♥ မြန်မာချစ်သူမိသားစု ♥

မြန်မာချစ်သူမိသားစု

မသီတာထွေးအား အဓ္ဓမပြုကျင့်ပြီး ပစ္စည်းများ လုယူသတ်ဖြတ်ခဲ့သူများကို စီရင်ချက်ချ

ရခိုင်ပြည်နယ် ရမ်ဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာအုပ်စု၊ သပြေချောင်ကျေးရွာနေ မသီတာထွေးအား မေလ ၂၈ ရက်နေ့က အဓ္ဓမပြုကျင့်ပြီး ပစ္စည်းများလုယူကာ သတ်ဖြတ်ခဲ့သော တရားခံများအား ဇွန်လ ၁၈ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် ကျောက်ဖြူခရိုင်တရားသူကြီးက သေဒဏ် ချမှတ်လိုက်ကြောင်း သတင်းရရှိပါသည်။

မသီတာထွေးအား အဓ္ဓမပြုကျင့်ကာ ပစ္စည်းများ လုယူသတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသူ သုံးဦးအနက် အဓိက တာဝန်အရှိဆုံးအဖြစ် စွပ်စွဲခံခဲ့ရသူ ထက်ထက်(ခ)ရော်ရှီးမှာ ဇွန်လ(၉)ရက်နေ့ ညနေ ငါးနာရီခန့်က ကျောက်ဖြူအကျဉ်းထောင်အတွင်း၌ မိမိကိုယ်ကိုယ် အဆုံးစီ ရင်သွားခဲ့ခြင်းကြောင့် ကျန်နှစ်ဦးဖြစ်သည့် ရော်ဖီးနှင့်ခိုချီးတို့နှစ်ဦးမှာ ယခုပြစ်ဒဏ်အား ခံစားရမည်ဖြစ်သည်။

မသီတာထွေး၏ အမှုအား ဇွန်လ(၈)ရက်နေ့တွင် စတင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ပုဒ်မ ၃၇၆/၃၉၂/၃၀၂ (၁)(ဂ)တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ဇွန်လ၁၃ရက်နေ့တွင် တရားလို သက်သေများအား စစ်ဆေးခဲ့ပြီးနောက် ဇွန်လ ၁၄ ရက်နေ့တွင်  ကျောက်ဖြူခရိုင် တရားသူကြီးအား လျှောက်လွှဲချက်များ တင်သွင်းပြီး အဆိုပါ ပြစ်မှုဆိုင်ရာပုဒ်မများဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ဇွန်လ ၁၅ ရက်နေ့တွင် တရားခံများအား စစ်ဆေးခဲ့ပြီး ဇွန်လ ၁၈ ရက်နေ့တွင် စီရင်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။

'' မနက် ၁၁ နာရီ ၅၀ မိနစ်မှာ ကျောက်ဖြူခရိုင် တရားရုံးက ခရိုင်တရားသူကြီးက ထက်ထက်(ခ) ရော်ရှီး၊ရော်ဖီးနဲ့ ခိုချီးတို့ကို ပုဒ်မ ၃၀၂(၁)(ဂ)အရ သေဒဏ် ချမှတ်ခဲ့ပါတယ်''ဟု ကျောက်ဖြူမြို့မှ Eleven Media Group ၏ သတင်းထောက်က သတင်းပေးပို့ပါသည်။

ထက်ထက်(ခ)ရော်ရှီး၊ ရော်ဖီးနှင့် ခိုချီးတို့သည် ကျောက်နီမော်ကျေးရွာတွင် စက်ချုပ်သင်ပြီးပြန်လာသော မသီတာထွေးအား မေလ ၂၈ ရက်နေ့ ညနေပိုင်းက ကျောက်ထရံကျေးရွာအနီးတွင် အဓ္ဓမပြုကျင့်ကာ ပါလာသော ရွှေထည်ပစ္စည်းကို လုယူပြီး သတ်ဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ယခုစီရင်ချက်အား ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အတည်ပြုရဦးမည်ဖြစ်သည့်အတွက် ပြစ်ဒဏ် စီရင်ချက် ချမှတ်ခံရသူများ အနေဖြင့် ၇ ရက်အတွင်း အယူခံခွင့်ရှိမည်ဖြစ်ကြောင်းလည်း သိရပါသည်။

eleven media group မှ ကူးယူဖော်ပြသည်။

ကြည့်သူဦးရေ: 845

Tags: သတင်း

မှတ်ချက်လေး တစ်ခုဟာစာရေးသူအတွက် အားဆေးဖြစ်ပါတယ်

You need to be a member of ♥ မြန်မာချစ်သူမိသားစု ♥ to add comments!

Join ♥ မြန်မာချစ်သူမိသားစု ♥

Comment by ထာဝရ on January 20, 2013 at 3:21pm

တခါတည်း မသတ်သင့်ဘူး အဲဒီမြို့မှာ ကျွန်တော် ဒီလို လုပ်လို့ ဒီလို သေဒဏ်ခံရမည်ဆိုတာ တခြားသူတွေ သိအောင် အော်ခိုင်းသင့်တယ်

Comment by tinmyoe hein on October 4, 2012 at 4:20pm

သူတောင်းစား  ဝါးရင်:တုတ် နဲ့ရိုက်သတ်ပြီး    သေဒဏ်ပေးသင့်တယ်.... 

Comment by winmaungmaung on July 3, 2012 at 10:15am
ဒီ ယုတ်မာမှု အတွက် အပြစ်ပေးခြင်းဟာ သေဒါဏ် ထက် ပိုပြီးပြင်းတန်တဲ့ အပြစ်ပေးမှု များရှိခဲ့ရင်တောင် ဖြစ်လေရာ ဘ၀အဆက်ဆက်ထိ ပေးသင့်ပါတယ်.....
Comment by Pho on June 21, 2012 at 10:43pm

Comment by khunwahtaung on June 21, 2012 at 7:24pm
သေသင့်ပါတယ်လေ
Comment by u win naing on June 20, 2012 at 7:17pm
သေပြီး တာတောင် ၀ိဥာဉ်တွေ ကို နောက်ထပ် နှစ် ၈၀လောက် ထပ် ပြီး ချ ထား ရ မှာလေ
Comment by u win naing on June 20, 2012 at 7:17pm
သေပြီး တာတောင် ၀ိဥာဉ်တွေ ကို နောက်ထပ် နှစ် ၈၀လောက် ထပ် ပြီး ချ ထား ရ မှာလေ
Comment by swan pyit on June 20, 2012 at 5:50pm

သတ္တ၀ါအပေါင်းတို့သည် ကံတရားအတိုင်းသာဖြစ်ကုန်ကြတော့သည်။

Comment by khine zar htun on June 20, 2012 at 3:00pm

Comment by May Sabae Phyu on June 20, 2012 at 9:43am

ကောင်းတယ် သေမှ

About

© 2013   ရဲဂျာမှ မြန်မာချစ်သူမိသားစုကို တည်ထောင်ခဲ့ပါသည်   Powered by

Badges  |  Report an Issue  |  Terms of Service

Offline

Live Video