♥ မြန်မာချစ်သူမိသားစု ♥

မြန်မာချစ်သူမိသားစု

မေးလ်(Mail) တွေအရမ်းဝင်လို့ စိတ်ညစ်နေလား...?

 

မြန်မာချစ်သူမိသားစု အဖွဲ့ဝင်များအားလုံးမင်္ဂလာပါခင်မျာ။

ကျနော်တို့ မြန်မာချစ်သူမိသားစု ဆိုဒ်ဟာ အဖွဲ့ဝင်မန်ဘာများ၊သူငယ်ချင်းများ အားလုံး  သတင်းအချက်အလက်၊

နည်းပညာ၊ ဗဟုသုတ ဖျော်ဖြေရေ အစရှိသည်တို့ ကို အသင်းဝင်မန်ဘာများ အချိန်နှင့်အမျှ သိရှိစေရန်

အတွက် မကြာခဏ အဖွဲ့ဝင်များထံသို့ Check Out မေးများ ပေးပို့လျက်ရှိပါသည်။ သို့ရာတွင် တချို့သော

မန်ဘာများမှာ ထိုမေးများကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရသည် ဟု မကြာခဏ တိုင်တန်းအကြံပေး

ချက်များ  ကိုကျနော်တို့ အုပ်ချုပ်ရေးအဖွဲ့မှ လက်ခံရရှိပါသည်။ ထိုပြဿနာ ကို Ning ၏ Profile setting

မှ  ထိုဝင်ေ၇ာက်လာသောမေးများကို  နောက်ထပ်မ၀င်စေရန်  ပိတ်ပစ်၍ရနိုင်ပါသည် ။ သို့သော်ထိုသို့

ပိတ်ပစ်လိုက်ပါက ကျနော်တို့ မြန်မာချစ်သူမှ ပေးပို့သော မေးများလုံးဝမ၀င်နိုင်တော့ပါ။

 

 

ထို့ကြောင့် အရေးကြီးသောမေးများ သတင်းအချက်အလက်များကို အဖွဲ့ဝင်များလက်ခံရရှိနိုင်မှာ မဟုတ်တော့ပါဘူး။

ဒါကြောင့်  ကျနော်တို့ အတ်မင်အဖွဲ့မှ နှစ်ဦး ၂ ဖက် အဆင်ပြေစေမည့် နည်းလမ်းတခုကိုရှာဖွေခဲ့ပါတယ်။ 

 

 

အဲ့ဒါကတော့ ကျနော်တို့ Gmail ကနေ မြန်မာချစ်သူမိသားစု(MMCFamily) ကို Filter ခွဲထုတ်ဖို့ပဲဖြစ်ပါတယ်။

ယခု ကျနော်တင်ပေးသော Gamil မှ Filter ခွဲနည်းဖြင့်ခွဲထားပါက   သူငယ်ချင်းတို့ ၇ဲ့ Gmail InBox ထဲသို့ 

မြန်မာချစ်သူမှ မေးများလုံးဝနောက်ထပ်ဝင်နိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ဒီနည်းလေးကို အဖွဲ့ဝင်များအားလုံး

အသုံးပြုစေချင်ပါတယ်။

 

 

 

Gmail ရဲ့ အားသာချက်

GEmail ကို Filter လုပ်လို့ရပါသေးတယ်...

Gmail ရဲ့ ပေါ်ဆုံးထောင့်လေးမှာ setting ဆိုတာလေးကို အရင်ဆုံး click လေးပေးလိုက်...

အောက်က ပုံပေးတွေကို အဆင့်ဆင့်ကြည့်သွားလိုက်ပါ....

 




ပြီးရင် အောက်ကပုံလေးလို ပေါ်လာလိမ့်မယ်.....


 


အဲလို creat လုပ်ပြီးတာနဲ့ ခေါင်းစီး Labels ဘေးနားက Filter ကို နှိပ်လိုက်ရင်

အောက်ကပုံအတိုင်း မြင်ရပါလိမ့်မယ်...




အဲလို click ပေးရင် အောက်ကပုံအတိုင်း ဆက်လုပ်လိုက်ပါ... အဲဒီမှာရိုက်ထည့်မဲ့ လိပ်စာကတော့

share@mmcfamily.org ပါ...






ပြီးတာနဲ့ Next Step ကို ဆက်နှိပ်ပါ ခင်ဗျာ...

အောက်ကပုံကို ဆက်ကြည့်ပါ...

Choose Lable ကို click ပေး၊ မြန်မာချစ်သူမိသားစု မှ mail ကို click ဆက်ပေးပါ...

ပြီးတာနဲ့ Skip the Inbox ဆိုတာလေးကို အဓိက click ပေးရမှာ ဖြစ်ပါတယ်...

ပြီးရင် Creat Filter ကိုတဆက်တည်းနှိပ်ရမှာဖြစ်ပါတယ်...

နောက်ဆိုရင် mail တွေက Inbox ထဲကနေကျော်ပြီး မြန်မာချစ်သူမိသားစု ဆိုတဲ့ဆီကို

တိုက်ရိုက်ရောက်သွားနိုင်ပါတယ်..


 

 

 

 

 အဆင်ပြေပါစေ

ခင်မင်စွာဖြင့်

MMC Family Admin Group

 

ကြည့်သူဦးရေ: 9861

Reply to This

Replies to This Discussion

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်

mmc ကနေ ကျနော် online ပေါ်ရောက်ခဲ့တယ်လေ...

ကျနော်ကတော့ ဘယ်တော့မှ အနှောင့်အယှက်မဖြစ်ပါဘူး....

မေးတွေရှိသလောက် ပို့ပေးပါ....

အားပေးနေလျှက်ပါ.....

ကျွန်တော်မှာတော့လုပ်လို့မရဘူးဗျာ   ဒီမှာရွာလည်နေတယ်ဗျာ            ကူညီပါဦးနော်

ငါရောပဲဟ

mmc ကနေ ကျနော် online ပေါ်ရောက်ခဲ့လေ....

ဘယ်တော့မှ စိတ်မညစ်ပါဘူး.....

မေးတွေရှိသလောက်ပို့ပေးပါ.....

အမြဲ အားပေးသွားမှာပါ....ကျေးဇူးပါ...

ရှဲရှဲပါ...

 

ကျေးဇူးတင်ပါတယ်ရှင်
လုပ်ကြည့်လိုက်ပါ့မယ်။ မိမိအသက်အရွယ်အရ လိုအပ်တဲ့မေးရှိသလို မလိုအပ်တဲ့မေးလဲရှိတယ် နောက်ပြီး တခြားဆိုဒ်တွေကလဲ ဝင်တာရှိသေးတယ်လေ အဲဒါကြောင့်မို့ ပါ။ ကျေးဇူးတင်ပါတယ်။
့ ကျေးဇူးတင်ပါတယ်
Thank you very much for your everything.

မလုပ်ပါဘူးဗျာတချိုမေးတွေကအရေးကြီးသလိုအသုံးလဲဝင်ပါတယ်

အွန်လိုင်းစ၀င်ထည်းကmmcကနေ၀င်တာပါ ဘယ်တော.မှစိတ်မရှုပ်ပါဘူး

အိုကေသွားပြီ ကျေးဇူးနော်။

RSS

About

© 2013   ရဲဂျာမှ မြန်မာချစ်သူမိသားစုကို တည်ထောင်ခဲ့ပါသည်   Powered by

Badges  |  Report an Issue  |  Terms of Service

Offline

Live Video