မြန်မာချစ်သူမိသားစု
မင်္ဂလာပါ
သူငယ်ချင်းတွေ စာမျက်နှာကိုသွားလည်တဲ့အခါမှာ ပုံလှလှလေးတွေ နဲ့
ခင်မင်ချင်ပါတယ် ၊ လာလည်ခဲ့တယ် ၊ သတိရနေတယ် စသည်ဖြင့်ပေါ့နော်
မိမိရောက်လာခဲ့ကြောင်းကို အမှတ်တရအနေနဲ့ စာနှင့်အတူ ပုံလှလှလေးတွေ ချန်ထားကြပါတယ်။
ဒါပေမဲ့ တစ်ချို့သူငယ်ချင်းတွေက ပုံလှလှလေးတွေ ပေးချင်ပေမဲ့ ပေးမတတ်ကြဘူး။
မသိသေးတဲ့ သူငယ်ချင်းတွေအတွက် Comments ပေးပုံပေးနည်းကို ပြောပြမယ်နော်
http://www.glitter-graphics.com/
http://funny4myspace.com/pictures
ဒါက Comments Code ရှိတဲ့ဆိုက်ဒ်တစ်ချို့ပါ။
၁။
www.friends18.com ဆိုဒ်ဖွင့်ပြပါမယ်။
ပုံမှာပြထားတဲ့အတိုင်း မိမိလိုချင်တဲ့ ခေါင်းစဉ်တစ်ခုကိုနှိပ်ပါ။
ဥပမာအနေနဲ့ Good Morning နေရာ 1 ပြထားပါတယ်။
၂။
နှိပ်ပီးတဲ့အခါမှာ Good Morning ပုံလှလှလေးတွေ တွေ့ရမှာဖြစ်ပါတယ်။
အဲ့ထဲက ကြိုက်တဲ့ပုံအောက်က 2 ပြထားတဲ့နေရာက HTML Code ကို Copy ယူပါ။
၃။
Code ကို Copy ယူပြီးရင် မိမိပေးချင်တဲ့ သူငယ်ချင်းစာမျက်နှာကိုသွားပါ။
ပုံတွင်ပြထားတဲ့ 3 HTML ကို တစ်ချက်Click ပါ။
နံပါတ် 4 စောစောက Cpoy ယူလာတဲ့ HTML Code ကို Past ချလိုက်ပါ။
ပြီးရင် Code ရဲ့အစပဲဖြစ်ဖြစ် အဆုံးမှာပဲဖြစ်ဖြစ် ပြောချင်တဲ့စကားကို ထည့်ရေးပြီး ပုံ 5 မှာပြထားတဲ့
Add Comment ကိုနှိပ်လိုက်ပါ။
၎။
ယခုအောက်မှာ မြင်ရတဲ့ပုံအတိုင်း မိမိရဲ့ Comment လှလှလေးက သူငယ်ချင်းရဲ့စာမျက်နှာမှာ ရောက်ရှိ
သွားပီးဖြစ်ပါတယ်။
ကြိုးစားကြည့်နော် ............... အဆင်ပြေပါစေ
နောက်ထပ် တစ်နည်းပြောပြမယ်နော်..
ဒုတိယ Comment ပေးနည်း
ယခုနည်းက Code မရှိပဲ...လိုချင်တဲ့ပုံတွေကိုယူပြီး Comment ပေးတာပါ။
၁။
Google မှာ မိမိလိုချင်တဲ့ ပုံကို 1 စာရိုက်ပြီး ရှာပါ။
ဥပမာ - Cute baby pics (pictures)
၂။
ချစ်စရာကလေးပုံတွေ အများကြီးတွေ့ရမှာပါ။
အဲ့ဒီထဲကမှ မိမိကြိုက်တဲ့ကလေးပုံကို တစ်ချက်နှိပ်လိုက်ပါ။
ပုံရဲ့ မူရင်းအရွယ်အစားအတိုင်း ကြီး/သေး ပေါ်လာမှာဖြစ်ပါတယ်။
2 မှာပြထားတဲ့အတိုင်း ပုံပေါ်ကို Right Click နှိပ် Save Picture As ကိုရွေးနှိပ်ပါ။
၃။
Save Picture As ကိုနှိပ်လိုက်တဲ့အခါ အောက်ပုံမှာမြင်ရတဲ့အတိုင်း ပုံကိုသိမ်းဖို့ Save Pictures
ပေါ်လာမှာဖြစ်ပါတယ်။
My Documents ကိုရွေးပြီး 3 Save ကိုနှိပ်ပါ။
နှိပ်ပီးရင်တော့ ချစ်စရာကလေးပုံလေးကို ကွန်ပြုတာထဲမှာ သိမ်းလို့ ပြီးပြီးပေါ့.....
