မြန်မာချစ်သူမိသားစု

ကျွန်တော်ခဏခဏမြင်တွေနေရတော့ ဒီပိုစ်လေးတင်ပေးမလို့ လုပ်နေတာကြာပြီ။
ခု့ မေးလ်ထဲကို ကိုနေမင်းမောင်ဆိုဒ်ကနေ တင်လိုက်တာတွေ့ လို့  ကျွန်တော်လည်းသတိရနဲ့ မသိသေးသော
ကျွန်တော် သူငယ်ချင်းတွေအတွက် ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။
့Gtalk တွင်ကျွန်တော်သူငယ်ချင်းများစာရိုက်တဲ့အချိန်မှာ မြန်မာဖောင့်ပေါ်ပါတယ်။
ဒါပေမယ့် စာကိုရိုက်ထည့်လိုက်တဲ့ အချိန်မှာ G-talk Chat Box ထဲ မြန်မာဖောင့်မပေါ်ပဲ လေးထောင့်အတုံးလေးတေ
ပေါ်နေတာမျိုးပေါ့........ကဲမိမိတို့စက်မှာလဲ အခုလိုမျိုးကြုံလာခဲ့ရင်တော့ အောက်ကနည်းလမ်းလေးတွေ အတိုင်းသာ
လိုက်လုပ်ကြည့်လိုက်ပါ။
1. အရင်ဆုံးကျွန်တော်တို့ G-talk မှာရှိတဲ့ Setting ကိုနှိပ်လိုက်ပါ။
Setting Box လေး ကျလာပါလိမ့်မယ်။
2. ပြီးရင် General ထဲကနေ Change Font ကိုနှိပ်လိုက်ပါ။
Font မှာ Zawgyi-one မပြောင်းရသေးရင်ပြောင်း ပြောင်းလိုက်ပါ။ ပြီးရင် OK ကိုနှိပ်လိုက်ပါ။
G-talk မှာဖောင့်ပြောင်းပြီးပြီးဆိုရင် Internet Explorer ကိုဖွင့်လိုက်ပါ။
ပုံလေးကအတိုင်း Tool ဆိုတာလေး ကလစ်ထပ်လုပ်ပေးပါ။
Internet Explorer 9 ဆိုရင်တော့ Setting ကိုသွားပါ။
ညာဘက်ထောင့်ဆုံးလေးမှာ Setting ပုံလေးတွေ့ ရပါလိမ့်မယ်။
အဲ့ဒီကောင်လေးကနေ Internet options ကိုနှိပ်လိုက် ပါ။
Control pannel နေရာက Internet options ဆိုရင်လည်းတူတူပါပဲခင်ဗျာ။
ဒါဆိုရင် Internet Options Box လေးကျလာပါလိမ့်မယ်။
ပြီးရင်အအောက်ကပုံမှာ ပြထားသလို Font ကိုနှိပ်လိုက်ပါ။
ပေါ်လာတဲ့ Font Box လေးထဲမှာ Zawgyi-one ကိုရွေးလိုက်ပါ။
ဒီပုံလေးထဲကအတိုင်းးပေါ့ 
အပေါ်ကအဆင့်တွေအတိုင်း လုပ်ပြီးပြီဆိုရင်တော့ ကျွန်တော်တို့ G-talk ကို
ပြန်ဖွင့်ပြီးကြည့်လိုက်ပါ။
အရင်အတိုင်း မြန်မာဖောင့်ကို ပြန်ပြောင်းသွားပါလိမ့်မယ်..။
Window 7 တွင် 64 bit နှင့် ဝင်းဒိုးတင်လိုက်သော အခါတွင်လည်း ယခု့ လို
မြန်မာဖေါင့် မပေါ်ခြင်း ပြသနာဖြစ်တတ်ပါတယ်။
အဲဒါကိုတော့ Window 7 64bit loader လေးနဲ ဖြေရှင်းမှ ရပါတယ်။
ကျွန်တော် နောက်ကြုံရင်ထပ်တင်ပေးပါဦးမည် ခင်ဗျာ။
အားလုံးပဲအဆင်ပြေကြပါစေ
ခင်မင်စွာဖြင့်
ရောင်နီလင်း
အမျိုးအစား
Permalink Reply by ကိုသက် on July 7, 2012 at 12:50pm ကျေး ဇူး တင် ပါ တယ် ။
ရှာ နေ တာ ကြာ နေ ပြီ ပေါ့ ။
Permalink Reply by kyaw zaw lin on July 10, 2012 at 2:40pm ကျေးဇူးဘဲနော် ညီ
Permalink Reply by panthukar on July 15, 2012 at 4:37pm ကျွန်တော်လဲ ကြုံဘူးပါတယ်...အဲဒီအတိုင်းလုပ်ကြည့်ပါတယ်မရပါဘူးခင်ဗျား..တစ်ခါတစ်လေကိုယ်ကြုံဖူးမှသိရတဲ့အပိုင်းပေါ့နော်.
.အဲဒီလိုဖြစ်ရတာကfont တွေထပ်နေရင်ဖြစ်ပါတယ်..ကျွန်တော်ကဇော်ဂျီကိုအရင်သုံးတယ်..နောက်ပြီးwebစာမျက်နှာတွေလိုက်ဖတ်လို့ မရတော့ winမြန်မာကိုဒေါင်းလော့ဆွဲထည့်လိုက်တာ..အဲဒီအချိန်ကမသိလိုက်ဘူး..အဲနောက်ဂျီတော့ကဘာဖြစ်လို့ စာရိုက်မှန်တယ်..enterခေါက်ရင်ကိုယ်
ရိုက်တဲ့စာဖတ်မရဘူး..နောက်မှသူငယ်ချင်းရှင်းပြလို့  font ထပ်လို့ ဖြစ်တာလို့ သိရပါတယ်..
ု
Permalink Reply by စူးရှ on July 22, 2012 at 10:04pm စာလုံးအကြီးပြောင်းလို့မရဘူးဖြစ်နေတယ် သေးသေးလေးပေါ်တယ် ကူညီပါအုံး ကျေးဇူးပဲ
© 2013 ရဲဂျာမှ မြန်မာချစ်သူမိသားစုကို တည်ထောင်ခဲ့ပါသည်
Powered by