♥ မြန်မာချစ်သူမိသားစု ♥

မြန်မာချစ်သူမိသားစု

ရင်ခွင်ပျောက် သားတစ်ယောက်၏ ရင်းတွင်းဖြစ်

မေမေကပြောတယ် ဖေဖေက အဝေးကြီးကို ထွက်သွားတော့မှာတဲ့လေ..။ ပိုက်ဆံတွေ သွားရှာမှာတဲ့။ ပိုက်ဆံတွေ အများကြီးရရင် ပြန်လာခဲ့မယ်တဲ့..။ သားတို့  မိသားစု နေဖို့  အိမ်ကောင်းကောင်းလေး တစ်လုံးရယ် တစ်ခြားအရင်းအနှီးငွေတွေ ရရင် ပြန်လာမှာတဲ့ ..။ ဟိုမှာ နေတုန်း အချိန်တွေလဲ သားသားအတွက် ကစားစရာတွေ အများကြီး ပို့ ပေးမယ်တဲ့လေ..။ အဲ့ဒါတွေ ရဖို့  နိုင်ငံခြားဆိုတဲ့ သားမသိတဲ့ နေရာတစ်ခုကို သွားမှာတဲ့..။

                     “ဖေဖေ” သားဖေဖေ့ကို အဝေးကြီး မသွားစေချင်ဘူး..။ သား ကစားစရာ အများကြီး မရရင်နေပါ..။ ဖေဖေနဲ့  တစ်ခါတစ်လေ ဘောလုံးကန်ခွင့်လေးရရင် တူတူကစားခွင့်တွေ ရရင် သားပျော်ပါပြီး..။ ဖေဖေ အဝေးကို ထွက်သွားခဲ့ရင် တစ်ခါတစ်လေ ဖေဖေ့ ကျောပေါ်ကို ဆင်ကြီးလုပ်စီးပြီး၊ တစ်ခါတစ်လေတော့လဲ ဖေဖေ့ပခုံးပေါ်ကို ရှင်လောင်းလှည့်သလို ထိုင်းစီးနေရတဲ့ ပျော်ရွှင်မှုတွေ သားဘယ်လိုလုပ်ရတော့မလဲနော်..။ ဖေဖေ သား ဖေဖေ့ကို အဝေးကြီး မသွားစေချင်ဘူးဖေဖေ..။ 

                ဖေဖေ ရွာမှာပဲ သားတို့  တူတူနေကြရအောင်နော်..။ ဖေဖေအလုပ်ထွက်လုပ်ရင် သားလဲ အိမ်မှာ မေမေ့ကို ကူနိုင်သလောက် ကူညီပေးမယ်လေ..။ ညရောက်ရင် ဖယောင်းတိုင်မီး မှိန်မှိန်အောက်မှာ သားတို့  ထမင်းတူတူစားကြတာပေါ့..။ ဖေဖေ အလုပ်ပန်ပမ်းလို့  ညောင်းရင် သားနှိပ်ပေးမယ်လေ..။ သားမရတဲ့ စာတွေလဲ ဖေဖေက ဝိုင်းကူပြပေးပေါ့..။

                   ဒါပေမဲ့ ဖေဖေ ...။ သားရင်ထဲက ပြောနေတဲ့ စကား ဖေဖေမကြားခဲ့ဘူးနော်..။ ဖေဖေ အဝေးကြီးးကို ထွက်သွားတယ်..။ သား ကြေကြေကွဲကွဲ ငိုခဲ့ရပါတယ် ဖေဖေ..။ မေမေလဲ ငိုနေတယ်..။ ဒါပေမဲ့ မေမေက ပြောတယ်  မေမေတို့  အဆင်ပြေဖို့ ၊ ခဏတာ ခွဲခွာရတာပါတဲ့..။

                   ဖေဖေသွားပြီး မကြာဘူး သားတို့ အတွက် ပိုက်ဆံတွေ အများကြီးပို့ လာတယ်နော်..။ မေမေက သားအတွက် အရုပ်တွေ အများကြီး ဝယ်ပေးသေးတယ်..။ သားကစားချင်တဲ့ ဘောလုံးလဲ ဝယ်ပေးတယ်ဖေဖေ..။ ဒါပေမဲ့ သားမပျော်ပါဘူး..။ သားက ဖေဖေနဲ့ ပဲ ဘောလုံးကန်ချင်တာလေ..။ ဖေဖေမရှိတော့ သားမှာ ဘောလုံးကန်တဲ့ အဖော်မရှိဘူးပေါ့..။

