မြန်မာချစ်သူမိသားစု

Web site တွေမှာ Animation ပုံလေးတွေအများကြီးတွေ့ရပါတယ်။
အခု Animation ပြလုပ်နည်းလေးကို Adobe Image Ready နဲ့ အလွယ်တကူပြုလုပ်ပုံကို ဆက်လက် တင်ပြပေးသွားပါမယ်။
အဆင့်(၁)
ပထမဆုံး Adobe Photoshop နဲ့ အောက်ပါအတိုင်း အနေအထား အနည်းငယ် မတူညီတဲ့ ပုံ (၃)ပုံကို ဖန်တီးပါမယ်။ ဆောင်ရွက်ပြီး Gif Format နဲ့ File name ကို a မှ c အထိ ပေးပါ။ သင့်အနေနဲ့ အလွယ်တကူ လေ့လာနိုင်ဖို့ အခုပုံ (၃)ပုံကို ကူးယူပြီး စတင်လေ့ကျင့်ကြည့်ပါ။ Folder တစ်ခုတည်ဆောက်ပြီး စောစောက ဖန်တီးထားတဲ့ Save လုပ်ပါမယ်။
ကျွန်တော်ကတော့ Desktop ပေါ်မှာ Rose Folder တည်ဆောက်ပြီး အားလုံးသိမ်းလိုက်ပါတယ်။
ကိုယ်သိမ်းလိုက်တဲ့ Folder ထဲမှာ Animation လုပ်မယ့် File တွေပဲရှိရပါမယ်။

ပုံ(a)
ပုံ(b)

ပုံ(c)
အဆင့်(၂)
ဒါဆို Animation လုပ်ဖို့အတွက် Adobe Image Ready ထဲကို ၀င်လိုက်ပါ။

အဆင့်(၃)
File menu ထဲက Import ကနေ Folder as frames... ကိုရွေးလိုက်ပါ။
ပြီးရင် စောစောက Rose Folder ကို Desktop ပေါ်ကရှာပြီး Click လုပ်ပါ။ OK ကို Click ထပ်လုပ်ပါ။

Adobe Image Ready ထဲမှာ အောက်ပါအတိုင်းတွေ့ရပါမယ်။

အောက်မှာ Animation က မြားပြထားတဲ့ Play button ကို Click လုပ်ကြည့်ပါ။

အောက်ပါအတိုင်းတွေ့ရပါမယ်။

Stop button ကို Click လုပ်ပါ။ Animation က Frame တွေအားလုံးကို Select လုပ်လိုက်ပါ။

အချိန်သတ်မှတ်ပေးဖို့ Right Click လုပ်ပါ။

သင်နှစ်သက် အချိန်ကို Click လုပ်ပေးပါ။ ကျွန်တော်က 1 sec ထားလိုက်ပါတယ်။
Play ပြန်လုပ်ကြည့်ပါ။ ရပ်ချင်ရင် Stop ကို Click လုပ်ပါ။


အဆင့်(၄)
အခုဆို Animation အခြေခံလေးတော့ သင်ရရှိသွားပါပြီ။ Web Page တို့ Power Point တို့မှာ သုံးလို့ရအောင် File menu က Save Optimized ကို ရွေးပြီး သင်နှစ်သက်ရာ အမည်နဲ့ သိမ်းလိုက်ပါ။

သင်သိမ်းလိုက်တဲ့ File ကို အလိုရှိသလိုအသုံးပြုနိုင်ပါပြီ။
အခုတင်ပြတာကတော့ အခြေခံလေးပါ။ အဆင့်မြင့်နည်းပညာနဲ့ ဖန်တီးတာလေးတွေကိုတော့ အချိန်အခါသင့်ရင် တင်ပြပေးပါမယ်။
အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၁၉-၆-၂၀၁၂)(၂၁း၂၅)နာရီ
-----
Tags: Animation
Permalink Reply by ချိုမာလွင် on June 20, 2012 at 10:57am ကျေးဇူးပါနော်
Permalink Reply by myo min on June 20, 2012 at 5:40pm ကျေးဇူးတင်ပါတယ်....နောက်လည်းထပ်ထပ်ပြီးတင်ပေးပါအုံးနော်
Permalink Reply by barlaeha06 on June 20, 2012 at 8:20pm ခုလိုနည်းပညာတွေကိုမျှဝေပေးတဲ့အတွက်ကျေးဇူးပဲ
© 2013 ရဲဂျာမှ မြန်မာချစ်သူမိသားစုကို တည်ထောင်ခဲ့ပါသည်
Powered by