♥ မြန်မာချစ်သူမိသားစု ♥

မြန်မာချစ်သူမိသားစု

Information

ဗုဒ္ဓဘာသာမြန်မာလူမျိုးများအတွက်

ရပ်ဝေးမြေခြားရောက်နေကြသူများအတွက် တရားတော်များ နှင့်မဝေးကြအောင်ရည်ရွယ်လျှက်

Website: http://loverworld-myanmar.ning.com/
တည်နေရာ မြန်မာချစ်သူ
Members: 448
Latest Activity: Jan 28

ရှင်တော်မြတ်စွာ












                         ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ
                                
အနန္တောအနန္တ ငါးပါးအား အစဉ် ဦးထိပ်ထားလျက်








-------------------------------------------------------------------------------------------------------
ဒီအဖွဲ့ လေးအတွက်..ရှင်းသာသနာတာဝန်ထိမ်းဆောင်နေတဲ့
ဦးပဇင်းတွေကိုပင့်ဖိတ်ထားပါတယ်...
......................................
ဒီဆိုဒ်လေးထည်းကအဝေးရောက်စာသင်နေကြသောဘုရားသားတော်များထံသွားရောက်လိုပါက
အရှင်munaindaထိုင်းနိုင်ငံရောက်
အရှင် ဦးကောမလသာသနတက္ကသီလဓမ္မာစရိယ

B.A (Buddhism)

M.A (University of Kelaniya)

မကုဋာရာမ မြန်မာကျောင်း
ကိုလံဘိုမြို့
သီရိလင်္ကာနိုင်ငံ။
တို့ ကိုကလစ်နှိပ်ပြီးသွားရောက်ဖူးမြှော်နိုင်ပါတယ်နော်..

................................................................................................
မိတ်ဆွေအပေါင်း - သူတော်ကောင်းတို့
မကောင်းမှုတွေ - မပြုလေနှင့်
လူတွေမသိ - နတ်တွေသိ၏
ပြုမိလေအား - ကိုယ့်အမှားကို
သူများမသိ - ကိုယ်တိုင်သိ၏
ပြုမိခဲ့ပြန် - မိမိကံကြောင့်
ဝဋ်ပြန်ခံရ - ဆင်းရဲလှလျက်
ဘ၀တုံး၏ - ရှုံးပါ၏ဟု
အသိသတိ - အမြဲရှိလျက်
ပြုမည့်အမှု - အစုစုကို
ကောင်းမှုများတွေ - ပြုမိစေလျက်
ကောင်းမွေများသာ - စံကြပါလော့။ ။
.................................................................................................
ရှင်းဘလော့များကိုကြည့်လိုပါကဒီနေရာမှကြည့်နိုင်ကြပါတယ်
ရှင်းထံသို့ လာချင်ပါကဒါကိုကလစ်
ပြီလာနိုင်ပါတယ်နော်
ရှင်းကိုဆက်သွယ်လိုပါက shain@myanmarchitthumyar.net ဖြင့်ဆက်သွယ်နိုင်ပါတယ်
MMlover -admin *ရှင်း*

.....................................................................................................................
.................................................................................................................

FreeVideoCoding.com .............................................................................................................................
ဗုဒ္ဓဘာသာဝင်
မြန်မာတစ်ယောက်အနေနဲ့ ဒါကို သိထားသင့်ပါတယ်

နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်စွာဘုရားရှင်များ ...

ဘုရားရှင်တို့သည် အကုသိုလ်နည်းပါးသော (သို့မဟုတ်) မထင်ရှားသော လူ.သက်တမ်း တစ်သိန်း၏ အထက်နှင့်ကုသိုလ်နည်းပါးသော (သို့မဟုတ်) မထင်ရှားလွန်းသော လူ့သက်တမ်း တစ်ရာတမ်း၏ အောက်တွင် မပွင့်တော်မူကြပေ။ အကုသိုလ်နှင့် ကုသိုလ် ရောထွေးနေသော တစ်သိန်းနှင့် တစ်ရာတမ်း ကြားတွင် ပွင့်တော်မူကြသည်။

၁။ ဤကမ္ဘာမှ မရေတွက်နိုင်သော ကမ္ဘာ၌ …တဏှင်္ကရာမြတ်စွာဘုရားသည် လည်းကောင်း၊ မေဓင်္ကရာ မြတ်စွာဘုရားသည် လည်းကောင်း၊ သရဏင်္ကရာ မြတ်စွာဘုရားသည် လည်းကောင်း၊ ဒီပင်္ကရာမြတ်စွာဘုရားသည် လည်းကောင်း ထိုလေးဆူသော မြတ်စွာဘုရားတို့ သည် တစ်ခုတည်းသော သာရမဏ္ဍကမ္ဘာ၌ ပွင့်တော်မူကုန်၏။

၂။ ဒီပင်္ကရာမြတ်စွာဘုရား၏ နောက်အဖို့၌ ကောဏ္ဍညမည်သော မြတ်စွာဘုရား သည် တစ်ခုသော သာရကမ္ဘာ၌ တစ်ဆူတည်းသာလျှင် ပွင့်တော်မူ၍ များစွာသော သတ္တ၀ါအပေါင်းကို (နိဗ္ဗာန်သို့) ကယ်တင်တော်မူ၏။

၃။ ထိုဒီပင်္ကရာမြတ်စွာဘုရားနှင့် ကောဏ္ဍညမြတ်စွာဘုရားတို့၏ အကြား၌ ကမ္ဘာ တို့ကို ဂဏန်း (သင်္ချာ)အားဖြင့် မရေတွက်နိုင်ကုန်။

၎။ ကောဏ္ဍညမြတ်စွာဘုရား၏ နောက်အဖို့၌ မင်္ဂလမည်သော မြတ်စွာဘုရား သည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားတို့၏ အကြား၌လည်း ကမ္ဘာတို့ကို ဂဏန်း (သင်္ချာ) အားဖြင့် မရေတွက်နိုင်ကုန်။

၅။ မင်္ဂလမြတ်စွာဘုရားသည် လည်းကောင်း၊ သုမနမြတ်စွာဘုရားသည် လည်း ကောင်း၊ ရေ၀တမြတ်စွာဘုရားသည် လည်းကောင်း၊ သောဘိတမြတ်စွာ ဘုရား သည် လည်းကောင်း စက္ခု (ငါးမျိုး) ရှိတော်မူကုန်သော အလင်းရောင်ကို ပြုတော် မူတတ်ကုန်သော ထိုမြတ်စွာဘုရားတို့သည်လည်း တစ်ခုသော သာရမဏ္ဍကမ္ဘာ၌ ပွင့်တော်မူကြကုန်၏။

၆။ သောဘိတမြတ်စွာဘုရား၏ နောက်အဖို့၌ များသော အခြံအရံရှိသော အနောမ ဒဿီ မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားတို့၏ အကြား၌လည်း ကမ္ဘာတို့ကို ဂဏန်း (သင်္ချာ) အားဖြင့် မရေတွက်နိုင်ကုန်။