၎။
မိမိ Comments ပေးချင်တဲ့ သူငယ်ချင်းစာမျက်နှာကိုသွားပါ။ ပုံမှာပြထာတဲ့အတိုင်း 4 Image ကိုနှိပ်ပါ။
(((ဒီနေရာမှာ ပထမ Code ကိုယူပြီးပေးနည်း နဲ့ ယခုပေးနည်း ကွာခြားချက်ဖြစ်ပါတယ်)))
၅။
Image ကိုနှိပ်လိုက်တဲ့အခါ ယခုအောက်ပုံမှာပြထားတဲ့အတိုင်း 5 ကိုနှိပ်ပါ။
စောစောက (My Documents) မှာ သိမ်းထားတဲ့ကလေးဓါတ်ပုံ နေရာကိုရှာပါ။
ကလေးပုံကိုတွေရင် 6 ပုံပေါ် တစ်ချက်နှိပ်ပါ။ ပြီးရင် 7 (Open) ကိုနှိပ်ပါ။
၆။
အောက်မှာပြထားတဲ့ ပုံအတိုင်းမြင်ရပြီးဆိုရင် 8 OK ကိုနှိပ်ပါ။
၇။
ပြီးရင်တော့ Add Comment ကိုနှိပ်ပေါ့နော်.......
အောက်ပုံမှာပြထားတဲ့အတိုင်း စောစောက ချစ်စရာကလေးပုံလေးက မိမိပေးချင်တဲ့သူရဲ့ စာမျက်နှာရောက်သွားပြီးပေါ့
Jit Woo (ချစ်ဘူး) ဆိုပဲ.......ဟိဟိ
မှတ်ချက်
Comment ပေးရာမှာ ပထမပေးနည်း နဲ့ ဒုတိယပေးနည်း မတူတာကိုတွေ့မှာပါ။
ပထမပေးနည်း (Code) ကိုသုံးရတာ လွယ်ကူပေမဲ့
နောက်တစ်ခါ အဲ့ဒီပုံကိုပြန်သုံးချင်ရင် ပြန်ရှာရတာ မလွယ်ကူပါဘူး။
ဒုတိယပေးနည်း (Save) ကိုသုံးရတာ အချိန်မရွေးအဲ့ဒီပုံက
မိမိကွန်ပြုတာထဲမှာ ရှိနေတဲ့အတွက် အလွယ်တကူ ပြန်ရှာပေးလို့ရပါတယ်။
(ကိုယ်ကြိုက်တဲ့ပုံလေးတွေ တွေ့ရင်လည်း ဒုတိယနည်းအတိုင်း သိမ်းထားပြီးပေးပေါ့နော်..)
ကြိုးစားကြည့်နော်.......လွယ်ပါတယ်။
အဆင်ပြေပါစေ...
မြန်မာချစ်သူမိသားစု
MMC Family Group
အမျိုးအစား
Permalink Reply by su myat khein on October 27, 2011 at 7:32am thanks par shin.......
Permalink Reply by hnin yu wai on October 27, 2011 at 9:40am ကျေးဇူး
ကျေးဇူးတင်ပါတယ်နော်
Permalink Reply by CΔnƉℓɛ on October 27, 2011 at 11:49am
ပြန်သတိရတယ်နော် မှတ်မိတာပေါ့ မမရယ်......ပုံလှလှလေးတွေ Comment ရရင် လီပျော်သလို
လူတိုင်းကိုလည်း ပျော်စေချင်မိတယ်။
Permalink Reply by Aye Myat Thu on October 27, 2011 at 11:51am Thank you
Permalink Reply by thae yu wah on October 27, 2011 at 3:22pm
Permalink Reply by venuslamin on October 27, 2011 at 4:41pm
Permalink Reply by aungsoekyi on October 28, 2011 at 9:09am
Permalink Reply by aungsoekyi on October 28, 2011 at 9:10am <center><br /><a href="http://www.friends18.com/category/good-day/"><img src="http://friends18.com/img/good-day/0258.gif" title="Friends18.com Orkut Scraps" border="0" alt="Friends18.com Orkut Scraps"></a><br /><a href="http://www.friends18.com/category/good-day/" title="Orkut Scraps">Friends18.com Good Day Scraps</a></center>
Permalink Reply by Ko Taw Wynn(Gu Gue Gwam) on October 28, 2011 at 10:55am
© 2013 ရဲဂျာမှ မြန်မာချစ်သူမိသားစုကို တည်ထောင်ခဲ့ပါသည်
Powered by