မြန်မာချစ်သူမိသားစု

မျက်နှာနုနုလေးနဲ့ ကချင်မလေးကို အခုတစ်လော မဂ္ဂဇင်း၊ ဂျာနယ်တွေရဲ့ စာမျက်နှာထက်မှာ ခပ်စိပ်စိပ်တွေ့လာရပါတယ်။ တစ်မူထူးခြားတဲ့ ဆွဲဆောင်ဟန်နဲ့ သူမရဲ့ ဓာတ်ပုံတွေကလည်း Facebook လူမှုကွန်ရက် သုံးစွဲသူများအကြား ရက်ပိုင်း၊ လပိုင်းအတွင်း ရေပန်းစားလာခဲ့ပါတယ်။ ကချင်တိုင်းရင်းသူလေးဖြစ်တဲ့ Mဆိုင်းလူက အခုဆိုရင် အနုပညာခြေလှမ်းတွေ သွက်လာပြီဖြစ်လို့ သူမနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
ဇာတိဖြစ်တဲ့ မြစ်ကြီးနားကိုရော ပြန်ဖြစ်လား။
ဇာတိကိုလား ပြန်ဖြစ်တယ်။ တစ်ခါတလေ ပြန်ဖြစ်တယ်။
ဆိုင်းလူ အခု အသက်ဘယ်လောက်ရှိပြီလဲ။ ကျောင်းကရော ဘာတက်နေလဲ။
ညီမအခု ၁၈ နှစ်ပြည့်သွားပါပြီ။ ၁၉ နှစ်ထဲ ၀င်တော့မယ်။ အခုပထမနှစ် ပထ၀ီအဝေးသင်တက်နေတယ်။
မဂ္ဂဇင်း၊ ဂျာနယ်နဲ့ အင်တာနက်စာမျက်နှာတချို့မှာ စောင့်ကြည့်တာ ဆိုင်းလူရဲ့ ၀တ်စားဟန်က သူများနဲ့မတူဘူးနော်။ အဲလိုခွဲထွက်အောင် ဘယ်လိုဖက်ရှင်ကို ထွင်ဝတ်လေ့ရှိလဲ။
ညီမက အင်တာနက်တွေကို အမြဲတမ်းကြည့်တယ်။ ဘယ်သူတွေ ဘာတွေဝတ်တယ်ဆိုတာ ညီမအမြဲတမ်း လေ့လာဖြစ်တယ်။ ညီမဒီဇိုင်းဖြစ်အောင် လုပ်တယ်။ ပြန်စဉ်းစား ပြန်ထွင်ပြီး အမြဲတမ်းပြန်ဝတ်ဖြစ်တယ်။
Mဆိုင်းလူကို ကိုရီးယားမင်းသမီးနဲ့တူတယ်လို့ ပြောခံရရင် ကြိုက်လား။ တူတယ် ပြောတဲ့သူရောရှိလား။
ဘယ်သူမဆို ကိုယ့်ကို ကိုရီးယားမင်းသမီးနဲ့တူတယ်ပြောရင် ကြိုက်ကြမှာပဲလေ။ ပြောကြပါတယ်။ တော်တော်များများ။ Yoon Eun Hye(Princess Hour) နဲ့တူတယ်လို့ ပြောကြတယ်။ တစ်ခါတလေပါ။ ညီမ ၈ တန်းတုန်းက အဲဒီမင်းသမီးနဲ့ တူတယ်ပြောကြတယ်။ နှုတ်ခမ်းဆင်တယ်။ အဲ့လိုပြောကြတယ်။
Mဆိုင်းလူမှာ အခုခေတ်စားနေတဲ့ K Pop ရဲ့ လွှမ်းမိုးမှုရှိလား။
ရှိတာပေါ့။ ညီမက တခြားဘာမှ အဲလောက်မရူးဘူး။ K.Pop ကို အရူးဆုံးပဲ။ ဘာလို့ဆိုတော့ ညီမ K.Pop ကြောင့်လည်း ဒီလိုမျိုး စိတ်ဝင်စားသွားတာ။ K.Pop က ညီမအတွက် အဓိကပေါ့ လုံးဝခရေဇီဖြစ်တယ်။
