♥ မြန်မာချစ်သူမိသားစု ♥

မြန်မာချစ်သူမိသားစု

သင့်ကို တကယ် အလေးအနက်ထားသူဟာ... သင်နဲ့ စကားပြောတဲ့အခါ... ၀တ္တရားကျေရုံ မပြောဘူး....

သင့်ကို တကယ် အလေးအနက်ထားသူဟာ... သင်နဲ့ တွေ့ဆုံတဲ့အခါ... ပြောစရာ စကားကို မရမက ရှာပြီး... စိတ်ဝင်စားအောင် ပြောတတ်တယ်....

သင့်ကို တကယ် အလေးအနက်ထားသူဟာ... သင် ချမ်းတဲ့အခါ... ချက်ချင်းပဲ အလျင်အမြန် သူ့အနွေးထည်ကို ချွတ်ပေးပြီး သင့်ကို ၀တ်ပေးတယ်... သူ့မှာတော့ မချမ်းတဲ့ အမူအရာနဲ့ပေါ့...

သင့်ကို တကယ် အလေးအနက်ထားသူဟာ... သင့်ဆီက ဘာ သတင်းမှ မကြားရတဲ့အခါ.... သင့်ကို မရမက ဖုန်းဆက်ပြီး မေးလေ့ရှိတယ်...

သင့်ကို တကယ် အလေးအနက်ထားသူဟာ... သင် နေမကောင်းတဲ့အခါ... သင့်ကို စိတ်ပူပန်ပြီး... အမြဲနှစ်သိမ့်အားပေးတတ်တယ်...

သင့်ကို တကယ် အလေးအနက်ထားသူဟာ... သူမဟုတ်တဲ့ တခြား တစ်ယောက်နဲ့  အနေနီးစပ်လွန်းတဲ့အခါ... သ၀န်တိုပြီး ကလေးတစ်ယောက်လို ဒေါသဖြစ်နေတတ်တယ်...

သင့်ကို တကယ် အလေးအနက်ထားသူဟာ... သင်နဲ့ စိတ်ဆိုးတဲ့အခါ.... သူ့ဘက်က မှားသည်ဖြစ်စေ...မှန်သည်ဖြစ်စေ.... ဒေါသကို လျော့ပြီး သူက အရင် တောင်းပန်လေ့ရှိတယ်...

သင့်ကို တကယ် အလေးအနက်ထားသူဟာ... သင့်ရှေ့မှာ သူဟာ ကလေးဆန်ဆန် ပြုမူနေထိုင်တတ်ပေမဲ့... သူ့စိတ်ထဲမှာတော့... သင့်ကို အမြဲလိုလို ကလေးလို သဘောထားတတ်တယ်....

သင့်ကို တကယ် အလေးအနက်ထားသူဟာ... သင့်ကို နေ့တိုင်း သတိရနေတတ်တယ်.... စကားလုံးတွေနဲ့ ပြောဆိုခွင့်မရှိသည့်တိုင်... သင့်ကို သတိရကြောင်း တစ်နည်းနည်းနဲ့ ပြသတတ်တယ်....

သင့်ကို တကယ် အလေးအနက်ထားသူဟာ... သူ ဘာကိစ္စပဲရှိရှိ သင့်ကို အရင်ဆုံးပြောပြတယ်... ဘာလို့လဲဆိုတော့ သင် ဂရုစိုက်တာကို လိုချင်လို့ပါ....

သင့်ကို တကယ် အလေးအနက်ထားသူဟာ... လုပ်နိုင်တဲ့ အရာမှန်သမျှကို သင့်အတွက် စိတ်ပါလက်ပါ လုပ်ပေးတတ်တယ်... ဘာကြောင့်လဲ ဆိုတာ မေးလေ့မရှိဘူး....

သင့်ကို တကယ် အလေးအနက်ထားသူဟာ... သံသယ များတတ်တယ်... ဒါကလဲ သူ သင့်ကို တကယ်ဂရုစိုက်လို့ပါပဲ....


သင့်ကို အလေးအနက်ထားချစ်တဲ့သူဟာ.... သင့်ကို ဂရုစိုက်ဆုံး သူပါပဲ.... သူက..... သင့်ရဲ့ ပျော်ရွှင်မှုကို ဂရုစိုက်တယ်... သင့်ရဲ့ သောကတွေကို အလေးထားတယ်... သင့်ရဲ့ စိတ်ချမ်းသာမှုတွေကို တန်ဖိုးထားတယ်... သင့်ရဲ့ မျက်ရည်တွေကို ခြောက်ခမ်းစေတယ်... သင့်ရဲ့ ဒဏ်ရာတွေကို ကုစားပေးတယ်... သင့်ရဲ့ စကားလုံးတိုင်းကို အလေးအနက်ထားတယ်... သင့်ရဲ့ လှုပ်ရှားမှုတိုင်းကို သတိထားမိတယ်... ပြီးတော့ သူ့ရဲ့ ဒဏ်ရာတွေကို သင် မရိပ်မိ စေဖို့ပေါ့..

ကြည့်သူဦးရေ: 687

Tags: ရသ

မှတ်ချက်လေး တစ်ခုဟာစာရေးသူအတွက် အားဆေးဖြစ်ပါတယ်

You need to be a member of ♥ မြန်မာချစ်သူမိသားစု ♥ to add comments!

Join ♥ မြန်မာချစ်သူမိသားစု ♥

Comment by htet htet on October 29, 2012 at 5:32pm
ဒီလိုလေးတွေအလေးထားပြီးမှထားသွားရက်တာကိုရော
Comment by swe swe on September 10, 2012 at 10:19pm

အဲလိုဂရုစိုက်မှုတော.ရှိပါတယ် ဒါပေမယ်.သူ.မှာပိုင်ရှင်ရှိတော.ခက်နေတာလေ ဘာလုပ်ရမလဲ

Comment by eithandartun on September 8, 2012 at 4:44pm

အဲလိုမျိုးအလေးမထားရင်ကိုယ့်ကိုတကယ်မချစ်လို့ပေါ့နော်

Comment by Hnin Chit Thu on June 23, 2012 at 8:16pm

အဲ့ လိုမျိုး အရမ်းဂရုစိုက်ပြီး သူ ဘာလို့  ထားသွားရက်တာလဲဟင်

Comment by khinlay on June 23, 2012 at 12:50pm

ကျေးဇူးပါ

Comment by လေပြေသွေး on June 21, 2012 at 3:28pm

တန်ဖိုးရှိတဲ့ ပို့စ်လေးပါ

Comment by Daw blossom thaung on June 21, 2012 at 2:19pm
မရှိတော့ ဘယ်လို comment ပြန်ပေးရ မလဲမသိဘူး။ ဟုတ်ချင်ဟုတ်မှာပေါ့လေ။
Comment by ဆုထက်အောင် on June 20, 2012 at 8:03pm
စိတ်ကူးသက်သက်ပဲနော် လက်တွေ့တော့သိပ်မဆန်ဘူး ဝေဖန်တာမဟုတ်လို့ စိတ်မဆိုးပါနဲ့
Comment by naynaykyaw on June 20, 2012 at 7:39pm

Thank you

Comment by မေပန်းချီ on June 20, 2012 at 4:49pm
ဟုတ်ပါလိမ့်မယ် တို့တွေ့ဖူးတဲ့ လူတစ်ယောက်လိုပေါ့

About

© 2013   ရဲဂျာမှ မြန်မာချစ်သူမိသားစုကို တည်ထောင်ခဲ့ပါသည်   Powered by

Badges  |  Report an Issue  |  Terms of Service

Offline

Live Video