♥ မြန်မာချစ်သူမိသားစု ♥

မြန်မာချစ်သူမိသားစု

ကမ္ဘာ့ဂင်းနစ် စံချိန်အဖွဲ့မှ ချီးမြှင့်သော စံချိန်သစ်များအား မြန်မာနိုင်ငံမှ အားလုံးရရှိသွားခြင်း

၎င်းစံချိန်သစ်များမှာ....

( ၁ ) အာကာသထဲမှကြည့်လျှင် မြန်မာနိုင်ငံအားကမ္ဘာ့အခြားနိုင်ငံများကြားထဲတွင်ထင်ရှားစွာမြင်တွေ့ နိုင်သောတစ်ခုထဲသာရှိသော နိုင်ငံအဖြစ်ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။


ရွေးချယ်ရသော အကြောင်းအရင်း။  

 

။မီးများ ထိန်ထိန်လင်းနေသောကမ္ဘာ့အခြားနိုင်ငံများကြားထဲတွင် မှောင်မဲနေသောကြောင့်အခြားနိုင်ငံများ ကိုကျော် လွန်ပြီး အာကာသထဲမှကြည့်လျှင် မြန်မာနိုင်ငံအားဂုဏ်ယူဖွယ်ရာထင်ရှားစွာ မြင်တွေ့ ရခြင်း ရွေးချယ်လိုက်ရခြင်းဖြစ်သည်။



( ၂ ) ကမ္ဘာ့အကောင်းဆုံး အလုပ်အကိုင်အဖြစ် မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့ဝန်ကြီးရာထူးများအား ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။


ရွေးချယ်ရသော အကြောင်းအရင်း။

 

ဝင်ငွေအလွန်ကောင်းပြီး ပြောချင်ရာပြော၊လုပ်ချင်ရာလုပ်လို့ရပြီး ၊တာဝန်လည်းယူစရာမလိုသော ကြောင့် ဤလို အလုပ်မျိုးတခြားနိုင်ငံများတွင် မရှိသောကြောင့်ယခုနှစ်ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်ရခြင်းဖြစ်သည်။



( ၃ )  ပြဿများအား အလွန်လျှင်မြန်စွာဖြင့်အကောင်းဆုံးဖြေရှင်းပေးနိုင်ဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံအားကမ္ဘာ့စံချိန်သစ် အဖြစ်ရွေးချယ်လိုက်သည်။



ရွေးချယ်ရသော အကြောင်းအရင်း

 

လျှပ်စစ်ဓာတ်အားလွန်စွာနည်းပါးစွာရရှိမှုကြောင့် ပြည်သူများမှဖယောင်းတိုင်များထွန်းညှိပြီး  အစိုးရမင်းများ သတိပြုမိစေရန်ငြိမ်းချမ်းစွာလှည့်လည်ပြီး မိမိတို့၏ဆန္ဒများအားဖော်ထုတ်ခဲ့သောကြောင့်လျှပ်စစ်ဓာတ် အားပေးရေးဌာနသည် အလွန်လျှင်မြန်စွာဖြင့်သတင်းစာရှင်းလင်းပွဲအားပြုလုပ်ပြီးတာဝန်ရှိသူ အရာရှိတစ်ဦးမှ  ၎င်းတို့မှာလျှပ်စစ်ဓာတ်အား တကယ်မရှိ၍ မပေးနိုင်ခြင်းသာ ဖြစ်ပါကြောင်း၊လျှပ်စစ်ဓာတ်အား ရရှိလိုပါက( မိုးနတ်မင်း ) ထံတွင်သာဆုတောင်းကြရန်ဟု ပြောကြားရှင်းလင်း၍ ပြဿနာထိရောက်လျှင်မြန်စွာဖြေရှင်းပေး လိုက် ရာ ပြည်သူများမှာ မိမိတို့၏ အထက်တွင်အားကိုးစရာ အစိုးရအရာရှိမင်းများသာရှိသည်ဟု ထင်ရာမှ၊ ယခုမူအစိုးရမင်းများ၏ အထက်တွင် ( မိုးနတ်မင်းကြီး )ရှိနေသေးကြောင်း သိရ၍အားတက်သွားပြီး