၇။ အနောမဒဿီမြတ်စွာဘုရားသည် လည်းကောင်း၊ ပဒုမမြတ်စွာဘုရားသည် လည်းကောင်း၊ နာရဒ မြတ်စွာဘုရားသည် လည်းကောင်း သစ္စာလေးပါးကို သိတော်မူကြကုန်သော အမိုက်မှောင်၏ အဆုံးကို ပြုတတ်ကုန်သော ထိုမြတ်စွာ ဘုရားတို့သည်လည်း တစ်ခုသော ၀ရကမ္ဘာ၌ ပွင့်တော်မူကုန်၏။

၈။ နာရဒမြတ်စွာဘုရား၏ နောက်အဖို့၌ ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် တစ်ခုသော သာရကမ္ဘာ၌ ပွင့်တော်မူလျက် များစွာသော သတ္တ၀ါအပေါင်းကို (နိဗ္ဗာန်သို့) ကယ်တင်တော်မူ၏။

၉။ နာရဒမြတ်စွာဘုရားနှင့် ပဒုမုတ္တရမြတ်စွာဘုရားတို့၏ အကြား၌လည်း ကမ္ဘာတို့ ကို ဂဏန်း (သင်္ချာ)အားဖြင့် မရေတွက်နိုင်ကုန်။

၁၀။ ကမ္ဘာတစ်သိန်းထက်၌ လောကသုံးပါးကို သိတော်မူသော ပေးလှူဖွယ်ပစ္စည်း ၀တ္ထုတို့ကို ခံတော်မူထိုက်သော ပဒုမုတ္တရမြတ်စွာဘုရားသည် တစ်ဆူတည်းသာ ပွင့်တော်မူ၏။

၁၁။ ပဒုမုတ္တရမြတ်စွာဘုရား၏ ဤမှာဘက်ဖြစ်သော ကမ္ဘာသုံးသောင်းထက်၌ သုမေဓမြတ်စွာဘုရား သည် လည်းကောင်း၊ သုဇာတမြတ်စွာဘုရားသည် လည်းကောင်း နျစ်ဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။

၁၂။ သုဇာတမြတ်စွာဘုရား၏ ဤမှာဘက်ဖြစ်သော ကမ္ဘာ တစ်ထောင့်ရှစ်ရာထက် ၌ (နိဗ္ဗာန်သို့) ပို့ဆောင်တော် မူတတ်ကုန်သော ပိယဒဿီ အတ္ထဒဿီ ဓမ္မဒဿီ အားဖြင့် သုံးဆူသော မြတ်စွာဘုရား တို့သည် ပွင့်တော်မူကြကုန်၏။

၁၃။ သုဇာတမြတ်စွာဘုရား၏ ဤမှာဘက်၌ ကိုယ်တိုင် သစ္စာလေးပါးကို သိတော် မူကုန်သော ခြေနှစ်ချောင်းရှိသူ နတ်လူတို့ထက် မြတ်တော်မူကုန်သော လောက၌ ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော် မမူကုန်သော ထိုပိယဒဿီစသော မြတ်စွာဘုရားတို့သည် တစ်ခုသော ၀ရကမ္ဘာ၌ ပွင့်တော်မူကြကုန်၏။

၁၄။ ဤကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ လောကသုံးပါးကို သိတော်မူသော (ကိလေသာ) ငြောင့်ကို နုတ်ပယ်တော်မူတတ်သော အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်တော်မူ သော သိဒ္ဓတ္ထမြတ်စွာဘုရားသည် တစ်ဆူတည်းသာ ပွင့်တော်မူ၏။

၁၅။ ဤကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ တူသောသူ ရှိတော် မမူကုန်သော ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော် မမူကုန်သော တိဿမြတ်စွာဘုရားသည် လည်းကောင်း၊ ဖုဿမြတ်စွာဘုရားသည် လည်းကောင်း နှစ်ဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။

၁၆။ ဤကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ၀ိပဿီမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ သနားခြင်း ကရုဏာ ရှိတော်မူသော ထိုမြတ်စွာဘုရားသည်လည်း သတ္တ၀ါတို့ကို သံယောဇဉ်အနှောင်အဖွဲ့မှ လွတ်စေတော်မူ၏။

၁၇။ ဤကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ တူသောပုဂ္ဂိုလ် ရှိတော်မမူသော ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော် မမူကုန်သော သိခီမြတ်စွာဘုရားသည် လည်းကောင်း၊ ဝေဿဘူမြတ်စွာဘုရားသည် လည်းကောင်း နှစ်ဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။

၁၈။ ဤဘဒ္ဒကမ္ဘာ၌ ကကုသန်မြတ်စွာဘုရားသည် လည်းကောင်း၊ ကောဏာဂုံ မြတ်စွာဘုရားသည် လည်းကောင်း၊ ကဿပမြတ်စွာဘုရားသည် လည်းကောင်း သုံးဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။

၁၉။ ယခုအခါ ငါသည် ဘုရားဖြစ်တော်မူ၏၊ မေတ္တေယျမြတ်စွာဘုရားသည်လည်း (နောက်၌) ပွင့်တော်မူလတ္တံ့၊ ပညာရှိတော်မူကုန်သော လောကကို အစဉ် သနား စောင့်ရှောက်တော် မူတတ်ကုန်သော ဤငါးဆူသော မြတ်စွာဘုရားတို့သည်လည်း ဤဘဒ္ဒကမ္ဘာ၌ပင် ပွင့် တော်မူကြကုန်၏။

၂၀။ ဤတရားမင်း မြတ်စွာဘုရားတို့၏ လည်းကောင်း၊ အကုဋေမကများစွာသော အခြား တစ်ပါးသော မြတ်စွာဘုရားတို့၏ လည်းကောင်း ထိုဗုဒ္ဓ၀င် အကျင့်လမ်းကို ဟောကြားပြီးလျှင် ထိုမြတ်စွာဘုရားတို့သည် တပည့်သာဝကနှင့်တကွ ပရိနိဗ္ဗာန် ပြုတော်မူကြလေကုန်ပြီ။
နှစ်ကျိပ်ရှစ်ဆူ

ဂေါတမ ဘုရားရှင် ဖြစ်လာမည့် သုမေဓါ ရှင်ရသေ့အား နောင် ဘဒ္ဒကမ္ဘာ တွင် ဂေါတမ အမည်ဖြင့် ဘုရားဖြစ်မည် ဟု ဗျာဓိတ်ပေးသော “ ဒီပင်ကရာ” ဘုရားရှင် ပွင့်တော်မူသော သာရမဏ္ဍကမ္ဘာ တွင် ပွင့်တော်မူကြသော ဘုရားရှင်များ မှ ဂေါတမ ဘုရားရှင်အထိ ဘုရားရှင် ၂၈ - ဆူ ရှိလေသည်။ ဤဘုရားရှင်များကို နှစ်ကျိပ်ရှစ်ဆူဘုရားများ ဟုခေါ်ဝေါ် ပူဇော်ကြပါသည်။

ဂေါတမ ဘုရားလောင်း ဗျာဒိတ်ခံယူသော ကမ္ဘာမှစ၍ ပွင့်တော်မူသော ဘုရားရှင်များ၏ အမည်တော်တို့ဖြစ်သည်။

