မြန်မာချစ်သူမိသားစု
တစ်ချိန်လုံး အမြဲတမ်း ပျော်ရွှင် နေသူ တစ်ယောက် မှ မရှိကြပါဘူး။ ဒါပေမဲ့ တချို့သူတွေဟာ တခြားသူတွေ ထက် ပိုမို ပျော်ရွှင် နေတတ်ကြတာ ဟာ အောက်ပါ အကြောင်းတွေ ကြောင့်ပါ။
၁။ အကောင်းမြင်တတ်ပါတယ်
ပျော်ရွှင်စွာ နေတတ်သူတွေ ဟာ မကောင်းတဲ့ အရာတွေ ဖြစ်ပေါ် လာတာကို လက်ခံ ပေမယ့် မကြာခင် ပြီးဆုံးမယ်လို့ ယုံကြည်တတ် ကြပါတယ်။ အဆိုးမြင် ၀ါဒ ရှိတတ်သူတွေ အနေ နဲ့ တစ်ခုခု မှားရင် အကုန်လုံး မှားမှာပဲ လို့ ထင်တတ်ကြတဲ့ အလေ့အကျင့် ရှိတတ် ကြပါတယ်။
၂။ အကောင်းဘက်က ဖြစ်ပေါ်လာရင် ရေးမှတ် ထားတတ် ကြပါတယ်
ကျွန်ုပ်တို့ဟာ များသောအားဖြင့် မကောင်းတာ (Negative) အပေါ်သာ အာရုံစိုက်လေ့ ရှိတတ် ကြပါတယ်။ ချီးကျူး ရမှာက ၁၀ ခု ရရှိပြီး မကျေနပ်တာ တစ်ခု ရှိနေမယ် ဆိုရင် သင်ဟာ ဘယ်အပေါ်မှာ အာရုံစိုက်လေ့ ရှိသလဲ။ ပျော်ရွှင်စွာ နေတတ်သူတွေ ဟာ ချီးကျူး ရမယ့် အကြောင်းအရာတွေကို သာ ကြားမြင် တတ်ကြ ပါတယ်။ အကောင်းမြင်တာကို စတင်ပြီး သတိထား မိရင် သင့်ဆီ အကောင်းတွေ ချည်းပဲ ရောက်လာမှာ လို့ ပိုမြင်မိတတ် ကြပါတယ်။
၃။ခွင့်လွှတ်နိုင်အောင် လေ့ကျင့်ပါတယ်
ပျော်ရွှင်စွာ နေတတ်သူတွေဟာ လွယ်လွယ် ကူကူပဲ ခွင့်လွှတ်တတ် ကြပါတယ်။ လူတွေကို ခွင့်မလွတ်နိုင်တာ ဟာ အဲ့ဒီသူ သေဆုံးဖို့ အထိ မျှော်လင့်နေတာကြောင့် သင့်ကိုယ် သင် အဆိပ်မိ ထားသလို ခံစားရတတ် ကြပါတယ်။ သင်ဟာ ခွင့်လွှတ်ဖို့ ခဲယဉ်းနေရင် မေတ္တာပို့ တတ်တဲ့ အကျင့်ကို ပြုလုပ်ပါ။ သင့်ကိုယ် သင် မေတ္တာပို့ပါ။ ပြီးရင် သင် ချစ်တဲ့သူ၊ သင် နဲ့ သိကျွမ်း ဖူးသူ၊ သင် ခွင့်လွှတ်ရမယ့် သူတွေကို မေတ္တာ ပို့ပါ။ ဥပမာ အားဖြင့် (ခွင့်လွှတ်ရမယ့် သူ နာမည် ထည့်ပါ) ကျန်းမာပါစေ။ ချမ်းသာပါစေ။ အန္တရာယ်ကင်း ပါစေ။ ကြင်နာတတ် ပါစေ အစ ရှိသဖြင့် မေတ္တာပို့ ကြည့်ပါ။ အလိုလို ခွင့်လွှတ်နိုင် သွားပါ လိမ့်မယ်။
၎။မိမိ ၀ါသနာ ပါရာ အလုပ်ကို လုပ်တတ် ကြပါတယ်
ပျော်ရွှင်စွာ နေတတ်သူတွေ ဟာ ငွေ ဒါမှမဟုတ် ဂုဏ်ကို အဓိက မထားဘဲ သူတို့ ၀ါသနာပါရာ အလုပ်ကို လုပ်တတ်ကြ ပါတယ်။
Tags: ကျန်းမာရေး
Permalink Reply by Nang Ying Mew Phoung on June 22, 2011 at 4:28pm
Permalink Reply by kaungthant on June 22, 2011 at 4:29pm
Permalink Reply by Aung Aung on June 22, 2011 at 4:34pm အခုလိုမျိုးလေး ရှင်းပြပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်....
နောင်လည်း ဒီလိုမျိုး အသိပညာလေးတွေကို Share ပေးစေချင်ပါတယ်...
Permalink Reply by mgbanding@gmail.comွှ on June 22, 2011 at 7:20pm သည်းခံ ခွင့်လွပ်ခြင်းဖြင့်..အရာရာအားလုံး၏.အောင်မြင်ပြီးစီးခြင်းသို့..
ဆိုက်ရောက်မှုရှိသလို..ဘေးရန် အန္တရာယ်ဟူသမျှတို့ကိုလည်း...
ကာကွယ်စေနိုင်၏..။
Permalink Reply by mgbanding@gmail.comွှ on June 22, 2011 at 7:23pm (ပျော်ရွှင်စွာ နေတတ်သူတွေ ဟာ ငွေ ဒါမှမဟုတ် ဂုဏ်ကို အဓိက မထားဘဲ သူတို့ ၀ါသနာပါရာ အလုပ်ကို လုပ်တတ်ကြ ပါတယ်။)
ဒီစာတန်းလေးစကို ကျနော်နျစ်သက်ပါတယ်ဗျာ......၊
Permalink Reply by akyinnarmay on June 22, 2011 at 7:25pm ကိုယ်လည်းပျော်ပျော်နေရခြင်းအကြောင်းကိုသိသွားပြီ ကျေးဇူးပါ
Permalink Reply by phoezaw301 on June 22, 2011 at 8:04pm
Permalink Reply by powerwhitemann on June 22, 2011 at 8:12pm yeah!
© 2013 ရဲဂျာမှ မြန်မာချစ်သူမိသားစုကို တည်ထောင်ခဲ့ပါသည်
Powered by