( မိုးနတ်မင်း ) ထံ ထပ်မံတိုင်တည် ဆုတောင်းရာ ၊  ပြည်သူများ၏ ဆန္ဒ ပြင်းပြမှုကြောင့် မိုးနတ်မင်းမှာမနေသာတော့လောက်အောင် မိမိထိုင်ရာ ကျောက်ဖျာတင်းမာလာ၍မိမိ၏ခုံနေရာလေးပျောက် မည်စိုး၍ ငါကိုယ်တော်လည်း အမြန်သတင်းစာရှင်းလင်းပွဲ လုပ်မှ ဖြစ်တော်မူတော့မည်ဟုနှလုံးပိုက်ပြီးသကာလ online သတင်းစာရှင်းလင်းပွဲလုပ်ရန် online ပေါ်တက်၍မိမိ၏  facebook acconunt အားဖွင့်ရာ internet connection မှာကမ္ဘာ့အမြင့်ဆုံး မျှော်စင် ( ၁၀ ) လုံး၏ foundationများချိတ်ဆွဲထားသည့်အလား ယခင်နေ့များ ထက်ပင် ပို၍လွန်စွာလေးလံနေပြီး (မိုးနတ်မင်း )လည်းလွန်စွာစိတ်ပျက်ပြီး internetconnectionကောင်းလာ ရန်လည်းမိမိကိုယ်တိုင် ( မိုးနတ်မင်း ) ဖြစ်နေသောကြောင့်ဘယ်သူ့ဆီတိုင်တည်ဆုတောင်းရမှန်း မသိဖြစ်နေစဉ် မိဘအလစ်တွင်ချစ်သူနှင့်ခိုးတွေ့ရန်ခဏလစ်ထွက်လာသည့် မိန်းကလေးနှယ် connection မှာလည်းဝုန်းကနဲဆိုပြီး အနည်းငယ်လေး မြန်လာတုန်း( မိုးနတ်မင်း)လည်း အမြန်ပင် သတင်းစာရှင်းလင်းပွဲလေး အားလုပ်လိုက်ရသည်။သတင်းစာရှင်းလင်းပွဲ အပြည့်အစုံမှာ "မင်းတို့တောင့်တလွန်းလို့ငါကိုယ်ထင်ပြရတာကွ။
မင်းတို့ဘာသာမင်းတို့လျှပ်စစ်ဓာတ်အားတွေပိုလျှံတယ်ဆိုပြီးနိုင်ငံခြားကို စွမ်းအင်တွေ၊ဓာတ်ငွေ့တွေရောင်း စားခဲ့ပြီးခုမှ ငါ့ဘာလို့လာတောင့်တနေရတာလဲ????? " ဟုinternet connection ကိုကြောက်၍ တိုတို တုတ်တုတ် online သတင်းစာ ရှင်းလင်းပွဲလုပ်၍ပြည်သူများဖြေရှင်းပေးခဲ့ရသောကြောင့် ရွေးချယ် လိုက်ရခြင်းဖြစ်သည်။




( ၄ )     ကမ္ဘာပေါ်တွင် ပါဝါမျက်မှန်များ၊ နားကြားကိရိယာများအများဆုံးတပ်သင့်သော အဖွဲ့များအဖြစ်သော် လည်းကောင်း၊ မိမိတို့ပြည်သူများပ်ါစာနာသနားကြင်နာတတ်သော သူများအဖြစ်သော်လည်းကောင်း  မြန်မာနိုင်ငံမှအစိုးရဌာနများ၊ ရဲအရာရှိများ၊၎င်းတို့နှင့် ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီအဖွဲ့အစည်းများ ၊လုပ်ငန်းရှင်များအား ရွေးချယ်လိုက်ရသည်။



ရွေးချယ်ရသော အကြောင်းအရင်း

 