Mဆိုင်းလူရဲ့ ပုံတော်တော်များများကို ကြည့်တဲ့သူတွေက Sexy ဖြစ်တယ်လို့ မှတ်ချက်ပေးကြတယ်။ အဲဒီအပေါ်မှာရော ဘာများ ပြန်ပြောချင်လဲ။
Sexy ဖြစ်တယ် မဟုတ်ပါဘူး။ နည်းနည်း ဟော့တာပါ။ ဒါပေမဲ့ ညီမ Sexy ဖြစ်တယ်ဆိုပေမယ့် ပေါ်တာတွေဘာတွေ ဘာမှမရှိပါဘူး။ ဒါပေမဲ့ အဲလိုမျိုးဖြစ်နေတာ။ Sexy ဖြစ်တဲ့သူက ဘာပဲဝတ်ဝတ် Sexy ဖြစ်နေတာတော့ ရှိတယ်။ ညီမတော့ မပါလောက်ဘူးလို့ ထင်တယ်။ ဒါပေမဲ့ ဂျင်းဘောင်းဘီနဲ့ တီရှပ်၊ စွပ်ကျယ်ဝတ်လို့ Sexy ဖြစ်တဲ့သူတွေရှိတယ်။ အဲလိုမျိုးတွေ ကြိုက်တယ်။
အခုရာသီဥတုက အရမ်းပူလာတော့ ဘယ်လိုဖက်ရှင်မျိုးကို ၀တ်ချင်တဲ့ ဆန္ဒဖြစ်နေလဲ။
ညီမ ရှပ်အင်္ကျီကိုမှ ဘောင်းဘီတိုတိုနဲ့ ဦးထုပ်၊ အဲလိုမျိုး အခုတော့ဝတ်ချင်နေတယ်။ အောက်မှာ ရာဘာဖိနပ်ပေါ့။ နွေရာသီဆိုတော့ ပူတယ်။ နည်းနည်း လွတ်လွတ်လပ်လပ် နေချင်တယ်။ ဒါပေမဲ့ ပွဲသွား၊ ဘာသွားဆိုရင်တော့ အဆင်ပြေတာ ပြန်ဝတ်ကြတာပေါ့။
မော်ဒယ်လ်ကိုပဲ ၀ါသနာပါတာလား။ သရုပ်ဆောင်လုပ်ဖို့ရော စိတ်ကူးမရှိဘူးလား။ အခြားရော ဘာဝါသနာပါသေးလဲ။
အခုကတော့ မော်ဒယ်တော့ အရမ်းစိတ်ဝင်စားတယ်။ သရုပ်ဆောင်လုပ်ဖို့က ဘုရားသခင်ရဲ့ အခွင့်အရေးပေးရင်ပေးသလိုပေါ့။ ဘုရားသခင်က လုပ်ခွင့်ပေးစေချင်တယ်ဆိုရင် ညီမလုပ်ပေးမယ်။ တခြားလား။ ခရီးသွားရတာ ၀ါသနာပါတယ်။ ညီမ ခရီးသွားရတာကို တော်တော်စိတ်ဝင်စားတယ်။ တော်တော်ကြိုက်တယ်။ ပြီးတော့ ငယ်ငယ်တုန်းကဖြစ်ချင်တာ လေယာဉ်မယ်ပေါ့။ ဒါပေမဲ့ ဒီလိုမျိုးဖြစ်လာတော့လည်း အဆင်ပြေပါတယ်။ ကိုယ့်ရဲ့မျက်နှာနဲ့ ကိုယ်ခန္ဓာမှာ ဘယ်နေရာကို အလှဆုံးလို့ထင်လဲ။ အလှဆုံးရယ်လို့တော့ မရှိဘူး။ အကုန်လုံးက ရွေးလို့မရတာ၊ ဘုရားသခင်က ကိုယ့်ကိုဖန်ဆင်းထားတာ။ အကြိုက်ဆုံးရယ်လို့ မရှိပါဘူး။ ကိုယ်နဲ့ အဆင်ပြေရင်ပြီးတာပဲ။ အကုန်လုံးကြိုက်တယ်။ အားလုံးထက် အပြုံးလို့ထင်တယ်။

(ဓာတ်ပုံ - ဝေယံ)
ဓာတ်ပုံတွေ ရိုက်တဲ့အခါမှာ ဘယ်လိုကိုယ်နေဟန်ထားက ဆွဲဆောင်မှုရှိတယ်လို့ ကိုယ့်ကိုကိုယ်ထင်လဲ။
ညီမ မိုက်တာကိုပဲ ကြိုက်တယ်။ တစ်ခါတစ်ခါကျ Cute ဖြစ်ရင် ဖြစ်သွားတယ်။ မိုက်တယ်လို့ပဲ ညီမကိုယ်ကိုထင်တယ်။
