မြန်မာချစ်သူမိသားစု
ဟန်နီ
တစ်ဒုတ်ဒုတ်ခုန်နေကျရင်ဘတ်ကြီး
နီဆွေးဆွေးသွေးတွေစီးကျမှ
အလွမ်းတွေပြုတ်ကျပြီး
အလွမ်းကြီးလွမ်းနေရပါရောလား ဟန်နီ ...။
ခြင်တ၀ီဝီကိုက်တဲ့ကြားက
ပြတင်းတံခါးကိုဖွင့်
ကြယ်ရောင်စုံအလင်းဆင့်တဲ့
ကောင်းကင်မြင့်မြင့်ကြီးနဲ့စကားပြော
မင်းကတော အိပ်မောကျနေရောပေါ့ ဟန်နီ ..။
ကိုယ်မပျော်ပါဘူး ဟန်နီ
စိတ်တင်မဟုတ်ဘူး
အိပ်လို့ပါမပျော်ဘူးဟန်နီ
ယုတ္တိမပီတပီနဲ့ ချည်နှောင်ဟန်ဆောင်ခဲ့တာတွေလည်း
အခုဆို
အထုပ်ပြေ ကြေမွကုန်ပြီဟန်နီ
မင်းကိုငါချစ်တာကအစ
ကွယ်ဝှက်လိမ်ညာလို့မရတာကပေါ့။
အချစ်က ပေးဆပ်ခြင်းဆန်တဲ့အကြောင်း
ငါနင့်ကို စာလုံးပေါင်းပြခဲ့ဖူးတာ
မှတ်မိဦးမှာပေါ့ဟန်နီ
ငါ့ရင်ခုန်သံတွေ 1500IQ မပြည့်မီတုန်းကပေါ့
အခုတော့ အချစ်က
ဘယ်လိုသဘောဆောင်တဲ့အကြောင်း
ပြန်ပြောင်းပြောပြပေးပါလား ဟန်နီ
ငါ့ရင်ခွင်ဆေးပန်းချီကတော့
နှလုံးသွေးအနီများလွန်းလို့
သွေးပန်းချီကားတစ်ချပ်အဖြစ်နဲ့
တစ်ခန်းရပ်ရတော့မယ်ထင်ပါရဲ့ဟန်နီ
တစ်ခန်းရပ်ရတော့မယ်ထင်ပါရဲ့ ...။
Tags: ကဗျာ
Permalink Reply by လေပြေ on June 19, 2012 at 8:44pm ငါ့ရင်ခွင်ဆေးပန်းချီကတော့
နှလုံးသွေးအနီများလွန်းလို့
သွေးပန်းချီကားတစ်ချပ်အဖြစ်နဲ့
တစ်ခန်းရပ်ရတော့မယ်ထင်ပါရဲ့ဟန်နီ
တစ်ခန်းရပ်ရတော့မယ်ထင်ပါရဲ့ ...။
အားပေးသွားပါတယ်.....
Permalink Reply by ပေတီးမလေး on June 20, 2012 at 10:24am
Permalink Reply by Daw blossom thaung on June 21, 2012 at 2:20pm
Permalink Reply by Daw blossom thaung on June 21, 2012 at 2:21pm
© 2013 ရဲဂျာမှ မြန်မာချစ်သူမိသားစုကို တည်ထောင်ခဲ့ပါသည်
Powered by