံရပါစေ ကြိုးစားရုန်းကန်ရင်းနဲ့ ရှေးလက်တစ်ကမ်းမှာ ပြေးနေတဲ့ အောင်မြင်
မှုတွေကို အမှီလိုက်ကြရအောင်။ နောက်မဆုတ်ကြေး။ ခြေလှမ်းမတွန့်ကြေးပေါ့။
သားသမီးတိုင်းအတွက် မိဘရဲ့ ရင်ခွင်ဟာ လုံခြုံနွေးထွေးမှု အရှိဆုံး ဗိမ္မာန်ပါ။ သင့် မိဘရင်ခွင်
ကို လွမ်းဆွတ်ချိန်တိုင်းမှာ ခိုဝင်ကြည့်လိုက်ပါ။ သင့်မိဘက သင့်အတွက် ရင်ခွင်တံခါးကို
အချိန်တိုင်း ဖွင့်ထားပေးပြီးသားပါ။ သင် လုံခြုံစွာ အိပ်စက်အနားယူပါတော့။ ငြိမ်းချမ်းမှုကို
သင်ခံစားရပါလိမ့်မည်။
သူငယ်ချင်း ၊မိတ်ဆွေဆိုတာ သင်နှင့်ထပ်တူ မျှဝေခံစားပေးတတ်သူပါ။ သင့်သူငယ်ချင်းတွေနဲ့
ချစ်ချစ်ခင်ခင် လက်ဆွဲကြရင်း သင့်ရဲ့ ပျော်ရွှင်၊ဝမ်းနည်းမှုတွေကို မျှဝေခံစားလိုက်ပါ။ သူငယ်
ချင်းကောင်းက သင့်ကို လမ်းမှန်သို့ ညွှန်ပြပါလိမ့်မယ်။ သူငယ်ချင်းကောင်းကို ပိုင်ဆိုင်ထားရတဲ့
သင်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးသူ တစ်ယောက် ဖြစ်လာပါလိမ့်မယ်။သူငယ်ချင်းကောင်း
ကို ပိုင်ဆိုင်နိုင်ဖို့ သင်ကြိုးစားလိုက်ပါ။
တစ်ခါတစ်ရံမှာ သင်ဟာ မွန်းကြပ်မှုတွေနဲ့ သင့်ရဲ့ စိတ်တွေ ကျဉ်းကြပ်နေလိမ့်မယ်။ မျှော်လင့်ချက်
.အလင်းရောင်တွေကို တမ်းတနေလိမ့်မယ်။ အခက်အခဲတွေ များစွာနဲ့ စိုးရွံ့နေလိမ့်မယ်။
သင်နဲ့ ဘဝတူသူတွေ များစွာ သင့်လိုပဲရှိနေလိမ့်မယ်လို့ တွေးတောလိုက်ပါ။ထိုသူတို့သည်လဲ
လောကကြီးကို မျှော်လင့်ချက် မျက်လုံးတွေနှင့် ရင်ဆိုင်ရန် အသင့်ပါ။ သူတို့တွေလိုပဲ ကြိုးစာ
းရုန်းကန်လိုက်ပါ။
မွေးရာပါ အလှဆိုတာ ကိုယ်စီမှာ ရှိကြပါတယ်။ သင့်အလှနဲ့ လောကကို အလှဆင်ပါ။ အရောင်အ
သွေး မတူညီတာ အဓိက မဟုတ်ပါဘူး။ အရောင်တိုင်းမှာ သူ့အလှနှင့်သူ ရှိနေနှင့်ပြီးသားပါ။မြင
့်မြတ်တဲ့ စိတ်နဲ့ လောကကြီး လှပအောင် အလှဆင်နိုင်ဖို့သာ အဓိကပါ။ သင်စွမ်းဆောင်နိုင်မယ်လို့
ယုံကြည်ပါသည်။
ကျွန်တော်၏ ကြောင်ကလေးတွေရဲ့ အတွေးကို ဖတ်ရှုနားလည်ပေးသည့်အတွက် ကျေးဇူးတင်
ပါတယ်။ စာဖတ်သူတွေရဲ့ မေတ္တာကို တုန့်ပြန်သော အားဖြစ် ကျွန်တော်တို့ ကြောင်ကလေး
တွေရဲ့ ကိုယ်တိုင်လုပ် ဆူရှီကို သုံးဆောင်သွားကြပါ။
စာဖတ်သူတွေအနေနှင့် ကျွန်တော် ကြောင်ကလေးရဲ့ အတွေးကို သဘောကျလို့ ဆုချီးမြင့် မုန့်
ဖိုးလေး ပေးသွားချင်ရင်လဲ စိတ်မဆိုးဘူးဗျ။ မုန့်ဖိုးပေးရင်တော့ အောက်မှာ ကျွန်တော် ပြောတဲ့
အတိုင်း ဖြစ်ရမယ်နော်။
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
မှတ်ချက်လေး တစ်ခုဟာစာရေးသူအတွက် အားဆေးဖြစ်ပါတယ်
Comment by eithandartun on October 7, 2012 at 11:29am တော်တယ်နော်..နောင်လည်းများများရေးနိုင်ပါစေနော်
စိတ်ကြည်နူးစရာ ပုံရိပ်လေးများ တင်ပို့တတ်တဲ့ မိတ်ဆွေ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာပါစေ
Comment by tin yaw zin on June 26, 2012 at 1:46am 


Comment by sanminnaing on June 22, 2012 at 6:36pm thank par friend
Comment byေ၇ွဝတ်မှုန် on June 22, 2012 at 5:06pm ကျေးဇူးတင်ပါတယ်။နောက်လည်းတင်ပေးပါဦးနော်
Comment by kwhtin@gmail.com on June 22, 2012 at 1:10pm
Comment by လေပြေသွေး on June 21, 2012 at 3:17pm ကောင်းပါတယ်
Comment by လေပြေ on June 21, 2012 at 12:11pm စာသားတွေ့ကအသိပိုတိုးလာစေလိုကျေးဇူးတင်ပါတယ်ရှင်......
Comment by khinkhinhla on June 20, 2012 at 5:17pm ချစ်စရာလေးတွေ...အားပေးခဲ.တယ်နော်..
Comment by mahtatsandarlin on June 20, 2012 at 2:29pm အဟီးချစ်စရာလေးတွေ အရမ်းညခစ်တယ် ညောင်လေးတွေကိုနော်
အားပေးပါတယ်

© 2013 ရဲဂျာမှ မြန်မာချစ်သူမိသားစုကို တည်ထောင်ခဲ့ပါသည်
Powered by
You need to be a member of ♥ မြန်မာချစ်သူမိသားစု ♥ to add comments!
Join ♥ မြန်မာချစ်သူမိသားစု ♥