အခု ကချင်ပြည်နယ်က ဒုက္ခသည်တွေအကြောင်းရော သိလား။ တကယ်လို့ ကိုယ်လုပ်ပေးနိုင်မယ်ဆိုတာတွေ လုပ်ပေးချင်လဲ။
သူတို့အတွက် .. သိပါတယ်။ ညီမ တတ်နိုင်သလောက်အားနဲ့တော့ ကူညီပေးချင်တယ်။ ဟိုဘက်မှာ တစ်ခုခုဖြစ်နေတယ်ဆိုပေမယ့် ညီမတတ်နိုင်တဲ့အားနဲ့ပဲ ကူညီချင်တယ်။ 'မနောအလှ ဂီတည' အနုပညာရှင်နဲ့ ပေါင်းပြီးတော့ မြစ်ကြီးနားသွားဖြစ်တယ်။ ကိုယ်တတ်နိုင်တဲ့ လူအင်အားနဲ့ပဲ ကူညီဖြစ်တယ်။
မဂ္ဂဇင်းတစ်စောင်မှာ တွေ့တယ်။ ဗိုက်ပေါ်ဖက်ရှင်ကို ကြိုက်တယ်လို့ပြောတယ်။ အဲလိုဝတ်တော့ သူများတွေဝေဖန်တာ ခံရလား။ အဲဒီအခါ ဘယ်လိုဖြစ်မိလဲ။
ဗိုက်ပေါ်တာ အရမ်းကြီးဖော်တာ မဟုတ်ပါဘူး။ နည်းနည်းလေးဖော်ရင်ရပြီ။ ညီမက အဲလိုမျိုးကြိုက်တယ်။ သူတို့ဟာသူတို့ ဝေဖန်လည်း ပြီးသွားတာပဲပေါ့။ ဝေဖန်တာတော့ သိပ်မရှိသေးဘူး။ ပြောတော့ ပြောကြတာပါ။ နင်ဗိုက်ဖော်တာ ကြိုက်တယ်ဆိုပြိး ညီမလည်း အင်းကြိုက်တယ်။ အဲလိုပဲ ပြန်ဖြေဖြစ်တယ်။ စိတ်ထဲမှာ ပြောမိတာပေါ့။ သွားပါပြီ ရှက်စရာကြီးလို့။ အဲလိုမျိုးဖြစ်တယ်။ အမြဲတမ်း အဲလိုပြောပြီး ကိုယ့်ကို အားငယ်သွားသလိုပဲ ဖြစ်မိတယ်။
အနုပညာလောကမှာ Mဆိုင်းလူ အားကျအတုယူရတဲ့ အနုပညာရှင်က ဘယ်သူလဲ။
အများကြီးရှိပါတယ်။ ဒီမြန်မာနိုင်ငံမှာတော့ အကုန်လုံးက အားကျအတုယူစရာ အနုပညာရှင်တွေပဲ။ အကုန်လုံးက ညီမထက်တော်တယ်။ ပြည့်စုံတယ်။ သရုပ်ဆောင်ပိုင်းရော၊ မော်ဒယ်လုပ်တာရော အကုန်လုံးက စီနီယာဖြစ်တယ်။ အကုန်လုံးကို အားကျအတုယူတယ်။ ဘယ်သူရယ်လို့ မရှိဘူး။
ဖက်ရှင်က လူတစ်ယောက်အတွက် ဘယ်လောက်ထိ အရေးပါတယ်လို့ ခံယူထားလဲ။
အရေးပါတာပေါ့။ ဖက်ရှင်က လူတစ်ယောက်အတွက် ၈၀ ရာခိုင်နှုန်းလောက်တော့ ပါမယ်ထင်တယ်။ ဘယ်လိုဖြစ်ဖြစ် ဖက်ရှင်က ၀တ်တတ်ဖို့လည်း အရေးကြီးတယ်။ အခု ဒီရန်ကုန်မြို့မှာ တော်တော်များများ ၀တ်တတ်လာကြပါပြီ။ မိန်းကလေးတော်တော်များများပဲ။
Credit: ကြူကြူဟန် (7Day News Journal)
အမျိုးအစား