အထက်ပါအဖွဲ့အစည်းများသည်အလုပ်အလွန်လုပ်သောကြောင့် အလုပ်၏ပင်ပန်းမှုဒဏ်ကိုခံရပြီး မျက်စိများမှုန်၊နားများလေးသွားသောကြောင့်လားမသိ။ ၎င်းတို့အဖွဲ့အစည်းများ၊ ၎င်းတို့အောက် ရှိအဖွဲ့အစည်းများ၊၎င်းတို့နှင့်မကင်းရာမကင်းကြောင်းပတ်သက်ရာပတ်သက်ကြောင်းအဖွဲ့အစည်းများ၊ လူများသည် ပြည်သူများနေထိုင်ရာ ရပ်ကွက်၊ဆိုင်များတွင်းသို့ အုပ်စုလိုက်ဝင်ရောက် ရမ်းကား၊နှောင့်ယှက်ဖျက်ဆီးသည်များကို ပြည်သူများမှ တိုင်ကြားသော်လည်း၊လူပေါင်းများစွာမှသိရှိသော် လည်း၊အထက်ပါအဖွဲ့အစည်းများမှတာဝန်ရှိသူများ၊လူပုဂိုလ်များသည်၎င်းတို့ မသိပါ၊ မမြင်ပါ၊ မကြားပါဟုပြောကြားဖြေရှင်းခြင်း၊သာမာန်ရန်ဖြစ်မှုပါဟုပြောကြားပြီးမသိချင်ယောင်ဆောင်နေသည်ကိုတွေ့ရှိရခြင်း။

 သာမာန်ရိုးရိုးပြည်သူပြည်သားများကိုမူ အာဏာရှင်များ၊ ၎င်းတို့နှင့်မကင်းရာမကင်းကြောင်း ပတ်သက်ရာပတ်သက်ကြောင်းအဖွဲ့အစည်းများမှလည်းကောင်း ၊အနိုင်ကျင့်၊ ဖိနှိပ်နှိပ်စက်သည့်ဒဏ် ကိုမခံနိုင်၍အဆုံးပြည်သူများမှ  ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းကိုမူဆူပူနှောင့်ယှက်ဖျက်ဆီးသူများဟုသော် လည်းကောင်း၊အကြမ်းဖက်အဖွဲ့အစည်းများဟူ၍လည်းကောင်း

ကင်ပွန်းတပ်၊ ပုဒ်မ၊ ပုဒ်ထီး၊ ပုဒ်အခြောက်၊ပေါင်းစုံတပ်ပြီးသကာလ ကိုယ့်နိုင်ငံမှ တပ်စရာပုဒ်မကုန်သွား၍
ဤလောက်နဲ့အားမရသေးပဲ အခြားနိုင်ငံမှပုဒ်မများပါငှားရမ်းပြီးထပ်တပ်လို့ရပါက ထပ်တပ်ပြီး ဖမ်းရင်ကောင်းမလားဟုစဉ်းစားသေးသော်လည်း၊ ကိုယ့်နိုင်ငံသားမို့ညှာလိုက်ပါ့မယ့်ဆိုပြီး  ကိုယ့်နိုင်ငံတွင်သာရှိသော ပုဒ်မ၊ ပုဒ်ထီး၊ပုဒ်အခြောက်လောက်ဖြင့်သာ ဖမ်းဆီးသည်ကိုထောက်ချင့် ခြင်းအားဖြင့်အထက်ပါအဖွဲ့အစည်းများသည် ပါဝါမျက်မှန်များ၊
နားကြားကိရိယာများအများဆုံးတပ်သင့်သောအဖွဲ့အစည်းများအဖြစ်သော်လည်းကောင်း၊မိမိတို့ပြည်သူများ

အပေါ်စာနာသနားကြင်နာတတ်သောသူများအဖြစ်သော်လည်းကောင်းရွေးချယ်လိုက်ရခြင်းဖြစ်သည်။

 

 