                 ဖေဖေ ထွက်သွားကာစက ပိုက်ဆံတွေ အများကြီး ပို့ ပေးတယ်နော်..။ အမြဲတမ်းလဲ ပို့ ပေးခဲ့တယ်..။ တစ်မိုးလွန်လို့  နှစ်မိုးမြောက်တော့ ဖေဖေဆီက ပိုက်ဆံတွေ လာတာ မတွေ့ ရတော့ဘူးနော်..။ မေမေ ဟင်းရွက်တွေ ယူပြီးရောင်းနေတယ်..။ပြီးတော့ မေမေ အမြဲငိုနေတယ် ဖေဖေ..။

                     တစ်နေ့  မေမေက သားကို ပြောလာတယ် ဖေဖေရှိတဲ့ နေရာလိုက်သွားမယ်တဲ့..။ သားမေမေ့ကို မသွားစေချင်ဘူးဖေဖေ..။ ဖေဖေထွက်သွားတုန်းကတောင်မှ အရမ်းအထီးကျန်တယ်လို့  သား ခံစားနေရတာ၊ မေမေပါ ထပ်သွားရင် သား တစ်ယောက်ထဲ ကျန်နေခဲ့ရတော့မှာပေါ့..။ သားကိုတော့ မေမေက ဖေဖေ့ဆီ လိုက်သွားမယ်လို့ သာပြောပါတယ် ဖေဖေ..။ မေမေတို့  လူကြီးတွေ ပြောနေတာက ဟိုနိုင်ငံမှာ ဖေဖေက ကွန်တွေပြစ်ပြီး ငါးတွေ ဖမ်းနေတယ်ဆိုပဲ....။ သားတို့  ရွာက ဦးလှတို့ လဲ ချောင်းထဲမှာ ကွန်ပြစ် ငါးဖမ်းကြတာပဲ..။ ဒါပေမဲ့ သူတို့  မိသားစု အေးအေးချမ်းချမ်းနဲ့  စားနေရပါတယ်..။ သူ့ မိန်းမ ဒေါ်ကြိုင် တစ်ခါမှ မငိုရပါဘူး..။

                      သားသိပါတယ်..။ ကွန်ပြစ်ငါးဖမ်းပြီး အသက်မွေးတယ်ဆိုတာ အကုသိုလ် အလုပ်..။ သူများအသက်ကိုရင်းပြီး မိသားစု ဘဝကို ဖြေရှင်းရတာမို့  ငရဲကြီးတတ်တယ်ဆိုတာ သားသိပါတယ်..။ ဒါကြောင့် ဖေဖေ ကွန်ပြစ်ငါးဖမ်းတာကို မေမေ မကြိုက်လို့  ငိုတယ်နေမှာနော်..။ အဲ့ဒီ ဖေဖေ့လုပ်ရပ်တွေကို တားဆီးဖို့  ဖေဖေရှိတဲ့ဆီ မေမေသွားမှာတဲ့..။

                        ဒီလိုနဲ့ ပဲ ဘွားဘွားနဲ့  သားကို ထားခဲ့ပြီး မေမေ ထွက်သွားပြန်ပြီး..။ သားလေး ဖေဖေ ပို့ ပေးလိုက်တဲ့ ပိုက်ဆံနဲ့  မေမေဝယ်ထားပေးတဲ့ အရုပ်လေးကို ဖက်ပြီး ခြံထောင့်က သရက်ပင်အောက်မှာ တိတ်တိတ်လေး ငိုနေမိတယ် ဖေဖေ..။ သားဘွားဘွားနဲ့  အမြဲတမ်း မနေချင်ဘူး..။ ဘွားဘွားက အသက်လဲ ကြီးနေပြီး..။ သားတို့  နှစ်ယောက်ထဲ ဘယ်လိုနေရမှာလဲ ဖေဖေ..။

                     သားမကြားအောင် ဘွားဘွားတို့  ပြောနေတယ်..။ ဒါပေမဲ့ သားကြားခဲ့ပါတယ်...။ သားတိတ်တိတ်လေး နားစွင့်နေမိတယ်..။ ဘွားဘွားတို့  ပြောတာ ဖေဖေနဲ့  မေမေ တို့  အဆင်မပြေဘူးတဲ့..။ ဘယ်လိုမှ ညှိလို့ မရဘူးတဲ့..။ ဘွားဘွားတို့  ပြောတဲ့ အဓိပ္ပါယ်က ဘာလဲ ဖေဖေ..။ သူတို့  ပြောတာ ဖေဖေ သားတို့ နဲ့  တူတူ မနေတော့ဘူးဆိုပဲ..။ မဟုတ်ပါဘူးနော် ဖေဖေ..။ ဖေဖေ မေမေ့ စကားနားထောင်မှာပါနော်..။

