မြန်မာချစ်သူမိသားစု
မျှော်တော်ယောင် ရင်ခုန်သံတွေ ခပ်ပါးပါးလိပ်ရင်း
ရောက်လာမှာပါ အတွေးတွနဲ့ ဖြေဆည်ရင်း၊
မျှော်လင့် စောင့်စားခြင်း ရသတွေ
အဲ့ဒီညနေမှာ တည့်တည့်ကြီးတိုး
နင်တစ်ကယ်ဆိုးတယ် … ချစ်သူရယ်။
မောဟိုက်ဟိုက် သက်ပြင်းတွေ မျိုသိပ်ရင်း
ချစ်ခြင်းဖွဲ့ ခါးသီးမှုလေပြေကို နမ်းရှိုက်ရင်း
အကြိမ်ကြိမ်ကြည့်မိတဲ့ လာရာလမ်း
နင်အရမ်း နှိပ်စက်တယ် … ချစ်သူရယ်။
ဆုံဆည်းခြင်းရေစက်တွေကို တစ်စက်ခြင်းထွေးပွေ့ရင်း
အတိတ်တစ်ချိန်က ရင်ခုန်သံ စည်းချက်ကို တမ်းတရင်း
ရင်ခုန်ဘက်တမ်းချင်း တေးသွားကို ဆိုငြီးရင်း
ပေါ်မလာသေးတဲ့ အချစ်တွေကို တစ်ခုချင်း ရေတွက်
သြော်... ဒီတစ်သက် ၁၅၀၀မှ ပြည့်မှီပါ့မလား ချစ်သူရယ်...။
ရင်ခုန်သံ ပွင့်ဖတ်ပွင့်ချပ်တိုင်းမှာ
မေတ္တာတွေ ဖက်စွတ်မိုးစွေတယ်
ရင်မောရတဲ့ စိတ်ဒုက္ခတိုင်းမှာ
နင့်ကြောင့်လို့ အပြစ်မပြောတောင်
နင့်ကြောင့်ဆို မမှားဘူး၊
ထုတ်ချင်းပေါက် အခြေနေတိုင်းကို
ကံရာဇာက ထုဆစ်တယ်ဆိုရင်
ကံကြမ္မာရယ်…ငါ့ဘက်ကို အလေးသာပေးပါလား။
ဖူးစာရေးနတ် ထိပ်မှာကပ်လည်း
ချစ်သူရယ် နင်တန်ဖိုးထားမှဖြစ်မယ့် ဇာတ်သိမ်းပါ
အခါခါ စောင့်စားရတာ အကျင့်ပါနေလို့
လျှပ်တစ်ပြက် တွေ့မှာစိုးမိတယ်
တကယ်တော့ ငါ မျှော်...လင့်..စောင့်...စား နေတာ
နင့်ကို အ..ရမ်း..ချစ်လို့ပါ။
အမျိုးအစား
Permalink Reply by Daw blossom thaung on June 10, 2012 at 9:57pm
Permalink Reply by kyawyannaing on June 16, 2012 at 3:39pm အစ်မ လား ညီမလားတော့မသိဘူး .....အချစ်ကိုတော်တော်ခံစားတတ်တယ်နော်။
ကျွန်တော်ကတော့အချစ်ကိုအဲ့လောက်မခံစားဘူး။ အရမ်းခံစားတော့အရမ်းစိတ်ပင်ပန်းတာပေါ့။ကျွန်တော်ကအချစ်ကိုအဲ့လောက်မခံစားသင့်ဘူးလို့တော့ပြောချင်တယ်။
မှားတာရှိရင် sorry! နော်.......။plz.........





Permalink Reply by ငြိမ်းဇော်လင်း on June 19, 2012 at 5:11pm :
© 2013 ရဲဂျာမှ မြန်မာချစ်သူမိသားစုကို တည်ထောင်ခဲ့ပါသည်
Powered by