( ၅ ) ကမ္ဘာပေါ်တွင် မျှတသောတရားစီရင်ရေးစနစ်ရှိသော နိုင်ငံအဖြစ်မြန်မာနိုင်ငံအား  ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။


ရွေးချယ်ရသော အကြောင်းအရင်း

 

မကြာသေးမီကဖြစ်ပွါးခဲ့သောနာမည်ကြီးမင်းသမီးတစ်ဦးမှ သတင်းထောက်တစ်ယောက်အား လူပုံအလယ် တွင်ပါးရိုက်ခဲ့သောဖြစ်ရပ်အားအမှုဖွင့်ရာ ပါးရိုက်ခဲ့သောဖြစ်စဉ်တွင်လူသက်သေများရှိသော်လည်း တရားစီရင်ရေးအားပိုမိုတိကျစေရန်ကြိုးပမ်းသည့်အနေဖြင့် ဤလောက်နှင့်လက်မခံနိုင်ပဲပိုမိုတိကျစေ ရန် ဆေးစာယူခိုင်းရာ ဆေးရုံသို့ရောက်သောအခါဒဏ်ရာမရှိ၍ ဆေးစာမရမှာစိုးရိမ်သောကြောင့်ကိုယ့်ပါးကိုယ်ပဲပြန်ရိုက်ပြီးဆေးစာယူရင်ကောင်းမလား၊ ဒါမှမဟုတ်မိမိပါးကိုရိုက်ခဲ့သောမင်းသမီးကိုပဲ တောင်းတောင်းပန်ပန်နဲ့ဆေးရုံသို့ပင့်ဖိတ်ပြီးဆေးစာရေးပေး

မည့်တာဝန်ရှိသူရှေ့မှောက်တွင်ဆေးစာရအောင်ထပ်ရိုက်ခိုင်းရမလားမသိအောင်ခေါင်းစားသွားစေအောင် အလွန်တရာစေ့စပ်သေချာသောမှုခင်းစစ်ဆေးပုံကြောင့်သော်လည်းကောင်း၊ဆေးစာရရှိ၍ တရားရုံး သို့ရောက်ရှိသော အခါတွင်လည်းဤလိုအမှုကိုပင် တရားရေးမဏ္ဍိုင်လွဲချော်မည်စိုးရိမ်သောကြောင့်
တစ်နှစ်ကျော်အောင် အသေးစိတ်တိတိကျကျမလွဲမချော်ရလေအောင်စစ်ဆေးပြီး သကာလ တရားစီရင်ရေးစနစ်၏အလွန်တရာကောင်းမွန်မှု၊ ဥပဒေများ၏မျှတမှန်ကန်မှုတို့ ကြောင့် တရားခံသည်မည်သို့မျှမငြင်းနိုင်တော့ပဲဥပဒေ၏ဆုံးမအရေးယူခြင်းကိုခံရပြီး ( ဒဏ်ငွေ တစ်ထောင် ) အားပိုးစိုးပက်စက် ပေးဆောင်စေကာ နှောင်းလူများ ဤသို့မလုပ်နိုင်စေရန်စံပြစီရင်ထုံးအနေဖြင့် အမိန့်ချမှတ်ခဲ့ပြီး ဥပဒေ၏အထက်တွင်ဘယ်သူမှမရှိဟူသော ဆောင်ပုဒ်အတိုင်းဖော်ဆောင်အကောင် အထည်ဖော်နိုင်သောကြောင့် ရွေးချယ်လိုက်ရခြင်းဖြစ်သည်။



( ၆ ) ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံအဖြစ် မြန်မာနိုင်ငံအားကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။