Permalink Reply by minkokyaw on June 19, 2012 at 6:20am She didn't understood what is SEXY.........so pity.........our Burmese people thought SEXY means pretty bad word,actually it means strongly attraction( pretty good ) .Hot is not very good word, u could assume someone who expressing him/her part of body, behavior or over actions a lot to gain or create extra attrections.
Check it out about what is SEXY:http://www.huffingtonpost.com/lori-bryant-woolridge/female-empowerm...
I'm not specialist,I Just try my Burmese Bro and Sis to be smart,That's all I want.
Thnx!
Permalink Reply by Hninyu on June 19, 2012 at 10:06am မှတ်တောင်ထားရဦးမယ် Sexy ဖြစ်တာမဟုတ်ဘူး နည်းနည်းဟော့တာပါ ဆိုပဲ...
Permalink Reply by Sea on June 19, 2012 at 10:43am Sexy ဖြစ်တာမဟုတ်ပါဘူး နည်းနည်း Hot တာပါ.....Sexy ဆိုတာဘာလဲ နားမလည်မပြောပါနဲ့..အချို့ Sexy လှနေပြီး အချို့ Sexy က အောက်တန်းကျလွန်းပါတယ်...ရန်ကုန်ဒီနှစ်ပြီးသွားတဲ့ မြန်မာနှစ်သစ်မင်္ဂလာကို ဘယ်လို Sexy တွေကမြန်မာယဉ်ကျေးမှုကိုကမ္ဘာသိကျေညာခဲ့တယ်အားလုံးအသိပါနော် ...ကမ္ဘာကျော်အောင်ဒီလိုနည်းနဲ့လုပ်ယူရသလား..ကမ္ဘာကမချီးကျူးတဲ့အပြင်.ဘယ်လိုရှုထောင့်ကနေကြည့်မယ်မသိ..ခု Sexy ကောင်မလေးကတကယ်လှပါတယ် ခေတ်နဲ့အမှီ Hot တာပါ Not Sexy ပါ ကြည့်တတ်တဲ့မျက်စိနဲ့ကြည့်ကြပါ..အားပေးပါတယ် လှနေတာဘဲမြင်တယ် Sexy လိုနဲနဲမှမတွေ့ဘူး တွေ့လည်းဘဲသဘာဝပါ မိန်းခလေးရဲ့ကိုယ်အလှအဲလောက်တော့ရှိရတယ်ပါ..အလှကြိုက်တယ်အလှကြည့်တယ် မလွန်ရင် ကဲ့ရဲ့ပြစ်တင်ဘူးပါ အလှလူတိုင်းကြိုက်တယ်လို့တော့မငြင်းစေချင် အလှကိုကြည့်တတ်ကြပါ..လူတိုင်းအလှကိုနှစ်သက်ကြပါတယ်..သူတကယ်လှပါတယ်
Permalink Reply by myint mg mg on June 19, 2012 at 6:25pm အယ်လိုအပြုအမှုတွေကြောင့် 376 တွေဖြစ်နေတာရော သတိထားမိရဲ့လားနော်..........