                         သားထပ်ကြားရတယ် ဖေဖေ..။ ဖေဖေနဲ့  မေမေ လမ်းခွဲလိုက်ပြီးတဲ့..။ ဘာကို ပြောတာလဲ ဖေဖေ..။ ဖေဖေသားတို့ နဲ့  အတူတူ မနေတော့ဘူးဆိုတာလား...။ မဟုတ်ပါရစေနဲ့ နော်ဖေဖေ..။ ဖေဖေမှာ ကျွန်တော် ရှိနေသေးတယ်လေ..။ ကျွန်တော် ဖေဖေ့သားလေ..။ သားတို့  တစ်နေ့  အိမ်ကောင်းကောင်းနဲ့  တူတူနေကြမယ်လို့  ဖေဖေ ပြောခဲ့တယ်လေ..။ ဖေဖေဘာလို့  ဖေဖေ့ စကားကို မတည်ရတာလဲ..။

                   ဖေဖေ........။ ပြန်လာပါနော်..။သားတို့ ရှိတဲ့ ဆီကို ပြန်လာပါနော်..။

                  ဖေဖေ ဒီနေ့  ဘွားဘွားက ငိုနေတယ်..။ မေမေ ဖုန်းဆက်တယ်တဲ့ ..။ ဖေဖေ အဖမ်းခံရတယ်ဆိုပဲ..။ ဖေဖေ တားမြစ်ထားတဲ့ နေရာတွေမှာ ငါးဖမ်း ကွန်ပြစ်လို့ လားဟင်း..။ ဒီမှာလဲ ငါးရစ်တက်ချိန်တွေဆို ငါးဖမ်းခွင့် ပိတ်ထားပါတယ်..။ ခိုးဖမ်းတာ မိရင်တော့ ဒဏ်ငွေရိုက်တယ်လို့  ဦးကြီးလှကတော့ပြောပါတယ်....။ ဖေဖေလဲ ဒဏ်ငွေထိမယ်ထင်တယ်နော်..။ အဲ့ဒီမှာ ဒဏ်ငွေ အများကြီးရိုက်လားဟင်း..။

                 ဖေဖေ...။ ဘွားဘွားက ပြောတယ် ..။ အဲ့ဒီနိုင်ငံမှာ ဖေဖေလုပ်နေတဲ့ အလုပ်ကို လုပ်ရင် ဖမ်းမိရင် သေဒဏ်တဲ့..။ အပြစ်က အဲ့လောက်တောင်ကြီးလားဖေဖေ..။ ငါးဖမ်းတာ မိတာနဲ့  သေဒဏ်လားဖေဖေ..။ ဘွားဘွားက ပြောတယ် ဖေဖေက ငါးတွေပါ ရောင်းတာဆို..။ ငါးဖမ်းတာသာ ရောင်းရင် သူတို့  နိုင်ငံမှာ ငါးရောင်းတဲ့သူတွေ မရှိတော့ဘူးလားဖေဖေ..။ သူတို့ တွေ ငါးမစားကြဘူးလားဖေဖေ..။

                    ဖေဖေ...။ ကလေးအတွေးနဲ့  ကျွန်တော် မသိပါဘူးဖေဖေ..။ ကျွန်တော် နားမလည်နိုင်တဲ့ အရာတွေ အများကြီး ရှိနေသေးတယ် ဆိုတာ ကျွန်တော်သိပါတယ်..။ ကျွန်တော် တစ်ခုပဲ သေချာသိတာက တကယ်သာ ဘွားဘွားပြောတာမှန်နေခဲ့ရင် ကျွန်တော့်ဖေဖေ............

          ဖေဖေ......ဘယ်တော့မှ အိမ်မပြန်လာနိုင်တော့ဘူးပေါ့နော်...။ ဖေဖေ့ကို သား ဘယ်တော့မှ ပြန်မတွေ့ ရတော့ဘူးပေါ့နော်....။ သားရင်ထဲက ဖေဖေ့ကို တစ်ဝကြီးခေါ်ပါရစေ

 

                       ဖေဖေ!!!!!!!!!

 





..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

 

 

 

ကြည့်သူဦးရေ: 12

Tags: ရသ

မှတ်ချက်လေး တစ်ခုဟာစာရေးသူအတွက် အားဆေးဖြစ်ပါတယ်

You need to be a member of ♥ မြန်မာချစ်သူမိသားစု ♥ to add comments!

Join ♥ မြန်မာချစ်သူမိသားစု ♥

Comment by Wai Yan Tun on June 21, 2012 at 1:58pm

အရမ်းကောင်းပါတယ်........ 

About

© 2013   ရဲဂျာမှ မြန်မာချစ်သူမိသားစုကို တည်ထောင်ခဲ့ပါသည်   Powered by

Badges  |  Report an Issue  |  Terms of Service

Offline

Live Video