မြန်မာနိုင်ငံတွင် ရောင်းချနေသော phoneများ၊ ကားများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုများကို
မြန်မာပြည်တွင်ရောင်းချနေသောဈေးနှုန်းဖြင့် တခြားကမ္ဘာ့နိုင်ငံများတွင်သွားရောက်ရောင်းချပါက ဘယ်သူမှ ၀ယ်ယူနိုင်မည်မဟုတ်ပေ။ ဤသို့တခြားနိုင်ငံတွင်မည်သူမျှမ ၀ယ်ယူနိုင်သော ဈေးနှုန်း ဖြင့်ရောင်းချမှုကိုမြန်မာနိုင်ငံသားများသည် ၀ယ်ယူနိုင်သောကြောင့် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံအားရွေးချယ်လိုက် ရခြင်းဖြစ်သည်။




( ၇ ) မြန်မာနိုင်ငံသည် ကမ္ဘာ့အတော်ဆုံး၊အကျွမ်းကျင်ဆုံးစီးပွါးရေးသမားများပေါ်ထွက် ရာ နိုင်ငံအဖြစ် ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။


ရွေးချယ်ရသော အကြောင်းအရင်း။    ။အခြားနိုင်ငံများတွင် တစ်ရာ၊တစ်ထောင်လောက်သာ ရနိုင်သော ပစ္စည်းများ၊ ဘယ်သူမှမ၀ယ်မည်စိုး၍သုံးစွဲသူများကို အောက်ကျနောက်ကျခံပြီး မိမိပစ္စည်းသုံးအောင် အလကားပေးပြီးမနည်းရုံးကန်ယှဉ်ပြိုင်နေရခြင်းတို့ဖြင့်မိမိတို့လုပ်ငန်းလည်ပတ်အောင်မနည်းလုပ်နေရသော်လည်း၊ မြန်မာနိုင်ငံတွင်မူထိပ်ပိုင်းတာဝန်ရှိသူအချို့နှင့်  စီးပွါးရေး လုပ်ငန်းရှင်ကြီးအချို့သည်အ ခြားနိုင်ငံ များတွင် တစ်ရာ၊ တစ်ထောင်လောက်သာရနိုင်သော ပစ္စည်းများကို မိမိတို့နိုင်ငံတွင်အဆပေါင်းသောင်း နဲ့ချီရအောင်ရောင်းပြသွားပြီး၊ စားသုံးသူများမှလည်းဤပစ္စည်းများကို မျက်နှာငယ်လေးများဖြင့် အဟောက်ခံ၊ အဟစ်ခံတိုးဝှေ့ဝယ်ယူရပြီး  ရောင်းချသူများ၏ ခြေသလုံးဖက်ပြီး မ၀ယ်ယူရသည်ကိုပင်၎င်းတို့မှ သဘောထားကြီးမားလှပေသည်ဟုအောင့်မေ့ကျေးဇူးအထူးတငရှိပြီးဝယ်ယူရလေအောင် မိမိ တို့၏စီးပွါးရေးပညာဘယ်လောက်ကျွမ်းကျင်ကြောင်းကိုပြသသွားပြီး၊အခြား ကမ္ဘာ့နိုင်ငံများမှ မျက်လုံးအပြူးသားနဲ့ အံ့သြမှင်တက်ပြီး လေးစားသွားရလောက်အောင် ပြသနိုင်သောကြောင့်
  နိုဘယ်လ်ဆု ပေးရေးအဖွဲ့သည်မြန်မာ့စီးပွါးရေးလုပ်ငန်းရှင်ကြီးများအား ( စီးပွါးရေး နိုဘယ်လ်ဆု )ပင်ပေးရင်ကောင်းမလားဟု နိုဘယ်လ်ဆု ပေးရေးအဖွဲ့ကိုပင်ခေါင်းစားအောင် ပြုလုပ်နိုင်သောကြောင့်

ရွေးချယ်လိုက်ရခြင်းဖြစ်သည်။



( ၈ )စွန့်ပစ်အမှိုက် ပစ္စည်းများအား အလေအလွင့်မရှိရလေအောင်  ကမ္ဘာပေါ်တွင်အကောင်းဆုံးစီမံခန့်ခွဲမှု အရှိဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံအားကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။