Permalink Reply by barlaeha06 on June 19, 2012 at 8:06pm ဘာပဲဖြစ်ဖြစ်အားပေးနေမှာပါ ဟဲ ဟဲ ဟဲ ...............
Permalink Reply by aung thang on June 20, 2012 at 5:24am ဒါ Sexyလို့ခေါ်ရင်မျက်လုံးမကျန် ပတ်တီးတာစီးလိုက်တော့ တောင်းမှာအကွက် လူမှာအဝတ်ဆိုတာ ပြောစရာမလိုဘူးထင်တယ်......အားပေးပါတယ် မလွန်စေနဲ့ ကိုယ်ကြိုက်တဲ့ ဒီဇိုင်းနှင့် အလှကိုဖန်တီးနိုင်ပါတယ် အားပေးပါတယ် ....... အထိ ...ဆက်လျှောက်....ဝီးဟီး
Permalink Reply by Sea on June 20, 2012 at 11:23am အလှကိုကြည့်တတ်ကြပါ Sexy မျက်စိနဲ့မကြည့်စေချင်ဘူး..မြန်မာလည်းကမ္ဘာအမှီလိုက်နေပါတယ် Model တွေ ကမ္ဘာအလိုက် Fashion တွေနဲ့ နေတတ်လာချိန် မိမိရဲ့ နာဘူးမျက်စိနဲ့မကြည့်စေချင်ဘူးနော်..ပြီးကဲ့ရဲ့နာစကားများနဲ့သူတို့လေးတွေကိုနှိမ့်ချပါနဲ့ သူတို့တွေကထင်သလိုမဟုတ်ဘူးအလှကြိုက်တဲ့အလှမယ်တွေလို့သိနားလည်ထားရင်ဖြစ်ပါပြီ..
Permalink Reply by callchan on June 20, 2012 at 5:42pm သိပ်ချစ်တယ်.. လုလုရယ်... မင်းဟာကိုယ့်ရဲ့မျှော်လင့်ချက်လေးပါ..
Permalink Reply by swan pyit on June 20, 2012 at 6:15pm ဒီခေတ်ကြီးမှာ မိန်းကလေးတွေလှတာ သေပြီဆရာ ယောင်္ကျင်္ားလေးတွေဒုက္ခရောက်နေကြတာ သေပြီဆရာ အခုတွေ့ရင် အခုကြိုက်နဲ့သူတို့မှာ သေပြီဆရာ ဟွန်းး အားလုံးကိုရှုပ်နေတာပဲ
Permalink Reply by AungYeMyint on June 20, 2012 at 6:23pm
Permalink Reply by မောင်ပြည့်ဖြိုးကျော် on June 20, 2012 at 11:30pm အားပေးပါတယ်ညီမလေး။ဆက်လုပ်ပါ။ကိုယ်လုပ်တာကိုယ်မှန်တယ်။ဘယ်သူ့မှဂရုမစိုက်နဲ့။ဘယ်သူမှလဲကိုယ့်ကိုမကျောစေနဲ့။အဲဒါပဲအေ၇းကြီးတယ်။Mဆိုင်းလီေ၇
© 2013 ရဲဂျာမှ မြန်မာချစ်သူမိသားစုကို တည်ထောင်ခဲ့ပါသည်
Powered by