(၁) တဏှင်္ကရာဘုရား - ဒုက္ကရစရိယာ ၇-ရက်၊ စရီးပင် (တောင်မရိုးပင်) ဗောဓိ၊ သက်တော်တစ်သိန်း နေတော်မူ၏။

(၂) မေဓင်္ကရာဘုရား-ဒုက္ကရစရိယာ ၁၅-ရက်၊ ပေါက်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၃) သရဏင်္ကရာဘုရား-ဒုက္ကရစရိယာ တလ၊ သခွတ်ပင် ဗောဓိ၊ သက်တော် ရှစ်သောင်း။

(၄) ဒီပင်္ကရာဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ညောင်ကြပ်ပင် ဗောဓိ၊ သက်တော် တစ်သိန်း။

(၅) ကောဏ္ဍညဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ကြောင်လျှာပင် ဗောဓိ၊ သက်တော် တစ်သိန်း။

(၆) မင်္ဂလဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၇) သုမနဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၈) ရေ၀တဘုရား-ဒုက္ကရစရိယာ ၇-လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ခြောက်သောင်း။

(၉) သောဘိတဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၁၀) အနောမဒဿီဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ထောက်ကြံ့ပင် ဗောဓိ၊ သက်တော် တစ်သိန်း။

(၁၁) ပဒုမဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကြောင်လျာပင် ဗောဓိ၊ သက်တော် တစ်သိန်း။

(၁၂) နာရဒဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ကြောင်လျာပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၁၃) ပဒုမုတ္တရဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ထင်းရူးပင် ဗောဓိ၊ သက်တော် တသိန်း။

(၁၄) သုမေဓာဘုရား-ဒုက္ကရစရိယာ ၁၅-ရက်၊ ထိန်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၁၅) သုဇာတဘုရား-ဒုက္ကရစရိယာ ကိုးလ ၊ ၀ါးပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၁၆) ပီယဒဿီဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ ရေခတက်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၁၇)အတ္တဒဿီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ စကားပင် ဗောဓိ၊ သက်တော် တစ်သိန်း။

(၁၈) ဓမ္မဒဿီဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ လိပ်ဆူးရွှေပင် ဗောဓိ၊ သက်တော် တစ်သိန်း။

(၁၉) သိဒ္ဓတ္ထဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ မဟာလှေကားပင် ဗောဓိ၊ သက်တော် တစ်သိန်း။

(၂၀) တိဿဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ပိတောက်ပင် ဗောဓိ၊ သက်တော် တစ်သိန်း။

(၂၁) ဖုဿဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ သျှိသျှားပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၂၂)၀ိပဿီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ သခွတ်ပင် ဗောဓိ၊ သက်တော် ရှစ်သောင်း။

(၂၃) သိခီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ သရက်ဖြူပင် ဗောဓိ၊ သက်တော် ခုနစ်သောင်း။

(၂၄) ဝေဿဘူဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ အင်ကြင်းပင်ဗောဓိ၊ သက်တော် ခြောက်သောင်း။

(၂၅) ကကုသန်ဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကုက္ကိုပင် ဗောဓိ၊ သက်တော် လေးသောင်း။

(၂၆) ကောဏဂုံဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ ရေသဖန်းပင် ဗောဓိ၊ သက်တော် သုံးသောင်း။

(၂၇) ကဿပဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ပညောင်ပင် ဗောဓိ၊ သက်တော် နှစ်သောင်း။

(၂၈) ဂေါတမဘုရား-ဒုက္ကရစရိယာ ခြောက်နှစ်ကြာ၊ ညောင်ဗုဒ္ဓဟေပင်ရင်း၌ ပွင့်တော်မူသည်၊ သက်တော် ရှစ်ဆယ် နေတော်မူသည်။
( ဂေါတမမြတ်စွာဘုရားသခင်သည် အကုသိုလ်ပေါများ၊ ဆန်းပြားသော ဒိဠိအယူအဆမျိုးစုံတို့ ပေါများသော ကာလတွင် ပွင့်တော်မူရသော ဘုရားဖြစ်သည်။)

” ဘဒ္ဒ ကမ္ဘာ ” တွင် ပွင့်ရန် ကျန်သေးသော အရိမေတ္တေယျဘုရားရှင်သည် လူ့သက်တမ်း တစ်သိန်းတွင် ဒုက္ကရစရိယာ ( ၆ ) ရက်သာကျင့်ကာ ဗောဒိကံကော်ပင်အောက်တွင် ဘုရားဖြစ်တော်မူမည်။ နှစ်ကျိပ်ရှစ်ဆူ ဘုရားများတွင် မပါဝင်ပါ။

ကျမ်းကိုး - (ဗုဒ္ဓ၀ံသပါဠိတော်နှင့် ဆရာတော် ရှင်ဥာဏိသာရ )၊ ( ဒီဃနိကယ် ၊ ပါထိက၀ဂ် - စက္က၀တ္တိသုတ်တော် )


နှစ်ကျိပ်ရှစ်ဆူ ဘုရားရှစ်ခိုး

တ မေ သ ဒီ ကော မံ သု ရေ ၊ သော အ ပ နာ ပ ၊ သု သု ပိ။
အ ဓံ သိ တိ ဖု ၀ိ သိ ဝေ ၊ က ကော က ဂေါ နမာမဟံ ။

ထူးခြားချက်

နှစ်ကျိပ်ရှစ်ဆူသော ဘုရား ကိုယ်တော်မြတ်များသည် တနင်္ဂနွေသား (၄) ဆူ ၊တနင်္လာသား(၄)ဆူ …(၇)နေ့ မှာ ၄-ဆူစီ အတိအကျ ဖြစ်နေကြသည်။

တနင်္ဂနွေ သား (၄) ဆူ - မေဓင်္ဂရာ ၊ သောဘိတ ၊ ပိယဒဿီ ၊ သိခီ ။

တနင်္လာ သား (၄) ဆူ - သရဏှင်္ဂရာ ၊ အ နောမဒဿီ ၊ အတ္ထဒဿီ ၊ ဝေဿဘူ ။

အင်္ဂါ သား (၄) ဆူ - ဒီပင်္ကရာ ၊ ပဒုမုတ္တရ ၊ ဓမ္မဒဿီ ၊ ကကုသန် ။

ဗုဒ္ဓဟူး သား (၄) ဆူ - ကောဏ္ဍည ၊ နာရဒ ၊ သိဒ္ဓတ္ထ ၊ ကောဏဂုံ ။

ကြာသပတေး သား(၄) ဆူ - မင်္ဂလ ၊ ပဒုမုတ္တရ ၊ တိဿ ၊ ကဿပ ။

သောကြာ သား (၄) ဆူ - သုမန ၊ သုမေဓာ ၊ ဖုဿ ၊ ဂေါတမ ။

စနေ သား (၄) ဆူ - တဏှင်္ကရာ ၊ ရေ၀တ ၊ သုဇာတာ ၊ ၀ိပဿီဘုရား ။

(၁)မာရ် ငါးပါး ကို အောင်မြင်တော်မူပြီးသော (မေဓင်္ဂရာ မြတ်စွာဘုရား ၊ သောဘိတ မြတ်စွာဘုရား ၊ ပိယဒဿီ မြတ်စွာဘုရား ၊ သိခီ မြတ်စွာဘုရား) တို့သည် (တနင်္ဂနွေနေ့)တွင် ဖွားမြင်တော်မူခဲ့ကြကုန်၏ ။ ထို (တနင်္ဂနွေနေ့ဖွား) ရှင်တော်မြတ် ဘုရားတို့ကို တပည့် တော်သည် ရိုသေစွာဖြင့် ဦးညွတ်ရှိခိုးပါ၏ အရှင်ဘုရား ။

