မြန်မာချစ်သူမိသားစု
ဒီနေ့ခေတ် အလှအပရေးရာ ကဏ္ဍမှာ ပလပ်စတစ် ဆာဂျယ်ရီက တော်တော် အရေးပါလာပါတယ်။
အကျိုးကျေးဇူး များသလို အန္တရယ် နဲ့ ငွေကုန်ကြေးကျလည်း များလွန်းလှတာကြောင့် သေချာဆုံးဖြတ်ပြီးမှ ရွေချယ်
သင့်တဲ့ နည်းလမ်းပါ။
အခုတစ်လော မကြာခဏဆိုသလို ဆာဂျယ်ရီ ကြောင့် ဖြစ်လာတဲ့ အန္တရယ်တွေ သတင်းတွေ ဖတ်နေရပြန်တယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရုရှမော်ဒယ်က လေယဉ်စီးရင်း လေယဉ်ခါတာကြောင့် ခွဲစိတ်ပြုပြင်ထားတဲ့ရင်သား ကွဲထွက်
သွားလို့ လေကြောင်း ကုမ္ပဏီကို တရားဆွဲတယ်ဆိုပဲ။ ဒါပေမယ့်လည်းလေ Smile တို့မိန်းကလေး အများစု ဆိုတာ
လှဖို့ပဖို့ဆိုရင် အန္တရယ်ဘယ်လောက်များများ တတ်နိုင်သလောက်ထဲက ဘယ်လောက်ကုန်ကုန် လက်မတွန့်တတ်တဲ့
သူမျိုးတွေမဟုတ်လား။ ဒါကြောင့် ကမ္ဘာတစ်လွှား ပလပ်စတစ် ဆာဂျယ်ရီ ပြုလုပ်ကြတဲ့ အရေအတွက်က တစ်နေ့
တစ်ခြား များပြားလာပါတယ်။ ဒါပေမယ့် ပလပ်စတစ် ဆာဂျယ်ရီရဲ့ အကျိုးအပြစ်ကိုလည်း ထည့်စဉ်းစားရပါမယ်။
မိန်းကလေးတိုင်း မိတ်ကပ်ကို မှန်မှန်ကန်ကန် အသုံးချတတ်မယ်ဆိုရင်တော့ ပလပ်စတစ် ဆာဂျယ်ရီရဲ့ အန္တရယ်တွေ
ကို ရှောင်လွဲနိုင်ပြီး အလှအပရေးရာအတွက် အကျိုးသက်ရောက်မှုလည်း ကြီးကြီးမားမားကို ရနိုင်မှာပါ။
အခုတစ်ပါတ်တော့ odditycentral ဝဘ်ဆိုက်မှာ တွေ့ရတဲ့ အလှအပရေးရာ အတွက် ပလပ်စတစ်
ဆာဂျယ်ရီလို Risk မများဘဲ ငွေကုန်ကြေးကျ လည်းပိုသက်သာတဲ့ မိတ်ကပ်ကိုအသုံးပြုပြီး မျက်နှာသွင်ပြင်
တစ်ခုလုံး ပြောင်းလဲသွားတဲ့ ပုံစံအဆင့်ဆင့်ကို ဖော်ပြချင်ပါတယ်။
ကဲ မိတ်ကပ် အစွမ်းကို တစ်ပုံခြင်းစီ ဖြည်းဖြည်းခြင်း ကြည့်ရအောင်နော်။

၁။ ပင်ကိုမျက်နှာ မိတ်ကပ် မလိမ်းချယ်မီကပါ။ မျက်နှာမှာ
ဝက်ခြံအချို့နဲ့ အစက်အပြောက်တွေရှိပါတယ်။

၂။ ဖောင်ဒေးရှင်း မိတ်ကပ်စသုံးပါမယ်။

၃။ ဖောင်ဒေးရှင်း အပြီးမှာ အသားအရည် ချောမွတ်စေဖို့ နို့ရည်ဖြည့်ပါမယ်။

၎။ ပန်းရောင်သန်းတဲ့ မျက်နှာလေးရဖို့ အရောင်ပါတဲ့ မိတ်ကပ်ရည်ဖြည့်ပါမယ်။


၅။ မိတ်ကပ်ပေါ်မှာ မျက်နှာမှုံမှုံလေး ဖြစ်ဖို့ အပြီးသတ် ပေါင်ဒါ ပါးပါးလေး တင်ပါမယ်။


၆။ ပြီးရင် ပါးနီး ပါးပါးလေးတင်ပြီး ချစ်စရာပါးပြင်လေး ဖန်တီးပါမယ်။



၇။ မျက်နှာပြင်အတွက် အားလုံးပြီးသွားတဲ့အခါ မျက်လုံးတစ်ဝိုက်အတွက်
လိုအပ်တဲ့ ရှဲဒိုး အရောင်လေးတွေ ဖြည့်ပါမယ်။

