♥ မြန်မာချစ်သူမိသားစု ♥

မြန်မာချစ်သူမိသားစု

ချက်ရွန်းစည်းကမ်းချက်များကို ကျေးဇူးပြုပြီး လိုက်နာပေးပါရန်...။

 

မြန်မာချစ်သူမိသားစုဝင်သူငယ်ချင်းများ မင်္ဂလာပါခင်မျာ။

ခုရက်ပိုင်းအတွင် ချက်ရွန်းအတွင်းမှာ မကြာခဏ တစ်ဦးနဲ့တစ်ဦး

ခိုက်ရန်ဖြစ်ပွါးခြင်း ၊ဆဲဆိုမှုများကိုတွေ့ရှိရပါတယ်........

ထို့ကြောင့် ကျနော်တို့ မြန်မာချစ်သူမိသားစု အတ်မင်အဖွဲ့မှ

အောက်ပါ ချက်ရွန်းစည်းကမ်းများကို Chat Room အတွင်းဝင်ရောက်ပြောဆိုသော

အဖွဲ့ဝင်များအားလုံးသို့ လိုက်နာပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်..။

 

 

 

*

MMC  Chatroom ထဲတွင် တစ်ဦး နှင့် တစ်ဦး (သို့ ) MMC  Chatroom နှင့် တကွ

တာဝန်ရှိသူများ အပြင် DJSများအား ရန်လိုစောင်းမြောင်းပြောဆိုခြင်း...

ရိုင်းစိုင်းစွာ ပြောဆိုခြင်း... ဆဲဆိုခြင်းနှင့် စိတ်အနှောင့်အယှက်

 ဖြစ်စေခြင်းများ မပြုလုပ်ရန်။

 

 

 

*

ဘာသာရေး နှင့် ပတ်သတ်ပြီး၍ သော်လည်းကောင်း နိုင်ငံရေး နှင့်

ပတ်သက်သော စကားများကိုသော်လည်းကောင်း  မပြောဆိုရန်။

 

 

 

*

မိမိတို့ ၏ Nick Name များ ကိုလဲ ရှည်လျားထွေပြားစွာ ထားခြင်း နှင့်

လူအမြင်မတော်သော နာမည်များမသုံးရန်။

 

*

 အဓိပ္ပာယ်မရှိသော စကားလုံးများနှင့် အကြောင်းမဲ့ Smileys ပုံများကို

အသုံးပြုခြင်း မပြုလုပ်ပါရန်။

 

 

 

*

  ညစ်ညမ်းသော အကြောင်းအရာ များပြောဆိုခြင်း မပြုလုပ်ရန်နှင့်

ညစ်ညမ်း သောပုံများ weblink များအား  

Chatroom ထဲတွင် ပြသ ပြောဆိုခြင်း ၊ ဆွေးနွေးခြင်းများ မပြုလုပ်ပါရန်

အထူး မေတ္တာရပ်ခံပါသည်။

 

 

 

*

တစ်ဖက်သားအားနစ်နာစေသော၊အရှက်ရစေသော၊ ကိုယ်ရေးကိုယ်တာ နှင့်

သက်ဆိုင်သော ဝေဖန်တိုက်ခိုက်ပြောဆိုခြင်းများ လုံးဝ မပြုလုပ်ရန်။

 

 

 

*

မလိုအပ်ပဲ စာတစ်ကြောင်း အား အကြိမ်ကြိမ် Repeat လုပ်ခြင်း

Floating များ အား ရှောင်ကျဉ်ရန်။

 

 

 

*

 အထက်ပါစည်းမျဉ်း စည်းကမ်းများ အား မလိုက်နာပါက MMC Chatroom မှ

တာဝန်ရှိသူများ က ပထမဦးစွာ သတိပေးတားမြစ်မည် ဖြစ်သည် ။

ဒုတိယ အနေဖြင့် Chatroom မှ စကားပြောဆိုခွင့်ခေတ္တ ပိတ်ပင်မည်။

(၁၅မိနစ် ၊ ၃၀မိနစ်… … ၁ ရက်တိတိ အစရှိသလို အရေးယူသွားမည်ဖြစ်ပါသည်၊)

 နောက်ဆုံးအနေဖြင့် ဆိုဒ်မှ ထုတ်ပယ်သည်အထိအရေးယူသွားမည်ဖြစ်ပါသည်။

 

 

 

*

 အထက်ပါ စည်းမျဉ်း ၊ စည်းကမ်းများကို MMC Chatroom ၏ တာဝန်ရှိသူ များမှ

အချိန်မရွေး ပြုပြင်ပြောင်းလဲနိုင်သည်။

 

 

 

 

 

 

 

မြန်မာချစ်သူဆိုက်ဒ်သည် မြန်မာပြည်သူပြည်သားများ နှင့် အဝေးရောက် မြန်မာများအတွက်

အပန်းဖြေရာ နေရာတစ်ခုဖြစ်သည်။

ထိုကြောင့် မိမိ၏လုပ်ရပ်အတွက် သူတစ်ပါးအား မထိခိုက် ၊ မနှစ်နာပါစေနှင့်။

ဆိုက်ဒ်၏ ဂုဏ်သိက္ခာ ၊ မိမိ၏ ကိုယ်ကျင့်တရားများ ကို နိုင်ငံကြီးသား ပီသစွာခံယူလျှက်

နည်းပညာများ၊ အသိပညာများ အား မောင်နှမစိတ်ဓါတ်ဖြင့်

ဆွေးနွေးဖလှယ်ကြရန် လေးစားစွာအသိပေးအပ်ပါသည်။  

 

 

 

 

 

လေးစားစွာဖြင့်

ရဲဂျာ

မြန်မာချစ်သူမိသားစု

(Creator)

www.mmcfamily.org

 

ကြည့်သူဦးရေ: 1931

Reply to This

Replies to This Discussion

That's Right......~~~~~~~ Recommend~~~~~~~~ 

ချက်တင်မထိုင်ဖြစ်ပါဘူး...

ထိုင်ဖြစ်ရင်လဲ စည်းကမ်းလိုက်နာမှာပါ...

good

လိုက်နာပါ့မယ်...................

လိုက်နာပါ့မယ်ဗျာ

good

ကဗျာတွေကိုချစ်ပါတယ် ဒါပေမဲံမေ၇းတတ်ဘူး

ကျနော် ကြိုးစားပြီးတော့ လိုက်နာပါ့မယ်

...........ချာတိတ် ဖတ်သွားပါတယ် .....ချာတိတ် မလုပ်ဘူးနော် .....လုပ်ရင် သတိပေး .......

ကောင်းပါတယ်  စည်းကမ်း  ဆိုတာ  နေရာတိုင်းမှာရှိသင့်ပါတယ်

RSS

About

© 2013   ရဲဂျာမှ မြန်မာချစ်သူမိသားစုကို တည်ထောင်ခဲ့ပါသည်   Powered by

Badges  |  Report an Issue  |  Terms of Service

Offline

Live Video