(၂)ထိုသို့ ဦးညွတ် ရိုကျိုးရှိခိုးရခြင်းအကြောင်းကြောင့် ရှေးကစီမံ မကောင်းကံသည် အမှန်ကွယ်ပျောက် ကောင်းကျိုးရောက်ပါစေသတည်း ။ထိုလေးဆူကုန်သော(တနင်္ဂနွေနေ့ဖွား) ရှင်တော်မြတ် ဘုရားတို့၏ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့် တပည့်.တော်အား အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းစင်စစ် ဖြစ်ပါစေ သတည်း ။

(ကျန်နေ့များ ထို့အတူ သင့်တော်သလိုပြောင်းပြီးမှတ်ရန်)
ဘုရားရှင်တို့၏ ဥာဏ်တော်များနှင့် အသုံးချတော်မူပုံ

(၁) အကြောင်းဟုတ်၊မဟုတ်ကို သိသော ဌာနာဌာန ကောသလ္လ ဥာဏ်တော် (သတ္တ၀ါ တစ်စုံတစ်ယောက် အာသဝေါတရား ကုန်နိုင်၊မကုန်နိုင်(သို့) ရဟန္တာ ဖြစ်နိုင်၊မဖြစ်နိုင်ကို ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)

(၂)ကောင်းကျိုး ၊ မကောင်းကျိုး ကို သိသော ၀ိပါက ဥာဏ်တော် (ပုဂ္ဂိုလ်တစ်ယောက်တွင် ဈာန်၊မဂ်ဖိုလ်ရမှု၌ အန္တရာယ် (အဟိတ် ၊ ဒွိဟိတ်ပဋိသန္ဓေနေမှု ) ရှိ၊ မရှိကို ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)

(၃)သတ္တ၀ါတို့လားရာ ၊ရောက်ရာကို သိသော သဗ္ဗတ္ထ ဂါမိနီပဋိပဒါ ဥာဏ် (ပုဂ္ဂိုလ်တစ်ယောက်တွင် ဈာန်၊မဂ်ဖိုလ်ရမှု၌ ပဉ္စာနန္တိရိယကံ ရှိ၊ မရှိ ကို ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)

(၄) အထူးထူးသော ဓာတ်သဘောများကို သိသော အနေကဓာတု နာနာဓာတု ဥာဏ်တော် ( အထက်ပါ ဥာဏ်(၃)မျိုးနဲ့ ကြည့်ပြီး အန္တရာယ်ကင်းပါမှ ကျွတ်နိုင် ချွတ်နိုင်သော စရိုက်နှင့် ကိုက်ညီမည့် တရားဟော (၀ါ) ကမ္မဋ္ဌာန်းပေးရန် ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)

(၅) သတ္တ၀ါတို့၏ ဆန္ဒအလိုကို သိသော နာနာဓိမုတ္တိက ဥာဏ် (သတ္တ၀ါတို့၏ နှလုံးသွင်းတတ်မှု သဘောထားကို သိပြီး သင့်လျော်သောတရားဟောရန် ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)

(၆) လူတို့၏ ဣနြေ္ဒအနုအရင့်ကို သိသော ဣနြ္ဒိယပရောပရိယတ္တဥာဏ် (သတ္တ၀ါတို့၏ သဒ္ဓါတရားကောင်း၊မကောင်း ကို ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)

(၇) ဈာန်၊၀ိမောက္ခ ၊ သမာဓိ ၊သမာပတ် စသည်တို့၏ ညစ်ညူးကြောင်းကို သိသော ဈာန၀ိမောက္ခ သမာဓိ သမာပတ္တိဥာဏ် တော် (ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူပြီးမှ ချွတ်သင့် သည်ဆိုလျှင် သေးကွာသော အရပ်သို့ပင် ကြွရောက် တော်မူပါသည် ။)

(၈)ရှေးဖြစ်ဟောင်း ၊ဘ၀ခန္ဓာဖြစ်စဉ်ကို သိသော ပုဗ္ဗေနိဝါသာနုဿတိဥာဏ် ( ရှေးဘ၀ဖြစ်စဉ်နှင့် အထုံ ၊ပါဂမီစသည်တို့ကို ဤဥာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူသည် ။)

(၉) သတ္တ၀ါတို့၏ ပဋိသန္ဓေနေခြင်း ၊ စုတေခြင်း တို့ကို သိသော စုတူပပါတ (၀ါ) ဒိဗ္ဗစက္ခု ဥာဏ်တော် ( သတ္တ၀ါတို့၏ လက်တလောစိတ်ဖြစ်စဉ်ကိုလဲ ဤဥာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူသည် ။)

(၁၀) အာသဝေါတရား ကုန်ရာဖြစ်သော အာသ၀က္ခယ ဥာဏ်တော် (သတ္တ၀ါတို့ အား အရဟတ္တမဂ် တရားပေါက်အောင် တရားဟောရန်အလို့ငှာ ဤဥာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူသည် ။)
ဘုရားရှင်တို့၏ တူသောအချက်များ

ဘုရားရှင်တို့၏ တူသော အချက်များ (၃၀) ရှိပါသည် ။

(၁) အလောင်းတော်သည် နောက်ဆုံးသောဘ၀၌ မိခင်ဝမ်းကြာတိုက်တွင် ပဋိသန္ဓေ နေတော်မူသည်။ (ဒီမှာထူးခြားတာက နတ်ပြည်ကနေ စုတေကြတာပဲ ဖြစ်ပါတယ် ။ အလောင်းတော်တွေဟာ ဗြဟ္မာပြည်ကနေ စုတေပြီး ပဋိသန္ဓေ နေတော်မူတာမျိုးမရှိပါဘူး..တဲ့ ။ ဘာလို့လဲဆိုတော့ ဗြဟ္မာပြည်ကနေ လာရင် ကာမဂုဏ်ကို ရွံမုန်းတဲ့စိတ် အထုံ လူ့ပြည်ကို ပါလာမယ် ။ အိမ်ထောင်ပြုမှာ မဟုတ်ဘူး ။ (တချို. အပျိုကြီး ၊ လူပျိုကြီး တွေလဲ ဗြဟ္မာပြည်က လာလို့ အိမ်ထောင်မပြုတာလို့ ပြောတာပဲ…ဤကားစာကြွင်း)