ရွေးချယ်ရသော အကြောင်းအရင်း။    ။တချို့သော နိုင်ငံများသည်မိမိနိုင်ငံတွင်ထားရှိပါက အန္တရာယ် ရှိသောကြောင့်လည်းကောင်း၊စွန့်ပစ်စရာနေရာမရှိသောကြောင့်သော်လည်းကောင်း ၊ အမှိုက်အဖြစ် ဖျက်ဆီးလိုက်ပါကလည်း  တစ်ပြားမှမရပဲဆုံးရှုံးမည့်အတူတူ ၊ဘယ်နိုင်ငံမှမယူသော၎င်းတို့နိုင်ငံ၏အမှိုက်များ အား ၊အလကားလည်းစွန့်ပစ်ပြီးသားလည်းဖြစ်၊ပိုက်ဆံလဲရ တစ်ပြားရရ၊ တစ်ပဲရရဆိုပြီးမြန်မာနိုင်ငံ သို့တင်ပို့လိုက်ရာ မြန်မာအစိုးရ အဖွဲ့ဝင်အချို့နှင့် လုပ်ငန်းရှင်အချို့သည်ဤအမှိုက်များအား သိသိ ကြီးနှင့်သော် လည်းကောင်း၊ မသိလိုက်မသိဘာသာသော်လည်းကောင်း ပြည်တွင်းတွင် အလေအလွင့်မရှိ ရလေအောင်စနစ်တကျ စီမံခန့်ခွဲပြီး အလေအလွင့်မရှိရောင်းချနိုင်သောကြောင့် စွန့်ပစ်အမှိုက်
ပစ္စည်းများအားအကောင်းဆုံးစီမံခန့်ခွဲမှုအရှိဆုံးနိုင်ငံအဖြစ်မြန်မာနိုင်ငံအား ရွေးချယ်လိုက်ရခြင်းဖြစ်သည်။



( ၉ ) မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဧည့်သည်များနေပျော်ရာ၊ဧည့်သည်အများဆုံးနေထိုင်ရာနိုင်ငံအဖြစ် လည်းကောင်း၊ ကမ္ဘာပေါ်တွင်ဤလုပ်ငန်းမှ နိုင်ငံ့ဝင်ငွေအများဆုံးရှာဖွေပေးရာ နိုင်ငံအဖြစ်ကမ္ဘာ့စံချိန် သစ်အဖြစ်ရွေးချယ်လိုက်သည်။


ရွေးချယ်ရသော အကြောင်းအရင်း။    ။မြန်မာနိုင်ငံသားများသည်နိုင်ငံသားဆိုသော်လည်း အခြားပြည်နယ်၊ တိုင်းမဆိုထားနဲ့ဦး၊ဟိုဘက်လမ်းနှင့် ဒီဘက်လမ်းညအိပ်ညနေသွားနေလျှင်ပင် ဧည့်စာရင်းတိုင်ရပေသည်။

  ဤသို့ကြောင့်  မြန်မာနိုင်ငံသားများသည်နိုင်ငံသားဆိုသော်လည်းဧည့်သည်များဖြစ်နေသောကြောင့်
ဧည့်သည်အများဆုံးနေထိုင်ရာ တိုင်းပြည်ဖြစ်ခြင်း ။

ထိုကြောင့်  ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းအား အားကိုးစရာမလိုပဲ ဧည့်စာရင်းတိုင်ကြားခ ၀င်ငွေဖြင့်ပင် တိုင်းပြည်အားအခွန်ဝင်ငွေအား တိုးပွါးအာင် ပြုလုပ်ပေးနိုင်သောကြောင့်အခြားဒီမိုကရေစီနိုင်ငံများ အတုယူ လေ့လာနိုင်စေရန်ဧည့်သည်အများဆုံးနေထိုင်ရာနိုင်ငံအဖြစ် ရွေးချယ်လိုက်ရခြင်းဖြစ်သည်။


( ၁၀ ) ကမ္ဘာပေါ်တွင် အပြောနှင့်အလုပ်ညီသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်အရှိဆုံးနိုင်ငံအဖြစ်  မြန်မာနိုင်ငံအားကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။


