♥ မြန်မာချစ်သူမိသားစု ♥

မြန်မာချစ်သူမိသားစု

ဘလော့ပိုစ် စည်းကမ်းချက်များ

 

ယခုကျနော် ပြောချင်တာက ဘလော့ပိုစ့်ရေးသားသူများအနေနဲ့ ဘလော့တွေကို အရင်အဟောင်းတွေ

(တင်ပြီးသားပိုစ့်တွေ) ရှိပါတယ်။ သူငယ်ချင်းတွေအတွက် အသိပညာ ဗဟုသုတ ရစေနိုင်သော ပိုစ့်များကို

ပထမပိုစ့်နှင့် လပိုင်းခြားစေပါမူ စီစစ်ရ်ျပြန်လည်တင်ပြပေးပါမည်။ ပိုစ့်တစ်ခုထဲအား ရက်ခြားရ်ျ အဖွဲ့ဝင် (Member)

နှစ်ဦး တင်ရှိခဲ့ပါက နောက်တင်သောသူပိုစ့်အား ပယ်ဖျက်ပစ်ရတာတွေရှိပါတယ်။ မိမိတင်လိုက်သော Blog Post

မကျရောက်လာပါက အပြစ်တင်မစောစေပဲ ဆိုဒ်က်တွင်းရှိ မိမိပိုင် Inbox ထဲမှာ တာဝန်ရှိသူတွေက ပယ်ဖျက်လိုက်

ရသော အကြောင်းအရာနှင့်တစ်ကွ မိမိတင်လိုက်သော ပိုစ့်ကို Inbox မေးလ်ဖြင့်အသိပေးသွား မှာဖြစ်ပါတယ်။

 

 

မြန်မာချစ်သူ ၏ BLog Post စည်းကမ်းတွေကို ပြန်လည်ပြင်ဆင်ထားပါတယ်။

 

စည်းကမ်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

 

 

၁။ ဥပဒေနှင့်မလွတ်ကင်းသော post များ အကျိုးမရှိသော post များ တင်ခွင့်မပြုပါ။ 

    သတင်းအနေနှင့်တင်ပြသော Post များမှာ သက်သေအထောက်အထားခိုင်လှုံရမည်။

    အထောက်အထား မခိုင်လှုံပါက တာဝန်ရှိသူများမှ အကြောင်းကြားပြီး ပယ်ဖျက်ပါမည်။

 

 

၂။ မိမိတင်ပြသော Blog Post အဆုံးမှာ Tags: ၌ မိမိ၏ Post အမျိုးအစား ၀တ္ထုတို ၊ ဆောင်းပါး ၊ ကဗျာ ၊ ရသ ၊

     ဟာသ ၊ နည်းပညာ ၊ ဗဟုသုတ ထည့်ပေးပါရန်။

 

 

၃။ မိမိမူပိုင်ရေးသားသော ပိုစ့်တစ်ပုဒ်ဖြစ်ပါက ပိုစ့်အဆုံးသတ်တွင် မိမိ၏အမည် (ကလောင်အမည်) ကို ထည့်သွင်း

     ဖေါ်ပြပေးပါရန် နှင့် ကူးယူဖေါ်ပြခဲ့သော တစ်ပါးသူ၏ ပိုစ့်ဖြစ်ပါက ရေးသားသူကို လေးစားသောအားဖြင့်  

     အောက်တွင် ရေးသားသူ၏အမည်ကို ဖေါ်ပြပေးရန်။ (FWD မေးလ်မှဆိုလျှင် FWD မေးလ်မှ)

 


၎။ MMC  မိသားစုဝင်တစ်ဦးသည် တစ်နေ့ကို Blog post ၃ပုဒ် သာတင်ခွင့်ရှိသည်။

 


၅။ တစ်ဦးတစ်ယောက်၏ ဂုဏ်သိက္ခာကို ထိပါးစေသောမည်သည့် ပိုစ့်မျိုးကိုမဆို ပယ်ဖျက်မည်။

 

 


၆။ ပင်မစာမျက်နှာတွင် Blog Post စည်းကမ်းချက်နှင့်ညီသော Post များသာတင်ပြမည် ဖြစ်သည်။

 

 

 

၇။ Blog Post များတင်သောနေရာတွင် ကဗျာများ နှင့် ဆွေးနွေးချက်များ တင်ခြင်းခွင့်မပြုပါ။ ကဗျာတင်ရန် ကဏ္ဍ

    အတွက် မြန်မာချစ်သူ ကဗျာချစ်သူအဖွဲ့  ဒီနေရာမှာ ရှိပြီး ဆွေးနွေးချက်ကဏ္ဍအတွက် Discussion ဒီနေရာမှာ 