အလောင်းတော်တွေဟာ ဒီလို စောစောစီးစီး ကတည်းက ကာမဂုဏ်ကို ရွံမုန်းနေရင်လည်း မဇ္စိမပဋိပဋာ လမ်းစဉ်ကို တွေ့ဖို့ခက်မယ် လို့ ဆိုပါသည် ။

(၂) မယ်တော်ဝမ်း၌ ထက်ဝယ်ပလ္ဘင်ဖွဲ့ခွေ၍ အရှေ့သို့ မျက်နှာမူပြီး နေပါသည် ။ (အလောင်းတော်တွေဟာ သာမန်လူ သန္ဓေသားတွေလို အမိဝမ်းမှာ ပြောင်းပြန်မနေပါ။ အတည့်ပဲနေပါသည်။ မယ်တော်ရဲ. ၀မ်းဗိုက်ဟာလည်း ပူထွက်လာခြင်းမရှိပါ ။ မယ်တော်ဟာ ကိုယ့်သားကို ဗိုက်ကနေ ကောင်းကောင်းမြင်နေရပါသည်။ ချင်ခြင်းတပ်ခြင်း ၊ နာကျင်အော့အန်ခြင်း မရှိပါ ။ အလောင်းတော်တွေဟာ မယ်တော်တွေကို ကိုယ်ဝန်ဆောင်ခြင်းဒုက္ခ မပေးကြပါ ။)

(၃) အလောင်းတော်ကို မတ်တတ်ရပ်လျက် ဖွားသည် ။ (ညစ်ပေမှု မရှိပါ ၊ မိခင်လည်း ကျန်းမာစွာ ရှိရပါသည် ၊ နောက် (၇) ရက်မှာတော့ မိခင် ကံတော်ကုန်ရပါသည် ။ သကျသာကီဝင် ဆိုသည်မှာ ပင်ကိုယ်စွမ်းရည်ရှိသူဟု အဓိပ္ပာယ်ရသည့်အတိုင်း မွေးမွေးခြင်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပါသည် ။ စောင့်ကြည့်နေကြသော နတ်၊ဗြဟ္မာတွေတောင် မျက်လုံးပြူးကုန်ကြသည်ဟု ဆိုသည်။(ဤကား။ အရှင် ဥာဏိသာရ၏ အဟော)

(၄) တောအရပ်၌သာ ဖွားတော်မူပါတယ်။

(၅) ဖွားပြီးပြီးခြင်း မြောက်အရပ်သို့ ခြေ (၇)လှမ်းကြွကာ…“ဤလောက၌ ငါသာ အမြတ်ဆုံးတည်း ၊ ငါ၏ နောက်ဆုံး ပဋိသန္ဓေ နေရခြင်းတည်း ၊နောက်ထပ် ပဋိသန္ဓေ နေစရာ မလိုတော့ပြီ ”ဟု ကြုံးဝါးတော်မူပါသည်။ (ထိုကာလတွင် အကိုးကွယ်ခံ ဘ၀သို့ ရောက်မှန်းမသိရောက်နေသော ဗြဟ္မာတွေကို အသိပေးကြုံးဝါးခြင်း ဟုဆို၏။ ဂေါတမ ဘုရားလောင်းသည် (၃) ဘ၀၌ ဖွားစမှာပင် စကားပြော၏ ။ မဟောသဓာ ၊ ဝေဿန္တရာ နှင့် နောင်ဆုံးဘ၀ -(သုခမှတ်စု))

(၆) သူအို၊သူနာ၊သူသေ ၊ရဟန်း နိမိတ် (၄)ပါးမြင်၍ သား(၁)ယောက်ဖွားသော ညမှသာ တောထွက်တော်မူကြသည်။ (ထိုနိမိတ်ပြသော နတ်သားကို ဘုရားလောင်း၏ ဆရာ ၅-ယောက် တွင် ၁-ယောက် အပါအ၀င်ဟု သတ်မှတ်သည်။)

(၇) အရဟတ္တဖိုလ်၏ တံခွန်ဖြစ်သော ရဟန်းအဖြစ်ကို ရယူပြီးမှ ဒုက္ကရစရိယကျင့်သည်။ (အရဟတ္တဖိုလ်၏ တန်ဖိုးသည် ရဟန်းမှ မည်သည့် အမျိုးနှင့်မျှ မတန်ဟုဆိုသည်။ လူဝတ်ကြောင် မှ အရဟတ္တဖိုလ်ရလျှင်လည်း ရဟန်းဝတ်ချင်ဝတ်၊ မ၀တ်ချင်လျှင် ပရိနိဗ္ဗာန်စံဝင်ကြရသည်။)

(၈) ဘုရားဖြစ်မည့်နေ့ နွားနို့ဃနာဆွမ်း ဘုန်းပေးတော်မူကြသည်။ (ထိုဆွမ်းတွင် နတ်သြဇာပါတတ်ပြီး ဘုရားဖြစ်ပြီး (၇) ပတ် ၊ (၄၉) ရက်စာ အာဟာရဖြစ်သည်။ ဘုရားရှင်၏ ၀မ်းထဲတွင် အစာခြေလဲ မမြန် ၊ မြန်မြန်လဲ မဆာလောင်ပဲ သမာပတ်ဝင်စားခြင်း ၊ တရားတော်များကို ဆင်ခြင်သုံးသပ်ခြင်းများ အတွက် ကောင်းစွာ ထောက်ပံ့သည်။)

(၉) မြက်အခင်းတွင် ထိုင်တော်မူလျက် ဘုရားဖြစ်သည်။

(၁၀) အာနပါန ကမ္မဌာန်းကို စီးဖြန်းတော်မူကြသည်။ (ဘုရားရှင်တို့သည် အာနပါန ကမ္မဌာန်းဖြင့်သာ သဗ္ဗညုတဥာဏ်တော်ကို ရရှိကြသောကြောင့် ဂေါတမ ဘုရားရှင်သည်လည်း အာနပါန ကိုလွန်စွာ ချီးမွမ်းတော်မူသည်။ မဟာသတိပဌာနသုတ် ( ဒီ-၂ ၊ ၃၁ )၊ မဟာသတိပဌာနသုတ် ( မ-၁ ၊ ၇၀ )၊ တတိယပါရာဇိက ပါဠိ ( ၀ိ-၁ ၊ ၈၉ )၊ အာနာပါနဿတိ သုတ် ( မ-၃ ၊ ၁၂၂ )၊ မဟာရာဟုလောဝါဒသုတ် ( မ-၂ ၊ ၈၈ )၊ ကာယဂတာသတိသုတ် ( မ-၃ ၊ ၁၃၀ ) တို့၌ ဟောတော်မူခဲ့သည်။)

(၁၁) မာရ်စစ်သည်ကို အောင်တော်မူသည် ။

(၁၂) ဗောဓိပလ္လင်၌သာ ၀ိဇ္ဇာ(၃)ပါးစသော ဆအသာဓာရဏ …အစရှိသော ကျေးဇူးတရားအပေါင်းကို ရတော်မူကြပါသည်။