ရွေးချယ်ရသော အကြောင်းအရင်း။    ။မြန်မာပြည်၏ ကျန်းမာရေး ဌာနမှ၎င်းတို့ကျန်းမာရေးဌာနသည် လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာနကဲ့သို့မဟုတ်ပဲအပြောနှင့်အလုပ်ညီသော ဌာနဖြစ်ကြောင်း ၊ဤသည်အား အတည်ပြုပေးပါရန်ဖိတ်ခေါ်သောကြောင့်ကျွန်ုပ်တို့၏ ကမ္ဘာ့ စံချိန်စံညွှန်း စစ်ဆေးရေးအဖွဲ့သည်နိုင်ငံပိုင်ဆေး ရုံများ၊ ကျန်းမာရေးဌာနများသို့ ရုပ်ဖျက်ပြီးသွားရောက်စစ်ဆေးရာ တကယ်ပင် အပြောနှင့်အလုပ်ညီသော ၀န်ကြီးဌာနအဖြစ် ကျွန်ုပ်တို့ စံချိန်စံညွှန်း စစ်ဆေးရေးအဖွဲ့မှကန့်ကွက်သူမရှိ ချက်ချင်းအသိအမှတ်ပြု လိုက်ရပေသည်။မပြု၍ မဖြစ်ပေ။

၎င်းတို့၏ ကျန်းမာရေးဝန်ကြီးဌာနဆောင်ပုဒ်ဖြစ်သော  ( "စရိတ်မျှပေး ကျန်းမာရေး") ပေါ်လစီကို အောက်ခြေ ၀န်ထမ်းမှစပြီးအထက်ဆုံးပုဂိုလ်အထိလွန်စွာလိုက်နာကျင့်သုံးသောကြောင့်ကျွန်ုပ်တို့စစ်ဆေးရေး အဖွဲ့မှာအပြန်လေယာဉ်ခကိုပင်
သံရုံးမှချေးသွားရသောကြောင့်ပင်ဖြစ်သည်။

 အဘယ့်ကြောင့်ဆိုသော်ကျွန်ုပ်တို့စစ်ဆေးရေးအဖွဲ့သည်ကျန်းမာရေးဌာနများ၊ဆေးရုံဆေးပေးခန်းများသို့ဝင်ရောက်ရာ ( " စရိတ်မျှပေး ကျန်းမာရေး")ဆိုသော ဆောင်ပုဒ်အတိုင်း ကျွန်ုပ်တို့စစ်ဆေးရေး အဖွဲ့သည်တံခါးပေါက်စောင့် ၀န်ထမ်းမှစပြီး အပေါ်ဆုံးအကြီးဆုံးပုဂိုလ်အထိမိမိတို့တွင်ပါလာသော    ( ဒင်္ဂါးပြား )လေးများအား မျှပြီးပေးခဲ့ရသောကြောင့်ဖြစ်သည်။ ဆေးရုံမှ ပြန်ထွက်ခ မတောင်းသည်ကိုပင် ကျေးဇူးတင်ခဲ့ရသေးသည်။

   ထိုကြောင့်မြန်မာပြည်၏ ကျန်းမာရေး ဌာနများ၊ဆေးရုံဆေးခန်းများ၊ ကျန်းမာရေး ၀န်ကြီးဌာနအား အပြောနှင့်အလုပ်ညီသောဌာနအဖြစ် တညီတညွှတ်တည်း ရွေးချယ်လိုက်ရခြင်းဖြစ်သည်။


