♥ မြန်မာချစ်သူမိသားစု ♥

မြန်မာချစ်သူမိသားစု

" အများသုံး WiFi များတွင် Facebook သုံးသူများ Account Hacking လုပ်ခံရနိုင် "

 

Facebook ဆိုရှယ် နက်ဝပ်သုံးစွဲသူများ user အနေဖြင့် မိမိတို့၏ Facebook User Account များကိုသုံးစွဲရာတွင်

အများသုံး ဖရီးဝိုင်ဖိုင်နက်ဝပ် ဧရိယာများတွင် သုံးစွဲခြင်းဖြင့် Hack ခံရမှုအန္တရာယ် ပိုမိုနီးစပ်ကြောင်း သိရှိရသည်။

အများသုံး ဝိုင်ဖိုင်ဧရိယာများတွင် သုံးစွဲသူများ၏ Facebok အကောင့်များကို Hack ပြုလုပ်ရန်အတွက် ပိုမိုလွယ်ကူပြီး

ထိုသို့ Hacking ပြုလုပ်ရန်အတွက် ဆော့ဖ်ဝဲများ လည်းရှိကြောင်း သိရှိရသည်။

 



“ အခုဆိုရင် Facebook အကောင့်ကို Hack လုပ်တဲ့ဆော့ဖ်ဝဲ တစ်မျိုးရှိပါတယ်။ အဲဒါက မိုဘိုင်းဖုန်းထဲကနေ အများ

သုံးဝိုင်ဖိုင်ဧရိယာအတွင်းမှာ သုံးနေတဲ့ Facebook user ရဲ့အကောင့်ကို Hack လိုက်လို့ရပါတယ်။ Hack ခံရတဲ့သူရဲ့

အကောင့်ထဲကိုဝင်ပြီး သုံးပြီးစတေးတပ်စ်တွေတင်တာ၊ ပုံတွေတင်တာမျိုး ပြုလုပ်လို့ရပါတယ်။ Password ကိုပါ

ပြောင်းပစ်လိုက်လို့ရပါတယ်။ ဒါ့ကြောင့်အများသုံး ကော်ဖီဆိုင်တွေလို၊ စူပါမားကတ်တွေလို ဝိုင်ဖိုင် ဧရိယာ တွေမှာ

Facebook သုံးရင် သတိထားပြီးသုံးဖို့ လိုပါတယ်။

 

 

 


အဲဒီ နေရာတွေမှာ Facebook သုံးတဲ့ User တွေရဲ့ အကောင့်နာမည်ကိုသိရုံနဲ့ မိမိပရိုဖိုင်းလင့်ခ် ကိုယူပြီး ကိုယ်နဲ့

နက်ဝပ်တစ်ခုတည်းမှာ သုံးနေတဲ့သူက ဆော့ဖ်ဝဲသုံးပြီး မိမိ အကောင့်ကို Hacking ပြုလုပ်လို့ ရနိုင်ပါတယ်။ အထူး

သဖြင့် မိန်းကလေးတွေအတွက် အန္တရာယ်ရှိ ပါတယ်။ အဲဒီ Hacking Software က အလကားရတဲ့အပြင် သုံးရတာ

လွယ်ကူတော့ ကိုယ့်အကောင့်ကို Hack ပြီး၊ ကိုယ့်ဝေါလ်ပေါ်မှာ မဟုတ်မဟပ်ပုံတွေ တင်သွားနိုင်တာကြောင့် အဲဒီလို

နေရာတွေမှာ Facebook သုံးရင် သတိ ထားကြဖို့လိုပါတယ်” ဟု 1st Myanmar Mobile App Meeting ပွဲတွင်

Mobile Developer တစ်ဦးကပြောသည်။

 

 


၎င်း Hacking ဆော့ဖ်ဝဲများမှာ Android ဖုန်းသုံး Hacking Software များဖြစ်ပြီး၊ အများသုံး ဝိုင်ဖိုင်ဧရိယာ တစ်ခု

(သို့မဟုတ်) ကွန်ရက်တစ်ခုအတွင်း အသုံးပြုနေသူအား မိုဘိုင်းဖုန်း အသုံးပြုကာ Facebook Account အား Hacking

ပြုလုပ်နိုင်သည့် ဆော့ဖ်ဝဲများဖြစ်ပြီး ၄င်းတို့ကို ကာကွယ်နိုင်သည့် ဆော့ဖ်ဝဲများရှိသော်လည်း သာမာန် User များ

အနေဖြင့် Free wi-fi ဧရိယာများတွင် အသုံးပြုပါက သတိရရန်လိုအပ်ကြောင်း ၄င်းကထပ်မံပြောပြခဲ့ သည်။

 

 



ထို့ပြင် အင်တာနက်အသုံးပြု သူuser များနေဖြင့် အများသုံး Public Access Center များတွင် အင်တာနက်အသုံးပြု

ရာတွင်လည်း မိမိတို့၏ Password များ ကို ဆော့ဖ်ဝဲခံ၍သိရှိအောင် ပြုလုပ် ထားတတ်သူများ အန္တရာယ်မှ ရှောင်ရှား

နိုင်ရန်အတွက်လည်း ကွန်ပျူတာရှိ On Screen Keyboard ကို အသုံးပြုပြီး မိမိတို့၏ ဂျီမေးလ်နှင့်Facebook Account

များကို Sing In ပြုလုပ် သင့် ကြောင်းကိုလည်း ပြောပြခဲ့ သည်။

 



MOBILE  GUIDE

ကြည့်သူဦးရေ: 583

Reply to This

Replies to This Discussion

thank!

ကျေးဇူးတင်ပါတယ်နော်   အခုလိုမျှဝေပေးတဲ့အတွက်အရမ်းကျေးဇူးတင်ပါတယ်

thanks

ကျေးဇူးတင်ပါတယ်
ကျေဇူးတင်ပါတယ်
Thanks!:-)
Thank alot

ကျေးဇူးပါခင်ဗျ..

RSS

About

© 2013   ရဲဂျာမှ မြန်မာချစ်သူမိသားစုကို တည်ထောင်ခဲ့ပါသည်   Powered by

Badges  |  Report an Issue  |  Terms of Service

Offline

Live Video