(၁၃) ဗောဓိပင်ရဲ. ထက်ဝန်းကျင်၌သာ သတ္တ သတ္တာယ(၇) ဌာန ကျင့်တော်မူကြသည်။

(၁၄) တရားဦးဟော စိမ့်သောငှာ ဗြဟ္မာမင်းက လျှောက်ရသည် ။ ၇-သတ္တဟ အပြီး ၅၀-ရက်မြောက်နေ့မှာ အဘယ်သူအား တရားဟောရမည်နည်း ၊ အဘယ်သူသည် ခက်ခဲနက်နဲသော ဤတရားများကို ခေတ်ကာလ၏ အယူဝါဒများမှ ခွဲထွက်၍ လျင်မြန်စွာ နားလည်နိုင်မည်နည်း ဟုဆင်ခြင် ကြည့်တော်မူပါသည်။ ဆင်ခြင်တဲ့ နေရာတွင် ဘုရားရှင်များသည် ပကတိမျက်စိကိုပဲ သုံးတော်မူကြတယ်လို့ ဟောသည်။ ပကတိမျက်စိနှင့် ကြည့်တော့ ပထမမှာ ဒီလောက် ခက်ခဲနေတဲ့ တရားတွေကို နားလည်သဘောပေါက်ပြီး စောစောစီးစီး တရားထူးရမယ့် သူကိုမတွေ့ဘူးလို့ ဆိုသည်။ ကိလေသာထူပြောလွန်းတဲ့ လောကကို တရားမဟော၊ တစ်ကိုယ်တည်း ဖိုလ် ချမ်းသာနဲ့ နေတော့မယ် ဆိုတဲ့ စိတ်အကြံလည်း ဖြစ်လာသည်။ ထိုအခါ ဗြဟ္မာမင်းက တရားဦးဟောရန်လျှောက်ရသည်။ ဂေါတမဘုရားရှင်ကိုတော့ မဟာသဟမ္ပတိ ဗြဟ္မာမင်းက တောင်းပန်သည် လို့ဆိုပါသည်။ ဒီဃနိကယ် မှာ ၀ိပဿီ ဘုရားရှင်လည်း ဒီလို ဖြစ်ခဲ့သည်ဟု အတိအလင်း ရေးထားသည်။)

(၁၅) ဣတိပတနမိဂဒါဝုန်တော ၌သာ ဓမ္မစကြာတရားဦးကို ဟောတော်မူကြသည်။

(၁၆) တပို့တွဲလပြည့်နေ့ ၌သာ ပါတိမောက် ပြတော်မူကြသည်။

(၁၇) ဇေတ၀န်မည်သော ကျောင်းတော်၌သာ သီတင်းသုံးကြသည်။ (ပိဋကတ်တော်တွင် (၁၄) ၀ါမြောက်၊ ( ၂၁ ) ၀ါမှ ( ၄၄ ) ၀ါ အထိ (၂၅) ၀ါ ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးပါသည်။ ဇာတိမြေ ကပိလ၀တ်မှ နိဂြောဓာရုံကျောင်းမှာ(၁၅) ၀ါမြောက် တစ်ဝါသာ သီတင်းသုံးတော်မူပါသည်။)

(၁၈) သာဝတ္ထိမြို့၌သာ ယမိုက်ပြာဋိဟာ ပြတော်မူပါသည်။ ( ယမိုက်+ပြာဋိဟာ = အစုံစုံ + တန်ခိုး ။ ရေအစုံ၊ မီးအစုံ ဟုဆိုအပ်သော အစုံလိုက် အစုံလိုက် ဖြစ်ပေါ်စေသော တန်ခိုးတော် )

(၁၉) တာဝတိသာ၌သာ အဘိဓမ္မာတရားဟောသည်။

(၂၀) သင်္ကဿနဂိုရ်ပြည်၌သာ နတ်ပြည်မှ သက်တော်မူပါသည်။

(၂၁) ဖလသမာပတ်ကို မပြတ်ဝင်စားတော်မူပါသည်။

(၂၂) နံနက်အခါ ၊ ညဉ့်အခါ တို့၌ ကျွတ်ထိုက်သော ဝေနေယျကို ကြည့်ရှုတော်မူပါသည်။ (နေ့ (၃) ခါ ၊ ည (၃)ခါ ..၆ ခါ ကြည့် ပါသည်။)

(၂၃) အကြောင်းရှိမှ ၀ိနည်းတရားတို.ကို ပညတ်တော်မူပါသည်။ ( ဒီဝိနည်းတွေကို စောစောကတည်းက ကြိုထုတ်ထားရင် ဘယ်သူမှ ရဟန်းဝတ်ရဲ/၀တ်ချင်မှာ မဟုတ်ဘူးဟု ဆိုသည်။ ထို့ကြောင့် ဖြစ်စဉ်ပေါ်လာမှ စည်းကမ်းထုတ်ခြင်း ဖြစ်သည်။)

(၂၄) အတ္ထုပ္ပတ္တိ နဲ့ တိုက်ဆိုင်မှုရှိလျှင် အတိတ်မှ ဇာတ်တရားများကို ဟောသည်။

(၂၅) ဆွေတော် ၊ မျိုးတော်တို့၏ အစည်းအဝေး တရားပွဲများတွင် ဗုဒ္ဓ၀င် ကိုသာဟောတော်မူကြသည်။

(၂၆) ဧည့်သည်ရဟန်းတို့နှင့် တရားစကား ပြောတော်မူကြသည်။

(၂၇) ဒါယကာတို့ ဖိတ်၍ ၀ါဆိုတော်မူသော် ၊ ၀ါကျွတ်လျှင် ဒါယကာတို့ အားပန်ကြားပြီးမှ သာ ထွက်ခွာကြွသွားတော်မူကြသည်။

(၂၈) နေ့စဉ် အခါခပ်သိမ်း ဗုဒ္ဓကိစ္စငါးပါး ကို ပြုတော်မူသည်။

(၂၉) ပရိနိဗ္ဗာန်ပြုအံ့သောနေ့၌ သားပြွမ်းဆွမ်းကို ဘုဉ်းပေးတော်မူသည်။ (မြတ်စွာဘုရား နောက်ဆုံးဘုန်းပေးတဲ့ဆွမ်းသည် ၀က်သား (၀က်ပျိုသား) ( မဟာအဋ္ဌကထာ၊ PDS dictionary အရ ) နဲ့ မှို ဆိုပြီး (၂)မျိုး ရှိနေသည်။ ပါဠိလို “သူကရမက္တ၀” လို့ခေါ်တဲ့ အရာ(ဘောဇဉ်) ကို ဘုရားရှင် ဘုန်းပေးခြင်းဖြစ်သည်။ ကမ္ဘာပေါ်မှာ ပါဠိ-အင်္ဂလိပ် အဘိဓာန် ၁ ခုကလွဲရင် အခြားသော ဘာသာပြန်တွေမှာ မှို လို့ပဲ အဓိပ္ပါယ် ဖွင့်ကြသည်။ အားလုံး အဘိဓာန် (၅)ခုက ဘာသာပြန်ထားသည်။ မှို ၊ ဆေးပေါင်းစုံဟင်း ၊နူးညံ့လှစွာသော မကြီးမငယ် ၀က်သား၊ ၊မျှစ် (ဥဒါန်းအဋ္ဌကထာအရ)၊ နွားနို့နဲ့ ချက်ထားတဲ့ ထမင်းစားဖွယ် စသည် (၅)မျိုး ရှိနေပါသည်။ မြန်မာဆရာတော်တွေက ထိုရာသီမှာ မှို မပွင့်သေးလို့ ၀က်သားကိုပဲ ယူသည်။ နိုင်ငံတကာမှာကတော့ မှိုကို ယူကြသည်။ အခါမဟုတ်မှိုကို ဘုန်းပေးပြီးတော့ အဆိပ်သင့်တာလို့ ဆိုကြသည်။ ထို့ကြောင့် “သူကရမက္တ၀”ဟာ ဘာသာပြန်ကွဲလွဲမှုရှိနေသည်။ ဘုရားရှင်တို့၏ တူရာ အချက် (၃၀) အရ သားပြွမ်းဆွမ်း ဘုဉ်းပေးတော်မူရမယ်ဆိုတော့ ၀က်သား ဟု ပြောရမှာပါ။)

