မြန်မာချစ်သူမိသားစု
အပျော်တမ်းကစားပွဲတစ်ခုကို စမ်းသပ်ခဲ့ကြတာလားး ???
နောက်ဆုံးဇာတ်သိမ်းမှာ ပိုင်ဆိုင်ခဲ့တဲ့
အနိုင်ရမှုဟာ ကြည်နူးချမ်းမြေ့မှုတွေကို ယူဆာင်လာခဲ့တာလားး ???
ဘာမဆိုင်..ညာမဆိုင် တိမ်တွေငိုတော့
ကံဆိုးသူသွားရာ မိုးလိုက်ရွာတယ် ဖြစ်ပြန်ရောပါလားး။။။။။။။။။။
လမ်းခွဲခဲ့တဲ့ချစ်သူတွေဟာ
အမှားကို နောင်တနဲ့အတူ ထမ်းပိုးရင်းး
တချိန်မှာ ရင်ခွင်ဟောင်းကိုပြန်လာမလားလို့ မျှော်လင့်နေမိကြလားး ???
ပြိုင်တူဖြစ်တည်ခဲ့တဲ့ မာနကြောင့်
ရခဲ့တဲ့ ဒဏ်ရာကို ကုစားပေမယ့် နားလည်မှု...
နင်အခု ဘယ်နားသွားပုန်းနေလဲ ???
နောက်ဆုံးအဖြေကတော့...
အချစ်ဆိုတဲ့အဓိပ္ပါယ်က..
မှားနေတဲ့လမ်းကို ရဲဝံ့စွာလျှောက်ပြီးး
ပြန်လှည့်ဖို့လဲ ၀န်မလေးတတ်တာ အချစ်ပါလို့
နင်သင်ပေးလို့ ငါတတ်ခဲ့ပါပြီ ။။။။။။။။။။။။။။။။။။။။။။။။။
နှလုံးသားတစ်စုံစီက ရင်ခွင်ထဲမှာအတူတူရှိနေလို့
ဘယ်သူပိုနာကျင်နေမလဲဆိုတာ တိုင်းတာမနေတော့ပါဘူး...
နင့်ဆန္ဒနဲ့ငါ့ဘ၀ကြားမှာ မသေချာမှုတွေ
ကပ်ငြိပါလာခဲ့ပြီဆိုမှတော့..
ခုချိန်မှာ အချစ်ဆိုတာ အချစ်ပါလို့
ငါဒူးထောက်ပြီး ဦးခိုက်မနေချင်တော့ဘူး...
ကိုယ့်လမ်း ကိုဖောက်ပြီးးးး
ကိုယ့်လမ်း ကိုလျှောက်ကြဖို့
နောက်ကောက်မကျကြေးး မာနတွေနဲ့
နင်နဲ့ငါ သေသေချာချာလမ်းခွဲခဲ့ပြီ...။။။။။။။။။။။။။။။။။။။
(April 14th)
Tags: ကဗျာ
Permalink Reply by joker^soe^gyi on May 10, 2012 at 9:26am အရမ်း ကောင်းပါတယ် မမ.......အားပေးသွားပါတယ်...
Permalink Reply by +++m0E hTet @hK@r on May 10, 2012 at 9:56am ကောင်းတယ်
Permalink Reply by ရဲလင်းထွဋ် on May 10, 2012 at 2:10pm
Permalink Reply byိDမောင် on May 10, 2012 at 6:41pm နှလုံးသားတစ်စုံစီက ရင်ခွင်ထဲမှာအတူတူရှိနေလို့
ဘယ်သူပိုနာကျင်နေမလဲဆိုတာ တိုင်းတာမနေတော့ပါဘူး...
နင့်ဆန္ဒနဲ့ငါ့ဘ၀ကြားမှာ မသေချာမှုတွေ
ကပ်ငြိပါလာခဲ့ပြီဆိုမှတော့..
ခုချိန်မှာ အချစ်ဆိုတာ အချစ်ပါလို့
ငါဒူးထောက်ပြီး ဦးခိုက်မနေချင်တော့ဘူး...
ကိုယ့်လမ်း ကိုဖောက်ပြီးးးး
ကိုယ့်လမ်း ကိုလျှောက်ကြဖို့
နောက်ကောက်မကျကြေးး မာနတွေနဲ့
နင်နဲ့ငါ သေသေချာချာလမ်းခွဲခဲ့ပြီ...။။။။။။။။။။။။။။။။။။။
ခံစားသွားပါတယ်....
© 2013 ရဲဂျာမှ မြန်မာချစ်သူမိသားစုကို တည်ထောင်ခဲ့ပါသည်
Powered by