၈။ မျက်ရစ်ဖော်တဲ့ ကိရိယာလေးသုံးပြီး မျက်ရစ်ဖော်ရင်း
လှပတဲ့ မျက်ဝန်းတစ်စုံ ဖန်တီးပါတယ်။

၉။ မျက်လုံးတစ်ဝိုက်က ရှဲဒိုးအရောင်နဲ့ မျက်နှာပြင်ပေါ်ကအရာင်
ပြေပြေလေး ရောသွားအောင် Brush လေးနဲ့ ဖြည်းဖြည်းလေး အရောင်ဖြေပေးပါမယ်။

၁၀။ မျက်တောင်လေးတွေ ကော့စေဖို့ မက်စ်ကာရာ တင်ပါမယ်။
ကိုယ်က ခဏခဏ ဝမ်းနည်းပြီး ငိုတတ်ရင်တော့ Water Proof ကို သုံးဖို့ မမေ့နဲ့နော်။
တစ်ကယ်လို့ ကိုယ်က မျက်ခုံးပါးမယ်ဆိုရင် မျက်ခုံးပြေပြေလေး ဆွဲနိုင်ပါသေးတယ်။

၁၁။ ပြီးရင်တော့ နှုတ်ခမ်းကို သဘာဝဆန်တဲ့ ပန်းရောင်ပြေပြေလေး တင်လိုက်ရင်
ချစ်စရာကောင်းတဲ့ နှုတ်ခမ်းလေးတစ်စုံ ပိုင်ဆိုင်ပြီပေါ့။
ချစ်စရာ ပုံစံမျိုးအတွက် အရောင် ပြေပြေလေးတွေက ပိုအဆင်ပြေပြီး
အရောင်ရင့်တွေက အသားညိုတဲ့လူတွေ ဒ
ါမှမဟုတ် Sexy ဆန်ဆန် ပြင်ချင်တဲ့ပုံစံမျိုးမှာ သုံးသင့်ပါတယ်။


ကဲ.. မျက်နှာလေး ဘယ်လောက် ပြောင်းလဲသွားတယ်ဆိုတာ တွေ့ပြီနော်။
ပထမဆုံးပုံနဲ့ ယှဉ်လိုက်ရင် ပလပ်စတစ် ဆာဂျယ်ရီ လုပ်ထား သလိုတောင် ထင်ရနိုင်ပါတယ်။
ကျော်ကြားသူတွေ မင်းသမီးတွေဟာ ကြော်ငြာတွေ မဂ္ဂဇင်းတွေထဲမှာ မွတ်နေအောင် ချောပေမယ့်
မိတ်ကပ်ရယ် မီးအလင်းအမှောင်ရယ် Photoshop ရယ် မရှိရင် တော်တော်များများက သာမန်ရုပ်ရည် တွေပါပဲ။
မိတ်ကပ်ကို မှန်မှန်ကန်ကန် အသုံးချတတ်မယ်ဆိုရင် မိန်းကလေးတို့ရဲ့ အလှအပရေးရာမှာ အတော်လေး
အကျိုးသက်ရောက်မှု ရှိပါတယ်။ ဒါပေမယ့် မိတ်ကပ်ကို မသုံးတတ်တဲ့ ညီမလေးတွေလည်း
စိတ်ညစ်စရာ မလိုပါဘူး။ မြန်မာဆန်ဆန် သနပ်ခါးလေးကိုမှ ချစ်ပါတယ်ဆိုတဲ့ ကောင်လေးတွေ
အများကြီးပါနော်။ ဒီတစ်ပါတ်တော့ ဒီလောက်နဲ့ပဲ နားလိုက်ရအောင်။ မြို့တော်ပုသိမ် ပရိသတ်ကြီး
စတိုင်ကျလှပနိုင်ကြပါစေ။
Smile | PatheinCity News | ဖက်ရှင်စတိုင်
အမျိုးအစား
Permalink Reply by barlaeha06 on June 15, 2012 at 7:06pm လူသားတွေလှပဖို့အတွက်ရှာဖွေပေးတာကျေးဇူးပဲ
Permalink Reply by The' Chit Su Hlaing on June 19, 2012 at 10:29pm
thz
Permalink Reply by snowprincess on June 27, 2012 at 10:05am ကျေးကျေးနော်..........ဒါပေမဲ.မိပ်ကပ်လူးတက်ဘူး
Permalink Reply by maymyanmar on June 29, 2012 at 2:41am မိတ်ကပ်မလိမ်းတဲ့ ကိုယ်တောင် တော်တော်လေးစိတ်ဝင်စားမိပါတယ်။ လိမ်းသူတွေအတွက်တော့ Excellent ပေါ့။
© 2013 ရဲဂျာမှ မြန်မာချစ်သူမိသားစုကို တည်ထောင်ခဲ့ပါသည်
Powered by