(၃၀) သမာပတ်ဝင်စားပြီးမှ ပရိနိဗ္ဗာန်ပြုတော်မူသည်။

ဗုဒ္စ၀င်အကျဉ်း၊

ဂေါတမဘုရားရှင်ကိုယ်တော်မြတ်

( ၁ ) လူ့အမည် - သိဒ္ဓတ္ထ

( ၂ ) ဘုရားဘွဲ့ - ဂေါတမ

( ၃ ) မိဘအမည် - သုဒ္ဓေါဒနမင်းနှင့် မာယာဒေ၀ီ

( ၄ ) ကြင်ယာတော် - ယသောဓရာ ( ဘဒ္ဒကဉ္စနာ )

( ၅ ) ရင်သွေးတော် - ရာဟုလာ

( ၆ ) ယောက်ဖတော် - ဒေ၀ဒတ်

( ၇ ) မိထွေးတော် - ဂေါတမီ

( ၈ ) နေပြည်တော် - ကပိလ၀တ်ပြည် ( သက္ကတိုင်း၊ မဇ္ဈိမဒေသ )

( ၉ ) ဖွားရာဌာန - လုဗ္ဗိနီဥယျာဉ် ( ကပိလ၀တ်နှင့် ဒေ၀ဒဟအကြား )

( ၁၀ ) နန်းစံနှစ် - ၁၃ နှစ် ( သက်တော် ၁၆ နှစ်မှ ၂၉ နှစ် )

( ၁၁ ) နိမိတ်ကြီးများ - သူအို ၊ သူနာ ၊ သူသေ ၊ ရဟန်း

( ၁၂ ) ဗျာဒိတ်ခံယူသောဘ၀ - သုမေတာရသေ့ဘဝ

( ၁၃ ) ဗျာဒိတ်ခံယူသောနေ့ - ကဆုန်လပြည့်နေ့

( ၁၄ ) ဗျာဒိတ်ပေးသောဘုရား - ဒီပင်္ကရာမြတ်စွာဘုရား

( ၁၅ ) ပါရမီဖြည့်ဖက် - သုမိတ္တာအမျိုးသမီး ( ယသောဓရာအလောင်း )

( ၁၆ ) ပါရမီဖြည့်ကာလ - လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း

( ၁၇ ) ပါရမီဖြည့်ရခြင်း၏ရည်ရွယ်ချက် - သတ္တ၀ါများအကျိုးဆောင်ရွက်ရန်

( ၁၈ ) ဒုက္ကရစရိယာကျင့်ရသောနှစ် - ၆ နှစ် ( မဟာသက္ကရာဇ် ၉၇ ခုမှ ၁၀၃ ခုအထိ )

( ၁၉ ) ဒုက္ကရစရိယာ ကျင့်သည့်နေရာ - ဥရုဝေဋ္ဋတော

( ၂၀ ) ဘုရားဖြစ်ချိန်သက်တော် - ၃၅ နှစ်အရွယ်

( ၂၁ ) ဘုရားပွင့်ရာလူသက်တမ်း - နှစ် ၁၀၀ တမ်း

( ၂၂ ) အလုပ်အကျွေး - ပဉ္စ၀ဂ္ဂီငါးဦး ( ဒုက္ကရစရိယာကျင့်ခိုက် )

( ၂၃ ) တရားဦးဟောသည့်နေရာ - ဗာရာဏသီ မိဂဒါဝုန်တော

( ၂၄ ) ပထမဆုံးသာဝက - ပဉ္စ၀ဂ္ဂီငါးဦး

( ၂၅ ) နောက်ဆုံးသာဝက - သုဘဒ္ဒပရိဗိုဇ်

( ၂၆ ) လက်ယာရံအဂ္ဂသာဝက - အရှင်သာရိပုတ္တရာ

( ၂၇ ) လက်ဝဲရံအဂ္ဂသာဝက - အရှင်မောဂ္ဂလာန်

( ၂၈ ) အဆုံးအမသာသနာ - ပရိယတ္တိ ၊ ပဋ္ဋိပတ္တိ ၊ ပဋ္ဋိဝေဓ

( ၂၉ ) ကျင့်စဉ်သိက္ခာ - သီလ ၊ သမာဓိ ၊ ပညာ

( ၃၀ ) ချမှတ်သောလမ်းစဉ် - မဇ္ဈိမပဋ္ဋိပဒါ ( မဂ္ဂင်လမ်းစဉ် )

( ၃၁ )သန္ဓေယူသောနေ့ - မဟာသက္ကရာဇ် ( ၆၇ ) ခု၊ ၀ါဆိုလပြည့် ၊ ကြာသပတေးနေ့

( ၃၂ ) ဖွားမြင်သောနေ့ - မဟာသက္ကရာဇ် ( ၆၈ ) ခု ၊ ကဆုန်လပြည့် ၊ သောကြာနေ့

( ၃၃ ) တောထွက်သောနေ့ - မဟာသက္ကရာဇ် ( ၉၇ ) ခု ၊ ၀ါဆိုလပြည့် ၊ တနင်္လာနေ့

( ၃၄ ) ဘုရားဖြစ်သောနေ့ - မဟာသက္ကရာဇ် ( ၁၀၃ ) ခု ၊ ကဆုန်လပြည့် ၊ ဗုဒ္ဓဟူးနေ့

( ၃၅ ) ဓမ္မစကြာဟောသောနေ့ - မဟာသက္ကရာဇ် ( ၁၀၃ ) ခု ၊ ၀ါဆိုလပြည့်နေ့ ၊ စနေနေ့

( ၃၆ ) ပရိနိဗ္ဗာန်စံသောနေ့ - မဟာသက္ကရာဇ် ( ၁၄၈ ) ၊ ကဆုန်လဆုတ် ( ၁၂ ) ရက်၊ အင်္ဂါနေ့

( ၃၇ ) တေဇောဓာတ်လောင်သောနေ့ - မဟာသက္ကရာဇ် ( ၁၄၈ ) ၊ ကဆုန်လဆုတ် ( ၁၂ ) ရက်

တနင်္ဂနွေနေ့ ။
..................................................................................................