    ရှိပါသည်။ မိမိဆွေးနွေးလိုသော အကြောင်းအရာခေါင်းစဉ်အောက်မှာ ဝင်ရောက်ဆွေးနွေးနိုင်ပါသည်။

 

 

၈။ စည်းကမ်းနှင့်မညီညွတ်သော Blog Post များ Discussion များနှင့် ကဗျာများ ကို ဖျက်သိမ်းသွားပါမည်။

 

 

 

၉။ မိမိတင်လိုက်သော Blog Post သည် မိမိမှာတာဝန်ရှိသည်။ Blog Post ပေးကြသော Comments များတွင်

     ရိုင်းစိုင်းသောအသုံးအနှုန်း အပြောအဆိုများ ရှိခဲ့ပါက ဆိုက်ဒ်တာဝန်ရှိသော Admin များသို့ အကြောင်းကြားနိုင်

     ပါသည်။

 

 

၁၀။ တစ်ကြောင်းတည်းသာ ရေးသားထားသော Blog Post များတင်ခွင့်မပြုပါ။

 

 

 

စည်းကမ်းများနှင့် မညီညွတ်သော Blog Post များကိုတင်ခွင့်ပြုမည် မဟုတ်ပါကြောင်း

 

ကြိုတင်အသိပေး ကြေညာအပ်ပါသည်။

 

 

အထူးသတိထားရမည့် အချက်

မိမိ Blog Post တင်ပါက ...Post တင်တင်ခြင်း ချက်ချင်းမရရှိနိုင်သေးပါ။

တာဝန်ရှိသူ MMC Admin များ မှ မန်ဘာများတင်သည့် ဘလော့များ အား ပြန်လည်

လက်ခံပေးရသောကြောင့် ဖြစ်သည်။


ဗဟုသုတ ရစေနိုင်မယ့်စာတွေ နှင့် ရယ်မောပျော်ရွင်ဖွယ် စာစုကောင်းများ၊

ရင်တွင်းခံစားချက် ကောင်းကောင်းလေးတွေ ကို

ရေးသားနိုင်ကြပါစေ


MMC  Family Admin Group

မြန်မာချစ်သူမိသားစု

ကြည့်သူဦးရေ: 3518

Reply to This

Replies to This Discussion

ဟုတ်တယ်
ကျွန်တော် ဘလော့တော့တင်တယ်
ကဗျာကိုတင်ဖို့ မလွယ်ဘူး
ခုမှသိတယ်
ကျေးဇူး
ကျေးဇူး
ကျေးဇူးတင်ပါတယ်။
ဟုတ် တင်တော့တင်တယ် ဒါပေမယ့် တစ်နေ့ ဘလော့ပို့ စ်3ခုတော့မတင်ဖြစ်ဖူး ဟီးဟီး
ဘလော့တင်တဲံ့လူတွေကြည့်တင်ကြဗျာ.....တစ်နေ့တစ်နေ့ဖျက်လိုက်ရတဲ့ဘလော့တွေ...လက်တွေတောင်ညောင်းတယ်....

http://loverworld-myanmar.ning.com/profiles/profile/emailSettings

ဒီ Link လေးကို သွားလိုက်ပါ အကို ...

ပြီးရင် ... ပံပြါအတိုင်းလုပ်လိုက်ပါ

အမြန်လုပ်ထားတာကြောင့် .... .... ... မသေသပ်တာရှိရင် ခွင့်လွတ်ပါ.

ရေအောက်မင်းသား(Admin)

ကျွန်တော်ကချစ်သူပျောက်နေလို့ ရှာပေးကြပါ။သူကိုတွေ့ ရင်ပြောပေးကြပါ
ဘာပြောပေးရမလဲ မိန်းမယူသွားပြီလို့လား

ယူရဲ့ချစ်သူက ကျွန်တော်အထင်တော့ မိန်းခလေးထင်တယ်နော်

 

 

 

အခြောက်ကြီးလား

 

သေသွားပြီလေကွာ                မနေ့ တစ်နေ့  သေသွားတာ           မယုံရင်လာကြည့်  အရိုးပြာတောင့်ဆေးရုံးမှာ သိမ်ထားတယ်

 

အင်း အင်း

RSS

About

© 2013   ရဲဂျာမှ မြန်မာချစ်သူမိသားစုကို တည်ထောင်ခဲ့ပါသည်   Powered by

Badges  |  Report an Issue  |  Terms of Service

Offline

Live Video