       ဤသို့ ဂုဏ်ယူစရာကောင်းသော စံချိန်များ ဆက်လက်ထိန်းသိမ်းနိုင်ရန၊်စံချိန်များ ဒီထက်ပိုမို၍ တိုးတက်စေရန် မြန်မာနိုင်ငံရှိ အထက်ပါစံချိန်ရှင်များသည် ဆက်လက်၍်ကြိုးပမ်းလျှက် ရှိသည်။ဤသို့ဖြင့် မြန်မာနိုင်ငံသည် ကမ္ဘာ့ ဂင်းနစ်အဖွဲ့ချုပ်ကြီးမှယခုနှစ်အတွက် ချီးမြှင့်သော ဆုများအား လုံးကို သိမ်းပိုက်သွားနိုင်သောကြောင့် မြန်မာနိုင်ငံသည် ဤစံချိန်များရရှိအောင်မည်သို့ကြိုးစားအားထုတ် ထားသည်ကို လေ့လာရအောင် အခြားနိုင်ငံများမှ အစိုးရအဖွဲ့ဝင်များ၊ သံတမန်များ၊ NGO
များ၊ ပညာရှင်များ၊ စီးပွါးရေးလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံသို့လာရောက်ရန်ပြင်ဆင်နေကြကြောင်း သတင်းရရှိသည်။


ဒါတင်ဘယ်ကမလဲ..ပျော်စရာအလွန်ပေါသောနိုင်ငံလည်းဖြစ်၏
(1)မီးပြန်လာလျှင်ပျော်ရသည်
(2)ရေတင်လို့ရလျှင်ပျော်ရသည်
(3)ဘတ်စကားချောင်လျှင်ပျော်ရသည်
(4)မီးခွန်..ဘာခွန်..ညာခွန်..သွားဆောင်စဉ် တန်းမစီရလျှင် ပျော်ရသည်

အများထက်ပိုပြီး ထူးခြားသည်မှာ စကားလုံးလှလှလေးများ ကြားရရုံနှင့်ပင်ပျော်ကြရသည်။ ဥပမာ၊ပြုပြင်ပြောင်းလဲရေးဒုတိယအဆင့် (ပထမအဆင့်ဘယ်ဆီနေမှန်းမသိသေး)

အခြားပျော်စရာများ စဉ်းစားမိသူများ ဆက်လက်ဖြည့်စွက်ကြပါကုန်......

မေးလ်ထဲက လက်ဆင့်ကမ်း ရတာပါ။

ကြည့်သူဦးရေ: 789

Tags: ဟာသ

မှတ်ချက်လေး တစ်ခုဟာစာရေးသူအတွက် အားဆေးဖြစ်ပါတယ်

You need to be a member of ♥ မြန်မာချစ်သူမိသားစု ♥ to add comments!

Join ♥ မြန်မာချစ်သူမိသားစု ♥

Comment by Hyper Intelligent on October 31, 2012 at 1:01pm

Comment by chitminhtut on October 31, 2012 at 2:09am

မဟုတ်တာ မပြေားနဲ.  ဟုတ်တာပဲပြေားပါနော်ဟဲးဟဲ

Comment by အောင်ဖုန်း on June 29, 2012 at 5:43pm
Good
Comment by yinminei on June 28, 2012 at 6:29pm

good thank ................ :D

Comment by kyawthuaung on June 28, 2012 at 12:37pm

NICE..........

Comment by thetzaw on June 26, 2012 at 8:39pm

တော်တော်မိုက်တဲ့စကားတွေပဲဗျာ။ရေးတဲ့လူကိုတော်တော်လေးစားပါတယ်။

Comment by Myo Min on June 24, 2012 at 9:49am
very good
Comment by ကမ္ဘာငယ်လေး on June 23, 2012 at 8:50am

မိုက်တယ်

Comment by ကောင်ဆိုးလေး on June 22, 2012 at 8:07pm

ဂွတ်ကွာ

Comment by susu on June 22, 2012 at 6:25pm

ကဲရဲ.တာ ကိုလူတိုင် လုပ်နိင် တယ်၊ ချီးမွန်းတာကိုလူတိုင်မလုပ်နိင်ဘူး

 

About

© 2013   ရဲဂျာမှ မြန်မာချစ်သူမိသားစုကို တည်ထောင်ခဲ့ပါသည်   Powered by

Badges  |  Report an Issue  |  Terms of Service

Offline

Live Video