ဆွေးနွေးချက်များ

အမျိုးသမီးများ နှင့် ဗုဒ္ဓဘာသာ 26 Replies

Started by ရဲဂျာ. Last reply by kolayko Apr 26, 2012.

ရွှေတိဂုံစေတီမှ အံ့ဖွယ် (၉) ပါး 20 Replies

Started by ရှင်း. Last reply by sky boy Apr 30, 2012.

ဘုရားပုံတော်များပူဇော်နိုင်ရန်အတွက်ကုဒ်များ 12 Replies

Started by ရှင်း. Last reply by ကောင်းမြတ်မင်း Feb 28, 2011.

ဗုဒ္ဓဘာသာ(၅)မျိုး 9 Replies

Started by ရှင်း. Last reply by သိုက်ယောင်း Jul 17, 2012.

ဘုရား … ဘုရား 7 Replies

Started by ရဲဂျာ. Last reply by မက်မွန်ချို Dec 2, 2011.

ဆရာတော်ဦးသုမင်္ဂလာ တရားတော်များ 7 Replies

Started by ရှင်း. Last reply by မင်းသူ Nov 10, 2011.

ကုသိုလ်ဆိုတာ ဘာလဲ 5 Replies

Started by ရဲဂျာ. Last reply by အရှင်ကုဏ္ဍလ(ဟိတကာရီ) Nov 30, 2011.

တရားထိုင်ခြင်း 4 Replies

Started by ရဲဂျာ. Last reply by Michaelzwt Feb 12, 2012.

ဘုရားရှင်အဆူဆူတို့၏ စကားတော်သုံးခွန်း 4 Replies

Started by ရဲဂျာ. Last reply by wayyam kiaw swar hane Feb 23, 2011.

ဆရာတော်ဦးသုမင်္ဂလာ တရားတော်များ-၂ 3 Replies

Started by ရှင်း. Last reply by အောင် အောင် Dec 26, 2010.

*** ဘုရားဂုဏ်တော်ကိုးပါး *** 3 Replies

Started by ရှင်း. Last reply by brave heart Oct 10, 2010.

lwim moe 2 Replies

Started by lwin moe. Last reply by ရှင်း Aug 21, 2010.

Comment Wall

မှတ်ချက်လေး တစ်ခုဟာစာရေးသူအတွက် အားဆေးဖြစ်ပါတယ်

You need to be a member of ဗုဒ္ဓဘာသာမြန်မာလူမျိုးများအတွက် to add comments!

Comment by soemoetain on September 2, 2012 at 11:10pm

မသိသေးတာတွေ သိခွင့် ဖတ်ခွင့်ရလို့ ကျေးဇူးအများကြီးတင်ပါတယ်..........

Comment by aungnyein on February 23, 2012 at 10:49am

လိုအပ်ပါတယ် သူများဘာသာတွေ ဒီလောက် လုပ်နေတာမှာ

ီလုပ်ပေးသူတွေ ကို အများကြီးကျေးဇူးပဲ

Comment by မြန်မာပြည်သား on December 30, 2011 at 12:56pm

သူငယ်ချင်းရည်ရွယ်ချက်လေးကောင်းပါတယ်။ရှေ့ဆက်ပြီးဒီထက်ပိုပြီးအောင်မြင်ပါစေ။

Comment by မက်မွန်ချို on December 2, 2011 at 7:39pm

ဒီအဖွဲ့ လေးထဲဝင်ခွင့် ရတဲ့ အတွက်...အတိုင်းမသိကြည်နူးရပါတယ်...

အဖွဲ့ တည်ထောင်သူနဲ့ အဖွဲ့ ဝင်အားလုံး..ကောင်ကျိုးလိုရာဆန္ဒအပေါင်းနဲ့ ပြည့် ဝပါစေ...


Admin
Comment by ၀ိဝိ on November 10, 2011 at 7:58am

အဖွဲ့လေးကစုံလိုက်တာ...

Comment by အရှင်ကုဏ္ဍလ(ဟိတကာရီ) on November 2, 2011 at 3:23pm

 မကောင်းမူရှောင်၊ ကောင်းမူဆောင်၊ ဖြူအောင် စိတ်ကိုထား၊ မိမိတို့ စိတ်ကလေး၊ ဖြူဖွေး အေးစေရာ၊ ဟောဒီ သုံးပါး ၊ဘုရားတိုင်း ညွှန်ကြားတာ။

အထက်ပါ ကဗျာလေးက ဖြူးဆရာတော်ကြီး ရွက်လေ့ရှိတဲ့ ကဗျာလေးပါ။ စာရေးသူလဲ သဘောကျ နှစ်ခြိုက်လို့ မှတ်ထားတာပါ။ ဗုဒ္ဓနဲ့ ပတ်သက်တာတွေ ကို တင်ပေးထားတဲ့ ရှင်းကိုလဲ ကျေးဇူးများစွာ တင်ပါတယ် ။ ဖြစ်နိုင်မယ် ဆိုရင် ရှင်း...ကို အကြံလေး တစ်ခုလောက် ပေးခဲ့ချင်တယ်.. မြန်မာချစ်သူ ဆိုဒ်ကို လာရောက် လည်ပတ်ကြတဲ့ မြန်မာ့ ဗုဒ္ဓဘာသာဝင်တွေ အလွယ်တကူ လေ့လာ နာကြား ကုသိုလ်တရား ပွားနိုင်ရန် အတွက် မြန်မာနိုင်ငံရှိ ဆရာတော်ကြီးများထဲက ပရိယတ် ပဋိပတ် ကျွင်းကျင်တော်မူကြတဲ့ ဆရာတော်ကြီးများရဲ့ တရား အသံတော်တွေကို အမ်ပီ 3..ပုံစံမျိုးနဲ့ တင်ပေးစေချင်ပါတယ်..။ စေတနာလေးနဲ့ တင်ပြပေးတာပါ..။ ကျေးဇူးတင်ပါတယ်.။

Comment by ပန်းချီ on October 9, 2011 at 12:22pm
ရည်ရွယ်ချက်လေးကောင်းပါတယ်နော်သူငယ်ချင်း
ရေရှည်တည်တံ.ပါစေလို.ဆုတောင်းပေးပါတယ်
Comment by ထက်ထက် on October 4, 2011 at 11:30am

လာလည်သွားပါတယ်နော်

သူငယ်ချင်း

Comment by kolayko on October 2, 2011 at 9:10pm
ဘာသာသာသနာအတွက်ဝမ်းသာစရာပါ။
Comment by la yaung on October 2, 2011 at 10:42am
ဝင်ရောက် ခဲ့ပါတယ် အများကြီး နားမလည်ပေမယ့် အပြုအမူတိုင်း မှာ တတ်သိမှတ်မိဖူးတဲ့ တရားတော် နဲ့ အညီ နေထိုင်လုပ်ကိုင်သွားပါမယ်။ ကျေးဇူးတင်ပါတယ်။
 
 
 

About

© 2013   ရဲဂျာမှ မြန်မာချစ်သူမိသားစုကို တည်ထောင်ခဲ့ပါသည်   Powered by

Badges  |  Report an Issue  |  Terms of Service

Offline

Live Video